AIHM Myanmar
Official AIHM College Page
(Myanmar and International Admissions)
Official Asian Institute of Hospitality Management in Academic Association with Les Roches Myanmar Office Page
(Myanmar Admissions)
Official Minor Education Myanmar Page
(Executive Edu)
15/06/2026
နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်းဆိုင်ရာ ပညာရပ်တွေကို လေ့လာသင်ယူပြီး အောင်မြင်တဲ့ Career Path တစ်ခုကို တည်ဆောက်ချင်ပါသလား။
အာရှရဲ့ ထိပ်တန်းကျောင်းတစ်ခုဖြစ်တဲ့ Asian Institute of Hospitality Management ကနေတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့အဆင့်မီ Les Roches တက္ကသိုလ်သို့ အောင်မြင်စွာ Transfer ပြုလုပ်နိုင်ခဲ့တဲ့ Phyu Shin Thant ရဲ့ အတွေ့အကြုံကို ဝေမျှပေးချင်ပါတယ်။
Phyu အတွက်တော့ AIHM မှာ စတင်ခဲ့တဲ့ ပညာရေးခရီးစဉ်ဟာ နွေးထွေးမှုရှိပြီး ထိရောက်တဲ့ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျောင်းသားဦးရေ နည်းပါးတဲ့အတွက်လည်း Lecturer တွေ၊ အတန်းဖော်တွေနဲ့ ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံနိုင်ပြီး ကိုယ့်လိုအပ်ချက်ကို အသေးစိတ် ဂရုစိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ လုပ်ငန်းခွင်ထဲ မသွားရောက်ခင် ခိုင်မာတဲ့ အ ခြေခံအုတ်မြစ်ကောင်းတွေကို ရရှိစေခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံရှိ Les Roches ကို ပြောင်းရွှေ့တက်ရောက်ချိန်မှာတော့ Phyu အတွက် Global Perspective တွေ ပိုပြီး ပွင့်လင်းလာခဲ့ပါတယ်။ နိုင်ငံပေါင်းစုံမှ ကျောင်းသားများနဲ့အတူ ပညာသင်ကြားရတဲ့အတွက် ယဉ်ကျေးမှုမတူညီမှု တွေ၊ ကွဲပြားတဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို တစ်နေရာတည်းမှာ ဖလှယ်နိုင်ခဲ့ပါတယ်။ Hospitality လုပ်ငန်းဟာ Global Ecosystem တစ်ခုဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အတွေ့အကြုံများကလည်း လက်တွေ့နယ်ပယ်မှာ ဘယ်လောက်တန်ဖိုးရှိ ကြောင်းကိုပါ ပိုပြီးနားလည်လာခဲ့ပါတယ်။
AIHM ရဲ့ နွေးထွေးတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို လွမ်းမိပေမဲ့ Les Roches ကပေးတဲ့ နိုင်ငံတကာအဆင့်မီ အခွင့်အလမ်းတွေနဲ့ Global Connections တွေကလည်း သူမရဲ့ Career အတွက် အများကြီးတန်ဖိုးရှိတယ် လို့ Phyu က ဆိုပါတယ်။
အသေးစိတ် သိချင်ရင်တော့ AIHM Myanmar Office ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏢 လိပ်စာ: အမှတ် (၂)၊ သဇင်မြိုင်လမ်း၊ (၈ ရပ်ကွက်)၊ ပါရမီလမ်းမကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Phone: 09 960 309 262
☎️ Phone: 09 760 232 945
Google Map Link - 📍 https://maps.app.goo.gl/9uE3DGq92Z4R1PkA7
Do you want to study Global Hospitality at an international level and build a successful career path?
We would like to share the experience of Phyu Shin Thant, who successfully transferred from the Asian Institute of Hospitality Management (AIHM), one of Asia’s top institutes, to the world-class Les Roches university in Switzerland.
For Phyu, the educational journey that began at AIHM provided a warm and effective learning environment. With small class sizes, she was able to engage closely with lecturers and classmates, ensuring her specific needs were met with detailed attention. This helped her establish a solid foundation before entering the international workforce.
Upon moving to Les Roches in Switzerland, Phyu’s global perspective expanded significantly. Studying alongside students from all over the world allowed her to exchange diverse cultural insights and professional experiences in one place. She gained a deeper understanding of how the hospitality industry functions as a global ecosystem and realized the immense value of international experience in the field.
While she misses the warm learning environment at AIHM, Phyu says that the international opportunities and global connections provided by Les Roches are incredibly valuable for her career.
For more detailed information, please feel free to contact AIHM Myanmar Office.
🏢 Address: No (2), Thazin Myaing Street, (8 Ward), Parami Avenue, Yankin Township, 11081 Yangon, Myanmar
☎️ Phone: 09 960 309 262
☎️ Phone: 09 760 232 945
📍 Map: https://maps.app.goo.gl/9uE3DGq92Z4R1PkA7
12/06/2026
နတ်ရွာစံခဲ့ပြီဖြစ်သော ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီးကြီး Bajrakitiyabha Narendiradebyavati Kromluangrajasarinisiribajra Mahavajrarajadhita အတွက် AIHM မိသားစုမှ များစွာ ဝမ်းနည်း ကြေကွဲမိပါတယ်။
သုဂတိဘုံသို့ စံမြန်းတော်မူသော တော်ဝင်မင်းသမီးကြီးအား ရည်စူး၍ AIHM Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
The AIHM family expresses our deepest sorrow over the passing of Her Royal Highness Princess Bajrakitiyabha Narendiradebyavati Kromluangrajasarinisiribajra Mahavajrarajadhita of Thailand.
In solemn memory of Her Royal Highness who has ascended to the heavenly realm, the AIHM Myanmar family extends our heartfelt prayers and thoughts.
09/06/2026
✨ပုသိမ်မြို့မှာ ကျင်းပခဲ့တဲ့ Catch Your Dream Seminar ကို တက်ရောက်ပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း✨
ပြီးခဲ့တဲ့ June 6 ရက်နေ့က Shekinah Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Catch Your Dream Seminar သို့ စိတ်အားထက်သန်စွာဖြင့် လာရောက်အားပေးခဲ့ကြတဲ့ ပုသိမ်မြို့က ကျောင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများအားလုံးကို AIHM မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။
အနာဂတ်ပန်းတိုင်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ဝင်တစားနဲ့ တက်ရောက်နားထောင်ပေးခဲ့ကြတဲ့ လူငယ်တွေရဲ့ တက်ကြွမှု၊ သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းအတွက် အဖိုးတန်တဲ့အချိန်တွေပေးပြီး လာရောက်ဆွေးနွေးခဲ့ကြတဲ့ မိဘတွေရဲ့ အားပေးမှုတွေကြောင့် ဒီပွဲလေးဟာ အောင်မြင်စွာနဲ့ ပြီးမြောက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲလေးမှာ ကမ္ဘာ့အဆင့်မီ Hospitality နယ်ပယ်ရဲ့ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းတွေ၊ Les Roches နဲ့ ချိတ်ဆက်ထားတဲ့ AIHM ရဲ့ အဆင့်မြင့်သင်ရိုးညွှန်းတမ်းတွေအကြောင်းကို Guest Speaker ဆရာ ဇင်မင်းထွန်း နှင့် AIHM ရဲ့ Country Representative မချစ်စနိုးဦး တို့က အသေးစိတ် ဝေမျှလမ်းညွှန်ပေးခဲ့ကြပါတယ်။
ဒီ Seminar ကနေ ရရှိသွားတဲ့ ဗဟုသုတတွေနဲ့ လမ်းညွှန်ချက်တွေဟာ လူငယ်တွေရဲ့ ရှေ့ဆက်ရမယ့် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ခရီးလမ်းအတွက် အထောက်အကူအများကြီး ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပုသိမ်မြို့က ဧည့်ဝတ်ကျေပွန်ပြီး နွေးထွေးပျူငှာတဲ့ ကျောင်းသားလူငယ်တွေ၊ မိဘတွေနဲ့ အမှတ်တရ ဆုံတွေ့ခဲ့ရတဲ့ Catch Your Dream Seminar ရဲ့ အမှတ်တရ ပုံရိပ်အချို့ကိုလည်း အတူတူ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
✨ A Heartfelt Thank You to Everyone Who Attended the Catch Your Dream Seminar in Pathein! ✨
AIHM extends our warmest gratitude to all the students, youths, and parents from Pathein who enthusiastically joined us for the Catch Your Dream Seminar held at the Shekinah Hotel on June 6th.
The event concluded as a resounding success, driven by:
The incredible energy of the youth who attended with a strong passion to shape and realize their future goals.
The dedicated support of parents who invested their valuable time to explore and discuss the best academic pathways for their children.
During the seminar, our Guest Speaker, U Zin Min Tun, along with AIHM’s Country Representative, Ma Chit Snoo Oo, shared detailed insights and guidance on:
Future career opportunities in the world-class hospitality industry.
AIHM’s advanced curriculum, offered in academic association with the prestigious Les Roches.
We sincerely hope that the knowledge, insights, and guidance gained from this seminar will serve as a valuable compass for the youths' upcoming educational and career journeys.
We are delighted to share some of the wonderful highlights from the seminar, capturing our memorable interactions with the incredibly warm and hospitable students and parents of Pathein!
#ပုသိမ်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon