Rih Coffee

Rih Coffee

Share

24/05/2026

Fri တို့ နေ့စဉ် သုံးဆောင်နေတဲ့ ကော်ဖီစေ့လေးတွေဟာ တကယ်တော့ အပင်ကနေ တိုက်ရိုက်ရတာ မဟုတ်ပါဘူးနော်။ 🧐

တကယ်တမ်းမှာ ကော်ဖီပင်တွေက ချယ်ရီသီးလို နီနီရဲရဲ အသီးလေးတွေ သီးပါတယ်။ 🍒 အဲဒီအသီးလေးတွေကိုမှ "ကော်ဖီချယ်ရီသီး" (Coffee Cherry) လို့ ခေါ်တာပါ။

​ကော်ဖီ Cherry သီးး​လေး​တွေရဲ့အတွင်းက
မှ​ကော်ဖီ​စေ့ ​လေး​တွေ ရရှိပီးးး

​လှော်တယ်
ကြိတ်တယ်​ပေါ့​နော်😊🥰

ရင်ကိုလာထိ
​ကော်ဖီမှာရိဒ်

100% ချင်း​တောင်​ကော်ဖီ စစ်စစ်



#ကျန်းမာခြင်းသည်လာတ်ကြီးတပါး

#ရင်ကိုလာထိ

19/05/2026

ကော်ဖီသောက်ရတဲ့အကြောင်းအရင်းများစွာထဲမှ အရေးအကြီးဆုံးနှင့် ရရှိလာတဲ့အကျိုးကျေးဇူးများရဲ့ အချက်( ၅)ချက်📍📍📍
"(၁) အင်အား နှင့် လန်းဆန်းမှုများ -Energy and Freshness
(၂) အရသာ နှင့် အနံ့-Taste and Aroma
(၃) ကျန်းမာရေး အကျိုးကျေးဇူး-Health Benefits
(၄)စိတ်ခံစားမှု နှင့် နှစ်သိမ့်မှုများ-Mood and Comfort
(၅) လူမှုရေးနှင့် ရင်းနှီးမှုများ -Social interaction and connection တို့ဖြစ်ပါတယ်"....

🔺အကျဥ်းချုပ်🔺
​(၁) အင်အား နှင့် လန်းဆန်းမှုများ -Energy and Freshness
ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ ဦးနှောက်ကို လှုံ့ဆော်ပေးပြီး နိုးကြားတက်ကြွစေခြင်း၊ အာရုံစူးစိုက်မှု ကောင်းမွန်စေခြင်းနဲ့ စွမ်းအင် မြှင့်တင်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးပါတယ်🟢

​(၂) အရသာ နှင့် အနံ့-Taste and Aroma
လူတော်တော်များများဟာ တခြားသော အနံ့အရသာထက် ကော်ဖီရဲ့ ထူးခြားတဲ့ အရသာနဲ့ မွှေးကြိုင်တဲ့ အနံ့ကိုပို ကြိုက်နှစ်သက်ကြပါတယ်🟢

​(၃) ကျန်းမာရေး အကျိုးကျေးဇူး-Health Benefits
ကော်ဖီသောက်ခြင်းက ဆီးချို၊ နှလုံးရောဂါ၊အသည်း ရောဂါအချို့ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ဖော်ပြထား​​ကြပါတယ်🟢

​(၄)စိတ်ခံစားမှု နှင့် နှစ်သိမ့်မှုများ-Mood and Comfort
ကော်ဖီသောက်ခြင်းဟာ နွေးထွေးမှု၊ စိတ်ခံစားမှု ကောင်းမွန်စေတဲ့ ခံစားချက်ကို ပေးနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်ရွက်ခြင်း၊တစ်နေ့တာအလုပ်လုပ်ချိန်၊ အပန်းဖြေနားယူချိန်အဖြစ်လည်း သောက်သုံးကြခြင်းကိုတွေ့ရှိနိုင်ပါတယ်🟢

​(၅) လူမှုရေးနှင့် ရင်းနှီးမှုများ -Social interaction and connection
ကော်ဖီဆိုင်မှာဖြစ်စေ၊ ရုံးမှာဖြစ်စေ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူတူ သောက်ရင်း စကားစမြည် ပြောဆိုတာ၊ Coffee Dating လုပ်ခြင်းတို့ဟာလည်း
လူမှုရေးအရ ဆက်ဆံရေးကို ပိုမိုခိုင်မာစေတယ်လို့ တွေ့ရှိနိုင်ပါတယ်🟢




#ကျန်းမာခြင်းသည်လာတ်ကြီးတပါး

16/05/2026

ကော်ဖီစေ့ စတင်တွေ့ရှိခဲ့ပုံ ပုံပြင်ဒဏ္ဍာရီ

• ကမ္ဘာမှာ အကျော်ကြားဆုံး ကော်ဖီပုံပြင်ကတော့

အေဒီ ၉ ရာစုဝန်းကျင်က အီသီယိုးပီးယား မှာ

Kaldi လို့ခေါ်တဲ့ ဆိတ်ကျောင်းသား တစ်ယောက်က

ကော်ဖီကို စတင်တွေ့ရှိခဲ့တာပါ။

သူ့ရဲ့ဆိတ်တွေဟာ သစ်ပင်တစ်ပင်က

အနီရောင်အသီး (ကော်ဖီသီး) တွေကို စားပြီးနောက်

ညဘက်မှာတောင် မအိပ်ဘဲ တက်ကြွနေတာကို

သတိထားမိခဲ့ပါတယ်။

• Kaldi ဟာ ဒီအသီးတွေကို

ဘုန်းကြီးကျောင်းကို ယူသွားခဲ့ရာမှာလည်း

ဘုန်းကြီးတွေက ညစဉ် ဝတ်ပြုဆုတောင်းချိန်မှာ

နိုးကြားနေစေဖို့အတွက်

ကော်ဖီကို ဖျော်ရည်အဖြစ်

စတင်အသုံးပြုခဲ့ကြတယ်ဆိုတဲ့

ကော်ဖီစေ့ ပုံပြင် ဒဏ္ဍာရီလေးကို

ကျွန်မတို့ Rih Coffee က

ဗဟုသုတအနေနဲ့ မျှဝေတင်ပြအပ်ပါတယ်ရှင်😊🥰🥰

​ကော်ဖီ​သောက်ပီးးလန်းဆန်း​ပျော်ရွှင်ကြပါ​စေ

ရင်ကိုလာထိ
​ကော်ဖီမှာရိဒ်




#တီးတိန် #ရိဒ်

#ကျန်းမာခြင်းသည်လာတ်ကြီးတပါး

15/05/2026

ကော်ဖီကောင်းတစ်ခွက်ဆိုတာ

Emotional support အတွက်လည်း
မရှိမဖြစ်ပေ့ါ...🤎

ရိဒ်ကော်ဖီသောက်ရင်း
နေ့ရက်တိုင်းမှာ ကျန်းမာရွှင်လန်းကြပါစေရှင့်... ☕

#ရိဒ်



#ကျန်းမာခြင်းသည်လာတ်ကြီးတပါး

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pantanaw Street
Yangon
11111

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00