Dr. Mario
တောခြင်တွေတအားသောင်းကျန်းလွန်းလို့ Mosquito Repellent တောင် မနိုင်ဘူး။ နေထွက်နေဝင်ဆိုတော့ ခြင်ထောင်ကြီး တချိန်လုံး ထောင်နေရမယ့်ပုံပဲ။ ကိုက်ပြီးရင်လဲ တရက်နှစ်ရက်ထိ ယားတာ မပြေဘူး နာတောင်နာတယ်။ Calamine မနိုင်လို့ သနပ်ခါးလူးပြီး Cetrizine ပါ သောက်အိပ်နေရတဲ့ ဘဝ။ ခြင်ကိုက်လို့ ဆေးခန်းလာပြတဲ့ သူတွေလဲ အများသား။ အဲ့ဒါ Diagnosis ဘယ်လိုပေးရမယ်မသိတာနဲ့ Mosquito Bite လို့ပဲ ရေးလိုက်တော့တယ်။ 😂😂😂 ဪတောဆရာဝန် တောဆရာဝန်
"သက်ပြင်း"
အခြေအနေက
သူ့လည်ပင်း ကိုယ်ညှစ်
ကိုယ့်လည်ပင်းသူညှစ်
နှစ်ဖက်စလုံး လည်ပင်းအစ်နေတဲ့
အခြေအနေ။
သန်းခေါင့်ထက်
ညမနက်တော့ပါဘူးလို့
ကိုယ့်ကိုယ်ကို အားပေးရင်း
မိုးမလင်းတော့တဲ့
နက်ဆဲ နက်မြဲ ညတွေ။
မသယ်နိုင်တာတွေ များလွန်းတော့
တခါတလေ လွှတ်ချလိုက်ချင်ရဲ့။
မခံစားနိုင်တာတွေ များလွန်းတော့
တခါတလေ ပျံသန်းသွားလိုက်ချင်ရဲ့။
မဖြစ်သေးပါဘူးလေ မဖြစ်သေးဘူး။
ငါ့ရှေ့မှာ....
အသက်ပေးသွားရသည့်တိုင်
သာဓု မခေါ်သေးတဲ့ ဝိဉာဥ်တွေ ရှိတယ်။
မျက်စိ ခြေလက် ပေးသွားရသည့်တိုင် လက်နက်မချသေးတဲ့ ရဲဘော်တွေရှိတယ်။
ငါသက်ပြင်ချလို့ မဖြစ်သေးပါဘူး။
ဝိ (မြက်ရိုင်း)
လက်နက်မရှိ ကျည်ဆံမရှိပဲ တိုက်နေရတဲ့ တော်လှန်ရေးတပ်သား။
ဆေးမရှိ ဆေးပစ္စည်းမရှိပဲ
ကုနေရတဲ့ ဆရာဝန်။
တစ်နေ့ပြီး တစ်နေ့ ကြပ်လာတဲ့
လမ်းကြောင်းတွေ
လက်နက်တွေရော
ဆေး၊ ဆေးပစ္စည်းတွေရော။
ဖြစ်သလို တိုက်နေရတဲ့ တိုက်ပွဲတွေ
ရသလို ကုနေရတဲ့ လူနာတွေ
နဂိုစိတ်နဲ့သာဆို လက်လျော့ပြီး
လုပ်ချင်ကိုင်ချင်စိတ်ရှိတော့မှာ မဟုတ်။
ထောင်ထဲမှာ ငါတို့ နိုင်မှ ထွက်ရမယ့် ငါတို့ညီ အကိုတွေ ရှိတယ်။
အသက်နှင့် ခန္ဓာ စတေးသွားကြတဲ့ ရဲဘော်တွေ အတွက် ထိုက်တန်တဲ့ ရလာဒ်တခုတော့ ရရမယ်။
ဒီလိုနဲ့ စိတ်တင်းရင်း တော်လှန်ရင်း သန်မာလာခဲ့တယ်။
04/03/2022
လွန်ခဲ့တဲ့လက လေယာဉ်ဗုံးကျဲခံရတဲ့ ဆေးရုံတရုံကို သွားကြည့်တယ်။
မြင်ယောင်လာတယ်....
လေယာဉ်ဗုံးလာကျဲမှာစိုးလို့ ဆလိုင်းပုလင်း တန်းလန်းနဲ့ ထွက်ပြေးခဲ့ရတဲ့ လူနာတွေ။
ဆေးထိုးဖို့ ပြင်နေရင်း ထပြေးရတဲ့ ဆရာမတွေ။
မင်းတို့ရဲ့ စိတ်ရိုင်း စိတ်ယုတ်မာတွေကို ငါနားမလည်နိုင်ဘူး။
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon