LIN Photography
25/04/2022
#ကူးယူမျှဝေပါသည်။
မူရင်းရေးသားသူကို
ပေးပါတယ်
Portrait ရိုက်နေပြီး၊ ဒါတွေမသိဘူးဆိုတာမဖြစ်သင့်ပါဘူး
===============
Portrait ရိုက်ကူးနည်းက အခြေခံအားဖြင့် ၁၂မျိူးအထိရှိပါတယ်။
ဒီအခြေခံနည်းတွေကနေပဲ ပြန်လည်ခွဲထွက်ဖန်တီးမှုတွေကလည်း
လက်ရှိအချိန်မှာများစွာရှိနေပါပြီ။ အခြေခံ Portrait ရိုက်ကူးနည်း
အခေါ်အဝေါ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Traditional Portraits
(ရိုးရာဝတ်စားဆင်ယင်မူအရ ရိုက်ကူးသူရဲ့မျက်နှာနဲ့ပခုံးနားအထိ
ကို မတူညီတဲ့ ရူထောင့်မှနေရာယူ၍ Studio တွင်း ဖန်တီးရိုက်ကူး
မူ Portrait ရိုက်ကူးနည်း)
Self Portraits
(မိမိကိုယ်တိုင်ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Environmental Portraiture
(သဘာဝပတ်ဝန်းကျင်နှင့်ရိုက်ကူးခံသူကို ညီတူညီမျှဆက်စပ်နေစေပြီး
အလင်းအမှောင် ၊ ဆက်တင်များကို အစီအစဉ်ကျကျထားရှိရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Glamour Potraits
(တခါတရံ ညှို့အားပြင်းစေလိုတဲ့ပုံများကိုဖန်တီးလိုတဲ့အခါ
အဝတ်အစားထက် ခန္ဓာကိုယ်ကိုပိုလျစ်ဟအသားပေးရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Boudior Portraits
(Glamour နှင့်ဆင်တူပြီး အများအားဖြင့် Bedroom များနှင့်
Bathroom များအတွင်းမှာ လိင်စိတ်ဆွဲငင်အားအသားပေး
ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Lifestyle Portraiture
(သဘာဝပတ်ဝန်းကျင်ရဲ့ လှုပ်ရှားသွားလာနေမှုများထဲမှ
လိုအပ်သောအရာကို Posing ဖြင့်သော်လည်းကောင်း ၊ လျှပ်တပြတ်
သော်လည်းကောင်း ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Candid and street Portraits
( Street Photography ရိုက်ကူးနည်းတစ်ခုဖြစ်တဲ့ Portrait
ရိုက်ကူးနည်း)
Fine Arts
(ပုံတူပန်းချီကားရေးဆွဲထားသကဲ့သို့ ထင်မှတ်ရအောင် ဖန်တီးရိုက်ကူးသော
Portrait ရိုက်ကူးနည်း)
Conceptual Portraits
(ရိုက်ကူးမူနဲ့တည်းဖြတ်မူကိုပေါင်းစပ်ပြီး ဆိုလိုရငြးအဓိပျပါယပြေါလြှငအြောငြ
လိုအပ်သလိုပြန်လည်တည်းဖြတ်ရိုက်ကူးသော Portrait ရိုက်ကူးနည်း)
Surreal & Abstract Portraits
(စိတ္တဇဆန် ၊စိတ်ကူးယဉ်ဆန်သော ၊အိမ်မက်ဆန်သော Portrait ပုံမျိူး
ရလာစေဖို့ရိုက်ကူးတည်းဖြတ်ဖန်တီးသော Portrait ရိုက်ကူးနည်း)
Close ups
(အရာဝတ္တုများကိုနီးနီးကပ်ကပ်ရိုက်ကူးပြီး မိမိပြသလိုသည်ကို
ထင်ထင်ရှားရှားခွဲထွက်နေကြောင်း ပြသရန်ရိုက်ကူးသော Portrait
ရိုက်ကူးနည်း)
Family & Group Portraits
(အရာဝတ္ထုတစ်ခုအပေါ်မှာပဲမမူတည်စေတော့ပဲ အရာဝတ္ထုများရဲ့
ဆက်စပ်ပုံကို အသေးစိတ်ချိတ်ဆက်ပြသရန် ရိုက်ကူးသော Portrait
ရိုက်ကူးနည်း)
===============
ပိုကောင်းတဲ့ Portrait ပုံများကိုဖန်တီးမယ်ဆို ဒီအချက်လေးတွေကို
ရင်ဝယ်ပိုက်ထားကြည့်ပါ။
- Subjects ရဲ့ မျက်လုံးနဲ့ ခံစားမူကို သေချာမဖော်ပြနိုင်တဲ့နေရာလွတ်
တွေကို အတတ်နိုင်ဆုံးဖယ်ပါ ၊ Crop လုပ်သင့်ကလုပ်ပါ။
- Composition ချရာမှာ နောက်ခံ Background ကို ရှင်းလင်း
နေပါစေ။
- Subjects နဲ့ Background ကြားမှာ နေရာလွတ်တစ်ခုထား
ပြီး အရာဝတ္ထုနဲ့နောက်ခံအကြားတစ်ထပ်တည်းမဖြစ်နေအောင်
ရှင်းလင်းစွာ ရိုက်ကူးဖို့ပိုကြိုးစားကြည့်ပါ။
- Focus ဝင်နေသော နေရာများနဲ့ Blurr ဖြစ်နေသောနေရာများကို
လည်းသတိပြုပြီးပိုရိုက်ကူးသင့်ပါတယ်။
- "မျက်လုံးဟာ စိတ်ရဲ့ပြတင်းပေါက်"ဆိုသလို မျက်လုံးကို Focus
ဖြတ်ပေးပါ။
- Hard Light , Soft Light ကို ကိုယ်ရိုက်ကူးမယ့် ပုံအလိုက်
သေချာဆန်းစစ်ရိုက်ကူးပါ။
- Subjects ရဲ့ Manner ကိုလိုက်ပြီး Timing ယူရိုက်ဖို့
အချက်ကျကျပြင်ဆင်ကြည့်ပါ။
- ပုံပိုရိုက်ပါ ၊ ပြန်ရွေးထုတ်ဖို့ ပိုလွယ်လာနိုင်ပါတယ်။
- ကိုယ့်ကင်မရာနဲ့တင်မကပဲ ရိုက်ကူးခံမယ့်သူနဲ့ပိုရင်းနှီးအောင်လုပ်ပါ ၊
ပေါ့ပေါ့ပါးပါးဖြစ်နေရင် နှစ်ဦးနှစ်ဖက်သက်သောင့်သက်သာနဲ့ အလုပ်
ပြီးဖို့ပိုလွယ်ပါတယ်။
- ရိုက်ကူးခံသူကို ဘယ်လိုနေပါဘယ်လိုလုပ်ပါဆိုပြီးအမြဲတစေ ၊
လိုက်ပြောနေဖို့မလိုပါ။
- အချိန်သေချာယူပါ ၊ မလောပါနဲ့။
===============
ပေါထရိတ်မဟုတ်တဲ့ Portraiture များပိုမိုဖန်တီးရိုက်ကူးနိုင်ဖို့
မျှော်လင့်ပါတယ်။
" အားလုံးဘေးကင်းကျန်းမာပါစေ "
=============
MST Instagram Channel
https://www.instagram.com/mstmyanmarian/
MST Youtube Channel
https://youtube.com/channel/UCjKa_JhoZ5U6UJwysBO5oiQ
29/06/2020
Starring_ ခပ်မိုက်မိုက် အဆိုတော်မလေး
06/06/2020
ချစ်စရာကောင်းတဲ့ အမူအရာနဲ့ မိန်းမဆန်တဲ့ကောင်မလေးမျိုးရှာတွေ့ပီလား??❤
Click here to claim your Sponsored Listing.
Category
Website
Address
Yangon