Creative DV Service
18/12/2025
မင်္ဂလာပါ...
DV2026 အတွက် February Visa Bulletin ထွက်ရှိလာပါပြီ။
Asia Case 30000 အထိ Visa Bulletin မှာ ပါဝင်လာတဲ့ အတွက် Asia Total Case ကုန်သလောက်ရှိသွားပါပြီ
သိရသလောက် မြန်မာနိင်ငံက DV2026 မဲပေါက်သူ များရဲ့ အမြင့်ဆုံး Case နံပါတ်က 27 # # # အထိပဲ တွေ့ရတဲ့အတွက် လူကုန်လို့ပြောလို့ရပါတယ်..
ဒီနှစ်တော့ မကြုံစဖူး ထူးထူးခြားခြား စောစီးစွာပဲ Asia All Current ဖြစ်မယ့် အနေအထားပဲ ဖြစ်ပါတယ်
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Trump Second Travel Ban သတ်မှတ်ခံရတဲ့ ၃၉ နိုင်ငံက DV မဲပေါက်သူ အရေအတွက်ဟာ DV2026 အတွက် တစ်ကမ္ဘာလုံး မဲပေါက်သူ အရေအတွက်ရဲ့ အနည်းဆုံး ၃ပုံ ၁ပုံ မက ရှိနေပါတယ်. အများအပြားကတော့ အင်တာဗျူးရက် ရပေမယ့် ဗီဇာ မရနိုင်တဲ့ အတွက်
အင်တာဗျူးမဝင်ကြပါဘူး၊ အချို့ကလည်း အင်တာဗျူး ရွှေ့ဆိုင်းထားကြတာ တွေ့ရပါတယ်၊
ဒါကြောင့်. ကျန်နိုင်ငံများ အတွက် Green Card Quota တွေ အများကြီး ပိုထွက်လာတော့မှာ ဖြစ်လို့ Travel Ban မခံရတဲ့ နိုင်ငံများမှ DV ပေါက်သူ များအတွက်တော့ မဟာ အခွင့်အရေးကြီး ရရှိသွားမှာ ဖြစ်ပြီး မဲပေါက်သူအားလုံး Case နံပါတ် မြင့်သူများပါ အင်တာဗျူးဝင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်
DV2026 အတွက် DS260 တင်ထားသူများ ကတော့ KCC မှ February Interview date များမကြာခင် ရက်များအတွင်းကျလာပါတော့မယ်...
Case 30000 အတွင်း ဝင်ပေမယ့် DS260 ကို မတင်ရသေးသူများကတော့ အင်တာဗျူးရက် ရမှာ မဟုတ်ပါဘူး
မြန်မာနိုင်ငံမှ မဲပေါက်ပြီး DS260 မတင်ရသေးသူများ ၂၀၂၆ ဧပြီ မေလ အထိ တင်လို့ရပါသေးတယ်
ရန်ကုန်သံရုံးမှာတော့ DV သမားများကို ဗီဇာ မပေးပေမယ့် မဲပေါက်သူများ အနက် 8% ခန့်ကတော့ အင်တာဗျူးဝင်ရောက်ခဲ့တာ/ ဝင်ရောက်ဖို့ ရှိတာ တွေ့ရပါတယ် အများစုက Single များပဲ ဖြစ်ပါတယ်
ကျန်ရှိသူများကတော့ ၂၀၂၆ နှစ်လည် ပိုင်းလောက် အထိ. အင်တာဗျူးရက်များကို ရွှေ့ဆိုင်းထားကြပြီး
Travel Ban ဖြေလျော့ပေးလိုပေးငြား စောင့်ဆိုင်းကြမယ်လို့ ဆိုပါတယ်။
DV2026 မဲပေါက်ပြီး အမေရိကန်မှာ legal status နဲ့ လက်ရှိကျောင်းတက်နေသူ ကျောင်းသားများအတွက်
Travel Ban နဲ့ မသက်ဆိုင်တဲ့ အတွက် အင်တာဗျူးရက် ရတာနဲ့. အမြန်ဆုံး နီးစပ်ရာ USCIS Field office များကို ဆက်သွယ်ကြဖို့ တိုက်တွန်းပါတယ်။
၂၀၂၆ စက်တင်ဘာ ၃၀ မတိုင်ခင် မြန်မာကို Travel Ban ဖြေ လျော့ပေးပါစေလို့ ဆုတောင်းပေးပါတယ်
လေးစားလျက်
U Moe
Creative DV Service
17/12/2025
မင်္ဂလာပါ
"The second Trump travel Ban" လို့ခေါ်တဲ့
Presidential Proclamation 10949
ထွက်ရှိလာပါပြီ
သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်း First Travel Ban ကတော့ ပြီးခဲ့တဲ့ June 4, 2025 မှာ Executive Order 14161 နဲ့ ထုတ်ပြန်ခဲ့ပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ခရီးသွားလာခွင့် တားမြစ်ခဲ့ ပြီး ၇ နိုင်ငံကိုတော့ တစ်စိတ်တစ်ပိုင်း တားမြစ်ခဲ့တာ ဖြစ်ပါတယ်
စိတ်မကောင်းစွာဖြင့် အခု ထွက်ရှိလာတဲ့ Second Ban PP10949 မှာတော့ ဇွန်လက တားမြစ်ခဲ့တဲ့ ၁၂ နိုင်ငံ ကို ဆက်လက် တားမြစ်ထားပါတယ်. (ပူးတွဲပါ Link Section 2 တွင်ကြည့်ပါ)
နောက်ထပ် ၇ နိုင်ငံ Fully Ban. ထပ်တိုးပါတယ်
Burkina Faso, Laos, Mali, Niger, Sierra Leone, South Sudan, Syria တို့အပြင်
ပါလက်စတိုင်း Document ကိုင်ဆောင်ထားသူများလည်း Fully Ban ဖြစ်ပါတယ်
(Section 4 တွင်ကြည့်ပါ)
တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းတဲ့ နိုင်ငံ တွေကတော့. Section 3 နဲ့ Section 5 ပေါင်းရင် နိုင်ငံ ၂၀ ဖြစ်ပြီး PP10949 ရဲ့ Effective Date ကတော့ Jan 1, 2026 ဖြစ်ပါတယ်
Section 6 မှာတော့. ဤအမိန့်မှ ကင်းလွတ်ခွင့်ရသူတွေ ချွင်းချက်တွေ ရေးသားထားပါတယ်
ဒါကြောင့်မို့လို့ ယခု အချိန်မှာတော့ အမေရိကန်ပြည့်ထောင်စုကို ခရီးသွားလာခွင့် အပြည့်အဝ ပိတ်ပင်ခံရတဲ့ နိုင်ငံပေါင်း မြန်မာအပါအဝင် ၁၉ နိုင်ငံ + (ပါလက်စတိုင်း အထောက်အထား ကိုင်ဆောင်ထားသူများ) အထိ ရှိလာပြီ ဖြစ်ပြီး. တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခံရတဲ့ နိင်ငံ ၂၀ နဲ့ ပေါင်းရင် စုစုပေါင်း ၃၉ နိုင်ငံ ဖြစ်ပါတယ်
ရန်ကုန်သံရုံးမှာတော့. Travel Ban အမိန့်နဲ့ မသက်ဆိုင်တဲ့
အမေရိကန်နိုင်ငံသားမှ မိသားစု ခေါ်တဲ့ ဗီဇာ
Immediate relative visa များ(IR1/CR1, IR2/CR2, IR5, IR3 IR4) များကို ပုံမှန် အင်တာဗျူး
ခေါ်ယူပြီး Visa ပေးနေတာ တွေ့ရပါတယ်
အမိန့်တွေ ကန့်သတ်ချက်တွေ ဖြေလျော့/ဖယ်ရှား နိုင်ဖို့ အတွက်ကတော့ Section 7 မှာ ရေးသားထားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ အမိမြေလုံခြုံရေး အတွင်းရေးမှူး နဲ့ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တို့ပါဝင်သော အဖွဲ့က တားမြစ်ထားတဲ့ နိုင်ငံ တွေနဲ့ ချက်ခြင်း/ ဆက်လက်ထိတွေ့ ဆက်ဆံရမည်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်း တွေ့ ရှိချက်များပေါ် အခြေခံ၍ ဖြေလျော့ခြင်း၊ ပယ်ဖျက်ခြင်း၊ ထပ်တိုးခြင်းများ ပြုလုပ်နိုင်ရန်. ရက်ပေါင်း ၁၈၀ အတွင်း သမ္မတ ထံ အကြံပေး တင်ပြရမည် လို့ ပါရှိပါတယ်
လာမယ့် ၂၀၂၆ အတွင်း မြန်မာနိုင်ငံကို
တားမြစ်ချက်တွေ ဖြေလျော့ပြီး DV မဲပေါက်သူများ လင်းယုန်မြေကို ခြေချနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.
လေးစားလျက်
U Moe
Creative DV Service
Presidential Proclamation 10949
Restricting and Limiting the Entry of Foreign Nationals to Protect the Security of the United States During my first Administration, I restricted the entry of certain foreign nationals into the United States to prevent national security and public Every child deserves a safe and nurturing home where they can learn, grow, and reach their full potential. Adoption makes that possible by opening the d...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bldg 1, Room (25), Insein Road, Hledan Junction, Kamayut
Yangon
11041
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:30 |
| Sunday | 09:30 - 17:30 |