WIN NAING

WIN NAING

Share

27/05/2025

တိမ်တွေ
------------
တိမ်တွေ
မင်းတို့က အစုန်
ငါက အဆန်။
မင်းတို့က
လေနှင်ရာ လွင့်မျောလို့
ငါက
လေပြင်းကို ဆန်တက်လို့။
မင်းတို့မှာ ပုံရိပ်ယောင်ကလွဲလို့
လက်ဆုပ်လက်ကိုင်ပြစရာ
ဘာတစ်ခုမှမရှိ။
ငါ့မှာ
အဓိပ္ပာယ် အတိအကျနဲ့
လက်ဆုပ်လက်ကိုင်အပြည့်။
နေဝင်ချိန်မှာ မင်းတို့ဆော့
တိမ်တောက်ချိန်မှာ မင်းတို့ဆော့
အလှအပ တခမ်းတနားနဲ့ မင်းတို့ဆော့
မင်းတို့ဆော့နေကြောင်း သေချာအောင် မင်းတို့ဆော့
ငွေအနားကွပ်ကို ငွေအနားကွပ်မှန်းသေချာအောင် မင်းတို့ဆော့
ပေါ့ရွှတ်မှုကို ထုနဲ့ထည်နဲ့စုပ်ယူလို့
အချိန်ရှိသမျှ မင်းတို့ဆော့ ။ ။
▪မိုဃ်းဇော် ( ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၂ )
▪ ဆရာမိုဃ်းဇော်၏ မူရင်းဓာတ်ပုံပိုင်ရှင်
( Nay Naing ) အားလေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon