Betta Nation
13/01/2022
Keeper တွေ ခေါင်းခဲရတဲ့ Betta နဲ့ ဝမ်းပြဿနာ
'' ကျနော့ Betta လေး p**p အဖြူတွေဖြစ်နေလို့ ဘာဖြစ်တာလဲ မသိဘူး '' ဆိုတဲ့ မေးခွန်းမျိုးကို ဒီရက်ပိုင်း page ရဲ့ Message Box မှာ တော်တော်များများ အမေးစိပ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ '' Betta နဲ့ ဝမ်းပြဿနာ'' လို့ ခေါင်းစဉ်တပ်ပြီး ဒီနေ့ Article မှာ ဝမ်းနဲ့ ပတ်သက်သမျှ သိကောင်းစရာတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
'' ဝမ်းတလုံးကောင်း ခေါင်းမခဲဘူး '' ဆိုတဲ့စကားက ကျနော်တို့ လူတွေအတွက်တင်မဟုတ်ပါဘူး။ ငါးတွေအတွက်လည်း အရေးပါလှပါတယ်။ လူအပါအဝင် ငါး၊ ခွေး၊ ကြောင်၊ နွား ၊ အစရှိတဲ့ သတ္တဝါတွေဟာ အဆင့်မြင့် သတ္တဝါတွေဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အဆင့်မြင့်သတ္တဝါတွေဟာ Multicellular ဖြစ်ပြီး Cell တွေပေါင်းစပ်ခြင်းအားဖြင့် Special function တွေကို လုပ်ဆောင်နိုင်တဲ့ Tissue ၊ Tissue တွေပေါင်းစပ်ခြင်းအားဖြင့် နှလုံး၊ ကျောက်ကပ် အစရှိတဲ့ organ, အဂင်္ါ တွေ ဖြစ်လာပြီး ထိုမှတစ်ဖန် organ တွေစုပေါင်းကာ Respiratory System (အသက်ရှူစနစ်) ၊ Digestive System ( အစာခြေစနစ်) ၊ Reproductive System ( မျိုးပွားစနစ်) ၊ Excretory System ( အညစ်အကြေးစွန့်စနစ်) အစရှိတဲ့ System တွေဖြစ်လာပြီး အသက်ရှင်ရပ်တည်ဖို့လိုအပ်တဲ့ အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကို ခွဲဝေတာဝန်ယူထားကြတာဖြစ်ပါတယ်။
တိုင်းရင်းသမားတော်တွေနဲ့ ဆရာဝန်တွေဟာ လူနာရဲ့ အပြင်ပန်းအခြေအနေကို စစ်ဆေးရုံတင်မကဘဲ ဆီး၊ ဝမ်း၊ ဝမ်းရဲ့အရောင် စတာတွေကို စစ်ဆေးပြီး ဒီလူနာဟာ နှလုံးမကောင်းတာလား၊ ကေျာက်ကပ်မှာ ပြဿနာဖြစ်နေတာလား ဆိုတာမျိုးတွေကို တန်းသိနိုင်ကြပါတယ်။ ဒီတော့ ဝမ်းက အရေးကြီးတယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်တော့ပါဘူး။
ကိုယ်မွေးထားတဲ့ ငါးလေးတွေ '' အင်အင်းပါတာကို ထိုင်ကြည့်ဖူးလား'' လို့ မေးရင် နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေမလားပဲ။ ဒါပေမယ့်လည်း တခါတလေမှာ ကျနော်တို့ဟာ သေချာ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်လှပါတယ်။
အညစ်အကြေးစွန့်တဲ့အခါ ဘာအရောင်ရှိလဲ?
ကျန်းမာသန်စွမ်းတဲ့ ငါးတစ်ကောင်ရဲ့ ဝမ်းဟာ ဘယ်လိုပုံစံရှိသလဲ?
စသဖြင့် ကိုယ့်ငါးရဲ့ အခြေအနေကို သူစွန့်ထားတဲ့ အညစ်အကြေး ကြည့်ရုံနဲ့ စစ်ဆေးနို်င်မယ်ဆိုရင် အသေအပျောက်နည်းပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ အသေအချာပါပဲ။
ငါးတွေဘယ်လို အညစ်အကြေးစွန့်ကြသလဲ?
ငါးတွေဟာ A**l fin အနားက အပေါက်ငယ် Urogenital Opening (ဆီးလိင်ပြွန်) ကနေ အညစ်အကြေးစွန့်ကြပါတယ်။ ငါးတွေဟာ ကူးခတ်နေစဉ်၊ Flare နေစဉ်တွေမှာ အညစ်အကြေးစွန့်တတ်ကြပါတယ်။ ထူးခြားချက်တစ်ခုကတော့ Betta အများစုဟာ Private place လေးတွေရှာပြီး အဲ့နေရာမှာ ကိစ္စရှင်းတတ်ကြပါတယ်။
အရွယ်အားဖြင့် ၂ လက်မသာသာ လောက်ရှိတဲ့ ငါးတစ်ကောင်ရဲ့ အစာအိမ်ဟာ အင်မတန်သေးငယ်လှပါတယ်။ ဒါ့ကြောင့် ဒီလိုအစာအိမ်ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးဟာ ပိုပြီး သေးငယ်သွားပါတယ်။ အစာပုံမှန်ကျွေးနေတဲ့ ငါးတစ်ကောင်ဟာ အညစ်အကြေးလည်း ပုံမှန်စွန့်နေမှာဖြစ်ပါတယ်။ ငါးဟာ ပုံမှန်ဝမ်းသွားနေမယ်၊ အညစ်အကြေးကလည်း ပုံမှန်ပဲဆိုရင်တော့ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ကိစ္စတွေရှိလာမှာမဟုတ်ပါဘူး။
ဒီနေရာမှာ အီးဋီကာလေး နည်းနည်းလောက်တော့ ဖွင့်ပါရစေ။ လေကြောရှည်တယ်တော့ မထင်လိုက်ပါနဲ့။ ပိုပြီး ပြည့်စုံသွားအောင်ပါ။
ဆိုတော့ Betta Fish ရဲ့ အညစ်အကြေးဟာ
- လုံးဝန်းရှည်မျောတဲ့ ပုံစံရှိပါတယ်
- အရောင်အားဖြင့် အညိုရောင် သို့ အညိုဖျော့ရောင်ရှိတတ်ပါတယ်
- ဒီနေရာမှာ အရောင်ဆိုးဆေးပါတဲ့ အစာတွေကျွေးတယ်ဆိုရင် အနီရောင် အနည်းငယ်ရောယှက်နေတတ်ပါတယ်
အနီရောင်ပါလို့ လူတွေမှာလို ဝမ်းကိုက်တာမျိုးတော့ မဟုတ်ပါဘူး။
String p**p သို့မဟုတ် ငါးမှာ တန်းလန်း၊ တွဲလောင်းကျနေတယ်၊ ဒါမှမဟုတ် ငါးရဲ့ အညစ်အကြေးဟာ အဝါ သို့ အဖြူရောင်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ နာမကျန်းဖြစ်နေပြီဆိုတာကို ပြသတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။
ငါးတွင်ဖြစ်သော ဝမ်းချုပ်ခြင်း
အကယ်၍ ငါးရဲ့ အညစ်အကြေးဟာ ခန္ဓာကိုယ်ကေန တန်းလန်းဖြစ်နေပြီဆိုရင်တော့ ငါးကို အနီးကပ် ကြည့်ရှုစစ်ဆေးဖို့ လိုအပ်လာပါပြီ။ လေအိတ်ပြဿနာ သို့မဟုတ် ဝမ်းချုပ်နေတဲ့ ငါးတစ်ကောင်ဟာ ရေပေါ်မှာ ပေါလောပေါ်နေနို်င်သလို၊ တခါတရံ ကန်ရဲ့အောက်ခြေမှာ ငြိမ်သက်ပြီး တက်ကြွမှုမရှိဘဲ ထိုင်းမှိုင်းနေတတ်ပါတယ်။
ငါးတစ်ကောင် ရေပေါ်မှာ ပေါလော ပေါ်နေတယ်ဆိုတာ အဖြစ်များတဲ့ သာမန်ပြဿနာတစ်ခုပါပဲ။ ကံကောင်းထောက်မစွာနဲ့ ဒီပြဿနာဟာ ေဖြရှင်းရလွယ်သလို၊ ကုသဖို့လည်း လွယ်ကူလှပါတယ်။ လေအိတ်ပြဿနာကို ကြိုတင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ အစာကို အလွန်အမင်း မကျွေးမိစေဖို့ပါပဲ။ '' ငါးတွေ မှာကျွေးတာနည်းလို့ သေတဲ့ငါးမရှိပါဘူး။ အစာများလို့သေတဲ့ ငါးပဲရှိပါတယ်'' (ဤကား စကားချပ်)
ဒီနေရာမှာ Betta တွေဟာ အစာမစားဘဲ ၁၀ရက်ကနေ ၁၄ ရက်အထိ နေနိုင်စွမ်းရှိကြပါတယ်။ သင့်တင့်ရုံပမာဏကို တစ်နေ့တစ်ကြိမ် သို့ နှစ်ကြိမ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ တချို့တွေကတော့ အူလမ်းကြောင်းရှင်းစေရန် အလို့ငှာ တစ်လမှာ ၂ ရက်တန်သည် ၊၃ ရက်တန်သည် အစာဖြတ်ထားလေ့ရှိကြပါတယ်။
အမျှင်ဓာတ်များတဲ့ Daphnia ၊ ရွှေပဲသီး လို ပဲစေ့တွေကို ကျွေးပေးခြင်းအားဖြင့် ငါးရဲ့ အူလမ်းကြောင်းကို ရှင်းစေနိုင်ပါတယ်။ ဒါ့အပြင် ရေအပူချိန်ကိုလည်း ၇၄ ဒီဂရီဖာရင်ဟိုက်ကနေ ၈၂ ဒီဂရီဖာရင်ဟိုက်ကြား ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ရေအပူချိန်နည်းတဲ့အခါ ငါးရဲ့ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးသွားစေနိုင်လို့ဖြစ်ပါတယ်။
ကပ်ပါးပြဿနာ
အကယ်၍ ငါးရဲ့ အညစ်အကြေးဟာ အဖြူရောင် သို့ အရမ်းဖျော့တဲ့အရောင် ဖြစ်နေခြင်းဟာ ကပ်ပါးတွယ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝမ်းဖြူတိုင်း ကပ်ပါးတွယ်တာ ဖြစ်နိုင်ဖို့က Chance အရမ်းနည်းပါတယ်။ ( အပင်အသစ်တွေ ဆိုင်ကဝယ်လာပြီး ကန်ထဲကို ချက်ချင်းထည့်လိုက်တာမျိုး မလုပ်ဘူးဆိုရင်ပေါ့)
** Live plant တွေမှာ ကပ်ပါးတွေ ပါလာတတ်တာ သတိပြုပါ **
ကပ်ပါးတွယ်ပြီ ဆိုရင်တော့ ကပ်ပါးသတ်ဆေး ခပ်ရပါတော့မယ်။
များသောအားဖြင့် အစာမဝင်တဲ့အခါမှာလည်း ဝမ်းအဖြူတွေသွားတတ်ပါတယ်။ Betta တစ်ကောင် အစာမစားရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။
- Stress
- အခြား ရန်လိုသော ငါးများနှင့်တွဲထားခြင်း
- ပုန်းခိုစရာ နေရာများမရှိခြင်း
- ကန် ကျဉ်းခြင်း
- ရေအရည်အသွေး ညံ့ဖျင်းခြင်း
စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် Internal parasite တွေကြောင့်မဟုတ်ဘဲ
- External Bacteria
- Fungal Infection တွေကြောင့် နာမကျန်းဖြစ်တဲ့ အခါမှာလည်း အစာစားလေ့မရှိကြပါဘူး။
ဒီလိုတွေဖြစ်လာပြီဆိုရင် အရင်ဆုံး
- အရောင် အခြေအနေ
- အတောင် အခြေအနေ
- ရေကူးခတ်ပုံ
စတဲ့ အချက်တွေကို သတိထား စစ်ဆေးသင့်ပါတယ်။ အခြားလက္ခဏာတွေ တွေ့ခဲ့ရင်လည်း ရောဂါအခြေအနေတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသဖို့ လုပ်ဆောင်သင့်ပါတယ်။
နောက်တစ်ချက်ကတော့ ကန်ထဲက ငါးကို Stress ဝင်စေမယ့် အရာတွေအကုန်ဖယ်ရှားပါ။ အစာကျွေးတဲ့အခါ အစာဝင်လားဆိုတာ သေချာသိရအောင် ဂရုစိုက်ကျွေးပါ။ ဒီလိုလုပ်လို့မှ အစာမဝင်သေးဘူးဆိုရင် အစာပြောင်းကြည့်ပါ။ Brime Shrimp, Frozen dried food တွေ အခုဆို နေရာတော်တော်များများ ဝယ်လို့ရနေပါပြီ။
အဆုံးသတ်အနေနဲ့
- ငါးရဲ့ အညစ်အကြေးဟာ A**l fin နားမှာ ကပ်နေလား
- မျှင်မျှင်လေးတွေဖြစ်နေလား သတိပြုပါ။
- ဝမ်းဟာ အညိုရောင် ဖြစ်နေမှ ပုံမှန်ဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာလှပတဲ့ Betta လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
03/01/2022
Harmful Genes
ဒီ article ကတော့ အလှမွေးကို ဆိုင်ကဝယ်လာတယ်။ အိမ်ရောက်တော့ ကန်လေးထဲမှာ ထည့်ထားမယ်။ အစာကျွေးမယ် အလှကြည့်မယ်။ ပီးရင် ငါးလေးတွေ ထပ်ဖောက်မယ်။ ပေါက်လာတဲ့ Fry လေးတွေကို ပြုစုပျိုးထောင်မယ်။ ဒီလိုအဆင့်မှာ ရပ်မနေဘဲ Genetics control breeding လုပ်ပြီး၊ Genetics Designing - လက်ရှိထွက်ပေါ် ပြီးသား Design, color mixing တေွကေန ခွဲထွက်ပြီး မတူညီတဲ့ ပုံစံ အသစ်အဆန်းတွေ ( ဥပမာ - Avatar Betta လိုမျိုးေပါ့ ) ဖန်တီးလိုတဲ့ အနုပညာရှင်တွေအတွက် အဓိကမျှဝေပေးလိုပါတယ်။
ပထမဆုံး Breeder တော်တော်များများဟာ F3 ထက်ပိုပြီးတော့ F4,F5, etc အထိ ဆက်မသွားသင့်မှန်း တော်တော်များများ သိရှိကြပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် Inbreeding အရမ်းများတဲ့အခါ - *Harmful genes can arise from the mating between very close relatives due to high inbreeding* အင်မတန် သွေးနီးတဲ့ ဗီဇနှစ်ခု ရောယှက်တဲ့အခါ Harmuful genes တွေ ထွက်ပေါ်လာလေ့ရှိပြီး၊ ဒီလို ဗီဇတွေကို ဆက်ခံရတဲ့ သက်ရှိတွေဟာ ချွတ်ယွင်းချက်တွေ အမြောက်အများနဲ့ ထွက်ပေါ်လာကြပါတယ်။
ကျနော်တို့ လူ့သမိုင်းမှာ ရှေးယခင်က မင်းမျိုးမင်းနွယ်တွေဟာ သူတို့ရဲ့သွေးမှာ Outsider ရဲ့ သွေး အရောမခံလိုတဲ့မတွက်ကြောင့် ဆွေမျိုးအချင်းချင်းကိုပဲ ပြန်လည် ထိမ်းမြားလက်ဆက်စေခဲ့ပါတယ်။ တူညီတဲ့ မိဘနှစ်ပါးက ဆင်းသက်လာတဲ့ ညီအစ်ကို၊ ေမာင်နှမ၊ ထို ညီအစ်ကို အရင်းတွေက ဆင်းသက်ပေါက်ဖွားလာတဲ့ မျိုးဆက်၊ တစ်နည်းအားဖြင့် ဝမ်းကွဲတွေကို ပြန်လည်ပေးစားခဲ့ကြပါတယ်။ ဒီလို နည်းလမ်းဟာ မျိုးဆက်အစောပိုင်းမှာ ပြဿနာမပေါ်ပေမယ့် later generation တွေမှာ ပြဿနာများစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါ့ကြောင့်ပဲ ဘယ်မင်းဆက်မှာမဆို အစောပိုင်းမျိုးဆက်တွေဟာ အင်မတန်ထူးချွန်ထက်မြက်ကြပေမယ့် မင်းဆက်ပျက်သုဉ်းခါနီး မျိုးဆက်တွေဟာ များသောအားဖြင့် ကျပ်မပြည့်ကြတာများပါတယ်။
ကဲထားပါ။ Betta တွေအကြောင်း ဆက်ပြောရမယ်ဆိုရင် F3 ကျော်လာတဲ့ Bloodline ဟာ ကြာလေကြာလေ Defective individuals အရေအတွက် ပိုပိုများလာနိုင်ပါတယ်။
weak,
sick,
ဖွံ့ဖြိုးမှုနောက်ကျခြင်း၊
ခန္ဓာကိုယ်မှာ အဖု သို့မဟုတ် အပေါက်တွေပါလာတဲ့ ''Draggers'' လို့ခေါ်တဲ့ fry တွေ ( အထူးသဖြင့် ဉီးခေါင်းမှာ အများဆုံး ပါလာတတ်ပါတယ်)
စတာတွေဟာ typical problem တွေပါပဲ။
ဒါတင်မကသေးပါဘူး။
protruding back( dolphin head) ,
crooked fins အတောင်တွေကောက်နေတာ၊
အတောင်နဲ့ ခန္ဓာကိုယ်အချိုးမကျတာ( ဉပမာ - ခန္ဓာကိုယ်ကသေးပြီး အတောင်တွေအရမ်းကြီးနေတာမျိုး - vice versa)
စတာတွေဟာ Harmful genes တွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ချွတ်ယွင်းချက်တွေပါပဲ။
ဒါကြောင့် Blodlone 3 ကို ဖန်တီးကြတဲ့အခါ သတိပြုနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ အခါအခွင့် သင့်ရင့်သလို Genetics Designing နဲ့ ပတ်သက်တဲ့ knowledges တွေကို မျှဝေပေးသွားပါဉီးမယ်ယ အခုတော့ မအားသေးဘူး...ရေလှယ်နေလို့ 😐
Easy Hatching
Video Credit - ThinFrog
17/11/2021
𝘾𝙤𝙢𝙥𝙖𝙧𝙞𝙨𝙤𝙣 𝙤𝙛 𝙂𝙞𝙖𝙣𝙩 𝘽𝙚𝙩𝙩𝙖 𝙖𝙣𝙙 𝙉𝙤𝙧𝙢𝙖𝙡 𝘽𝙚𝙩𝙩𝙖
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pinya Road
Yangon