FRC Myanmar

FRC Myanmar

Share

25/11/2025

ကျားမအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ဆယ့်ခြောက်ရက်တာလှုပ်ရှားမှုစတင် ခြင်း
နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ
ယနေ့ နိုဝင်ဘာ ၂၅ ရက်သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနိုင်ငံတကာနေ့ ဖြစ်သည်။ ၎င်းသည် နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ တစ်ကမ္ဘာလုံးတွင် ကျင်းပသည့် ကျားမအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ဆယ့်ခြောက်ရက်တိုက်ဖျက်ရေး လှုပ်ရှားမှု၏ တရားဝင် စတင်သည့်နေ့ဖြစ်သည်။ ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်မှာ အလျင်အမြန် ကြီးထွားလျက်ရှိသော အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်သည့်
⭐ *အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးအပေါ် ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှုပပျောက်ဖို့ စည်းလုံးကြစို့* ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှုတွင် အောက်ပါတို့ ပါဝင်သည်-
• အွန်လိုင်းနှောက်ယှက်ခြင်းနှင့် ဆိုက်ဘာခြိမ်းခြောက်မှု
• ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု
• ဒီဖ်ဖိတ်စ်များ (Deepfakes) နှင့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများကို တည်းဖြတ်ခြင်း၊ လှည့်စားခြင်း
• ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သဘောဆန္ဒမပါပဲ ထုတ်ဖော်ခြင်း (Doxxing) နှင့် အွန်လိုင်းမှ ခြေရာခံစောင့်ကြည့်ခြင်း
• အမျိုးသမီးများနှင့် မိန်းကလေးများကို ဦးတည်သည့် မုန်းတီးရေးစကားများနှင့် အမှားသတင်းများ ဖြန့်ဝေခြင်း

ဤအွန်လိုင်း အကြမ်းဖက်မှုများသည် မကြာခဏဆိုသလို အွန်လိုင်းပြင်ပ (အော့ဖ်လိုင်း) အန္တရာယ်များအထိ ပြင်းထန်လာတတ်ပြီး ၎င်းတို့တွင် ခြိမ်းခြောက်မှု၊ အတင်းအကျပ်ပြုမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပင် ပါဝင်နိုင်သည်။
ယနေ့သည် ဆယ့်ခြောက်ရက်တိုက်ဖျက်ရေး စတင်ရက်တစ်ရက်အနေဖြင့် သာမကပဲ၊အိမ်တွင်း၊ ရပ်ရွာ၊ အလုပ်ခွင် နှင့် အွန်လိုင်းစသည့် နေရာတိုင်းမှ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ပြုကြသည့် နေ့လည်းဖြစ်သည်။ FRCသည်လည်း အားလုံးအတွက် တန်းတူညီမျှမှုနှင့် လေးစားမှုအပေါ်အခြေခံသည့် အနာဂတ်တစ်ခုကို တည်ဆောက်ရန်အတွက် ကတိကဝတ်ပြုရင်း ယခုနှစ် ၁၆ရက်တာလှုပ်ရှားမှုကို စတင်ကြိုဆို ဂုဏ်ပြုအပ်ပါသည်။

09/03/2025

မင်္ဂလာပါ .....
ယနေ့မှာတော့ “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “ဆိုလာတပ်ဆင်ခြင်း(Solar Panel Installation)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။

ဤမိုက်ခရိုသင်တန်းတွင် လေ့လာရမည့် အကြောင်းအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

✔ဆိုလာ panel များနှင့် တပ်ဆင်မှုများအကြောင်း
✔ဆိုလာတပ်ဆင်ရာတွင် သိရှိရမည့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး
✔ဆိုလာချပ်များကို တန်းဆက် ၊ အပြိုင် ဆက်သွယ်တပ်ဆင်ခြင်း
✔ဘက်ထရီများ တန်းဆက် ၊ အပြိုင် ဆက်သွယ်တပ်ဆင်ခြင်း
✔ဆိုလာ ၊ ဘက်ထရီနှင့် အင်ဗာတာ တပ်ဆင်ခြင်း

စသည်တို့ဖြစ်ပါသည်။ မိုက်ခရိုသင်တန်းတစ်ခုလုံးကို လေ့လာသင်ယူပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါ သင်ယူမှုရလဒ်များကို သိရှိမှတ်သားရရှိသွားမည် ဖြစ်ပါသည် -

✔ဆိုလာချပ် (solar panel) များအကြောင်း သိရှိနားလည်ရန်
✔ဆိုလာတပ်ဆင်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများအကြောင်း သိရှိနားလည်ရန်၊ အသုံးပြုတတ်ရန်
✔အိမ်သုံးဆိုလာစနစ် တပ်ဆင်မှုများအကြောင်း နားလည်ရန်
✔ဆိုလာ ၊ အင်ဗာတာ ၊ ဘက်ထရီ ချာဂျာ များအကြောင်း နားလည်သိရှိရန်
✔အိမ်သုံးဆိုလာစနစ်ကို တပ်ဆင်နိုင်ရန် စသည်တို့ဖြစ်ပါသည်။

ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်လေ့လာရန် -

Website: https://mmyouth.net/

Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL

08/03/2025

မင်္ဂလာပါ .....

ယနေ့မှာတော့ “အစားအသောက်နှင့်ဝန်ဆောင်မှုပေးခြင်းသင်တန်း (Food and Catering Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “မီနူးများအစီအစဉ်ချခြင်းနှင့်အာဟာရဆိုင်ရာအကြောင်း (Menu Planning and Nutrition)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။

ဤမိုက်ခရိုသင်တန်းတွင် လေ့လာသင်ယူရမည့် အကြောင်းအရာများမှာ အစားအသောက်များကို ဝန်ဆောင်မှုပေးသည့်အခါ အာဟာရမျှတပြီး ကုန်ကျစရိတ်သက်သာ၍ လိုက်ဖက်သော အစားအစာများကို တွဲဖက်ခြင်းအကြောင်းများကို သင်ယူရမှာ ဖြစ်ပါသည်။ ထို့အပြင် အစားအစာများတွင် ပါဝင်သော အာဟာရဓာတ်များဖြစ်သည့် ကာဘိုဟိုက်ဒြိတ်၊ ကယ်လိုရီ၊ ပရိုတိန်း၊ အသီးအရွက်များ စသော အကြောင်းများစွာ ကိုလည်း လေ့လာသင်ယူရမှာ ဖြစ်ပါသည်။ မိုက်ခရိုသင်တန်း တစ်ခုလုံးကို လေ့လာသင်ယူ ပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါအချက်များကို သိရှိမှတ်သား ရရှိသွားမည်ဖြစ်ပါသည် -

1)အာဟာရဓါတ်များ၏ အရေးပါပုံများ အကြောင်း

2) ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ်၊ ပရိုတိန်းများအကြောင်း

3) အသီးအရွက်များနှင့်ရေဓါတ်၏ အရေးပါပုံများ အကြောင်း

4) ကျန်းမာရေးနှင့်ကိုက်ညီပြီး အာဟာရဓါတ်ပြည့်ဝသော မီနူးများအကြောင်းတို့ကို နားလည်သိရှိ သွားမည် ဖြစ်ပါသည်။

ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်လေ့လာရန် -

Website: https://mmyouth.net/

Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL

07/03/2025

မင်္ဂလာပါ .....

UNESCO Myanmar နှင့် Finnish Refugee Council တို့မှ ပူပေါင်းစီစဉ်သည့် အွန်လိုင်းမှတဆင့် အခမဲ့ သင်ယူလေ့လာနိုင်သော သက်မွေးပညာသင်တန်းအကြောင်းကို မိတ်ဆက်ပေးချင်ပါသည်။ ဤသက်မွေး ပညာသင်တန်းများသည် လူငယ်များအတွက် အဓိကရည်ရွယ်ပါသည်။


သက်မွေးပညာကျွမ်းကျင်မှုသင်တန်းတစ်ခုဖြစ်သော “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ယနေ့ခေတ်တွင် လျှပ်စစ်စွမ်းအင်လိုအပ်ချက် မြင့်မားလာသည်နှင့်အမျှ ဆိုလာစွမ်းအင်ကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော စွမ်းအင်ရင်းမြစ်အဖြစ် လိုအပ်လာပါသည်။ Basic Solar Panel Installation Course ကို သင်ယူလေ့လာခြင်းအားဖြင့် ဆိုလာစွမ်းအင်နှင့် ဆိုလာနည်းပညာ အခြေခံ သဘောတရားများ၊ ဆိုလာစနစ် တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေး အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိနိုင်မည်ဖြစ်ပြီး ဝင်ငွေရှာဖွေရာတွင် အထောက်အကူပြုနိုင်ပါသည်။

“အခြေခံဆိုလာပန်နယ် တပ်ဆင်ခြင်းသင်တန်း” တွင် မိုက်ခရိုသင်တန်း (Micro Course) (၆) ခု ပါဝင်ပါသည် -

1) Introduction to Solar Energy

2) Basics of Electricity

3) Solar Technology Fundamentals

4) Solar Panel Installation

5) Inverters and Electrical Systems

6) Solar Power System Maintenances & Troubleshooting

မိုက်ခရိုသင်တန်းများအကြောင်းကို ဆက်လက်တင်ဆက်သွားပါမည်။

ဆက်လက်လေ့လာရန် -

Website: https://mmyouth.net/

Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL

06/03/2025

မင်္ဂလာပါ .....

ယနေ့မှာတော့ “အစားအသောက်နှင့်ဝန်ဆောင်မှုပေးခြင်းသင်တန်း (Food and Catering Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “အခြေခံ ချက်ပြုတ်နည်းများအကြောင်း (Basic Culinary Skills)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။

ဤမိုက်ခရိုသင်တန်းတွင် လေ့လာသင်ယူရမည့် အကြောင်းအရာများမှာ အစားအသောက်ချက်ပြုတ်ပေးသူ စားဖိုမှုး (CHEF) အကြောင်း၊ စားဖိုမှုး တစ်ယောက်ဖြစ်လာဖို့ရန် လိုအပ်သော အရည်အချင်းများအကြောင်းကို လေ့လာသင်ယူရပါမည်။ ထို့အပြင် အခြေခံ ချက်ပြုတ်နည်းများဖြစ်သော ကြော်နည်း၊ ပြုတ်နည်း၊ ပေါင်းနည်း၊ ကင်နည်း စသော နည်းများအကြောင်းကိုလည်း လေ့လာနိုင်ပါမည်။ စဉ်းနှီးတုံးများအကြောင်းနှင့် မီးဖိုချောင် အမျိုးမျိုးရှိကြောင်းကိုလည်း သိရှိရမည်ဖြစ်ပါသည်။ မိုက်ခရိုသင်တန်း တစ်ခုလုံးကို လေ့လာသင်ယူ ပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါအချက်များကို သိရှိမှတ်သား ရရှိသွားမည်ဖြစ်ပါသည် -

1)C-H-E-F ၏ အဓိပ္ပါယ် တစ်လုံးစီကို သေချာသိရှိသွားခြင်း

2) အခြေခံချက်ပြုတ်နည်းများကို သိရှိသွားခြင်း

3) စဉ်းနှီးတုံးများအကြောင်းသိရှိပြီး မှန်ကန်စွာ စနစ်တကျ ကိုင်တွယ်ရွေးချယ်တတ်ခြင်း

4) ကြက်ဥအမျိုးမျိုးကြော်နည်းများနှင့် မီးဖိုချောင်အမျိုးမျိုးရှိကြောင်းတို့ကို နားလည်သိရှိသွားမည် ဖြစ်ပါသည်။

ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်လေ့လာရန် -
Website: https://mmyouth.net/

Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL

06/03/2025

မင်္ဂလာပါ .....
ယနေ့မှာတော့ “အစားအသောက်နှင့်ဝန်ဆောင်မှုပေးခြင်းသင်တန်း (Food and Catering Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်သန့်ရှင်းရေး အကြောင်း (Food Safety and Hygiene)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။

ဤမိုက်ခရိုသင်တန်းတွင် လေ့လာသင်ယူရမည့် အကြောင်းအရာများမှာ အစားအသောက်တွင် ကျရောက်တတ်သော ဘေးအန္တရာယ်များအကြောင်းနှင့် မည်သို့ကာကွယ်ရမည့်အကြောင်း၊ ပိုးမွှားများသည် မည်သည့်အပူချိန် အခြေအနေများတွင် ဝင်ရောက်နိုင်ပြီး အစားအသောက် ပျက်စီးမှုများဖြစ်ခြင်း စသော အကြောင်းအရာများ ပါဝင်မည်ဖြစ်ပါသည်။ ထို့အပြင် တစ်ကိုယ်ရေ သန့်ရှင်းရေး၏ အရေးပါမှုများနှင့် အစာအဆိပ်သင့်ခြင်းဆိုင်ရာ အကြောင်းများစွာကို လေ့လာမှတ်သားကြရမည် ဖြစ်ပါသည်။ မိုက်ခရိုသင်တန်း တစ်ခုလုံးကို လေ့လာသင်ယူ ပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါအချက်များကို သိရှိမှတ်သား ရရှိသွားမည် ဖြစ်ပါသည်။

အစားအသောက်များမှာ အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများကို ခွဲခြားတတ်ခြင်း

ကာကွယ် ထိန်းချုပ်နိုင်မည့် နည်းလမ်းများကိုသိရှိခြင်း

အစားအသောက်များကို စနစ်တကျ ကိုင်တွယ်တတ်ခြင်း

တစ်ကိုယ်ရေသန့်ရှင်းရေး၏ အရေးပါမှုများနှင့် အစာအဆိပ်သင့်ခြင်းများ အကြောင်းတို့ကို နားလည်သိရှိ သွားမည် ဖြစ်ပါသည်။

ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်လေ့လာရန် -

Website: https://mmyouth.net/

Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Finnish Refugee Council I #1Finnish Refugee Council FRC #40, Room-101, Myay Nu Street, Sanchaung Township
Yangon