Myanmar Boxing And Lethwei

Myanmar Boxing And Lethwei

Share

MMA သတင်းတွေနဲ့ စိုးလင်းဦး၊ဂျော့ရှုဝါဗန် ၊အောင်လအန်ဆန်း၊ဘယ်ရော်နီကာ အစရှိတဲ့မြန်မာဖိုက်တာတွေရဲ့ နောက်ဆုံးရ သတင်းအကြောင်းအရာတွေနဲ့ ဟိုက်လိုက်Videoတွေ ကို ဒီpageကနေ တင်ပေးသွားပါမယ်။

10/12/2024

UFCမှာ ထိပ်ဆုံး ၁၅ ယောက် စာရင်းဝင် ဖြစ်လာတဲ့ ဂျော့ရှုဝါဗန်

UFC 310 ပြိုင်ပွဲအပြီးမှာတော့ ဂျော့ရှုဝါဗန်ဟာ ထိပ်ဆုံး 15 ယောက် ကိုဝင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

UFC ဟာ ဝိတ်တန်း တစ်ခုချင်းစီမှာ ထိုးတဲ့ ဖိုက်တာတွေ များလွန်းလို့ ဖိုက်တာတိုင်းကို အဆင့် သတ်မှတ်ချက် မပေးပါဘူး။ထိပ်ဆုံး ၁၅ယောက် ကိုပဲ Ranking သတ်မှတ်ပြီး ပေးတာပါ။

30/11/2023

အာရပ်နိုင်ငံတွေက အစ္စရေးကိုဘာကြောင့်မုန်းနေရတာလဲ

Israel နဲ့ Palestine ဆိုတာသမိုင်းအစဥ◌်အဆက်မတည့်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အာရေဗီရကျွန်းဆွယ်ရဲ့ မြောက်ဘက်ကမ်းမှာတည်ရှိပြီးတော့ Palestine တွေပိုင်တဲ့ Gaza ကမ်းမြောင်နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့မြောက်ဘက်ခြမ်းမှာတော့ လက်ဘနွန်နိုင်ငံရှိပြီး အရှေ့ဘက်မြောက်ဘက်မှာတော့ ဆီးရီးယားနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်နေပါတယ်။အစ္စရေးနိုင်ငံဟာ ရန်သူတွေဝိုင်းနေတဲ့ နိုင်ငံဖြစ်ပြီးတဲ့ သူနဲ့ အမြဲလိုလို စစ်ပွဲတွေဖြစ်ပွားတဲ့နိုင်ငံကတော့ Palestine နိုင်ငံပါ။ သူတို့နှစ်နိုင်ငံမတည့်ကြတဲ့ ကိစ္စကတော့ နယ်မြေအငြင်းပွားမှုကြောင့်ဖြစ်ပါတယ်။ Palestine က နှစ်ပေါင်းရာနဲ့ချီပြီးနေလာတဲ့အတွက် ဒီမြေဟာသူတို့မြေလို့ သတ်မှတ်ထားကြပါတယ်။ Israel တွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်လောက်တည်းက Israel ဘိုးဘွားတွေ နေထိုင်ခဲ့ကြလို့ဆိုပြီးနှစ်နိုင်ငံအငြင်းပွားရာကနေ စစ်ပွဲဆီကိုဥ◌ီးတည်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Palestine တို့ဘက်က Hamas ဆိုတဲ့ စစ်သွေးကြွအဖွဲ့တွေဟာ အစ္စရေးကိုလက်ဥ◌ီးမှုရယူပြီးတိုက်ခိုက်ခဲ့ပါတယ်။ Israel နဲ့ Arab နိုင်ငံတွေကြားထဲမှာ စစ်ပွဲတွေက ဘာလို့ခဏခဏဖြစ်ပေါ်နေရတာလဲ နောက်ကွယ်မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေလဲဆိုတာ ကျွန်တော်အတူတူလေ့လာကြည့်လိုက်ရအောင်ပါ

စစ်ပွဲအကြောင်းကိုပြောတော့မယ်ဆိုရင် သမိုင်းကြောင်းကိုအရင်ရှင်းပြပါမယ်။ အစ္စရေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်တုန်းကဂျာမနီနိုင်ငံမှာနေတဲ့လူမျိုးတွေဖြစ်ကြပါတယ်။ ဂျာမနီနိုင်ငံအကြောင်းပြောမယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့တဲ့ ဟစ်တလာကိုလည်းမေ့ထားလို့မရပါဘူး။ ဟစ်တလာဆိုတာ မျိုးချစ်စိတ်ပြင်းထန်တဲ့လူတစ်ယောက်ဖြစ်သလို နိုင်ငံရေးအစ္စန်းရောက်တဲ့လူလို့လည်း တော်တော်များများက သတ်မှတ်ထားကြပါတယ်။ ဂျာမနီဆိုတာ ပထမကမ္ဘာစစ်ပြီးတဲ့နောက်မှာ အရမ်းကိုဒုက္ခရောက်ခဲ့တဲ့တိုင်းပြည်ပါ မဟာမိတ်နိုင်ငံတွေရဲ့ အမြတ်ထုတ်ခြင်းကိုခံရပြီးတော့ အဘက်ဘက်ကပြိုလဲနေတဲ့နိုင်ငံဖြစ်ပါတယ်။

ဒီအချိန်မှာ ဟစ်တလာက အယူဝါဒအမှားတွေ အစွန်းရောက်မှိုင်းတိုက်မှုတွေကြောင့် ဂျူးလူမျိုးတွေအပေါ်မုန်းတီးခဲ့ပါတယ်။ အမှန်တကယ်တော့ ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် အထောက်အပံ့တွေအများကြီးပေးခဲ့သလို ပညာရှင်တွေအများအပြားပေါ်ထွန်းတဲ့လူမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာအာဏာရလာတဲ့နောက်မှာတော့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းပြီးသတ်ပစ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ နိုင်ငံမျိုးစုံကိုထွက်ပြေးတိမ်းရှောင်နေရပြီး အရှေ့အလယ်ပိုင်းဒေသတွေဆီကိုလည်း ဂျူးလူမျိုးတွေရောက်ရှိသွားကြပါတယ်။ အဲ့ဒီခေတ်အဲ့ဒီအခါတုန်းက ဗြတိသျှတွေဟာ တစ်ကမ္ဘာလုံးအုပ်စိုးတဲ့နေမဝင်အင်ပါယာဖြစ်ခဲ့ပြီးတော့ အရှေ့အလယ်ပိုင်းဒေသတော်တော်များများကို ကိုလိုနီပြုထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ ဗြတိသျှဟာ အင်အားနည်းလာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွေကို လွတ်လပ်ရေးပေးခဲ့ပါတယ်။ ဂျူးလူမျိုးတွေကလည်း သူတို့နေထိုင်တဲ့ နေရာကိုလွတ်လပ်ရေးအဖြစ်ကြေညာြပီး အစ္စရေးနိုင်ငံလို့သတ်မှတ်ခဲ့ကြပါတယ်။ ဒီလိုအချိန်မှာ Palestine နိုင်ငံက သူတို့ရဲ့နယ်မြေမတရားသိမ်းပိုက်ခံရပြီဆိုပြီး စစ်ပွဲတွေကို အကြိမ်ကြိမ်ဆင်နွှဲခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ရက်နေ့မှာတော့ အစ္စရေးအတွက် မမျှော်လင့်ထားတဲ့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာရှိနေတဲ့ hamas တို့အဖွဲ့ဟာ အစ္စရေးလူမျိုးတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေချိန်မှာ အလစ်ဝင်တိုက်ခဲ့တာပါ။ ဒါတင်မကသေးဘဲ တစ်ချိန်တည်းမှာပဲ ဒုံးကျည် အစင်းရေပေါင်း ၃၀၀၀ ကျော်ကိုပစ်လွှတ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အစ္စရေးဝန်ကြီးချုပ်ကလည်း စစ်ဖြစ်နေပြီလို့ ကြေညာပြီး ပြန်လည်တုံ့ပြန်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒီလိုတစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့ လူပေါင်း ၃၇၀၀ ကျော်သေဆုံးခဲ့သလို အိုးမဲ့အိမ်မဲ့ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။ ဒီလိုမျိုးအပြန်အလှန်ပစ်ခက်မှုတွေ စစ်ပွဲတွေကြောင့် Israel နဲ့ Arab နိုင်ငံတွေကြားက အမုန်းတရားတွေဟာပိုမိုပြင်းထန်လာခဲ့ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Myo Ma
Yangon