One A Construction
06/02/2024
06/02/2024
၃.၁၁။ အဆောက်အအုံများတွင် movement joints များ ထည့်သွင်းဆောက်လုပ်ခြင်း
အဆောက်အအုံများတွင် movement joints များ စီမံဖန်တီးပေးခြင်းအားဖြင့် အဆောက်အအုံ၏ မည်သည့် အစိတ်အပိုင်းတွင်မဆို လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် ခံစားရမည့် ဒဏ်အားများ လျော့ပါး သက်သာသွားခြင်း၊ ဥပဓိရုပ်ဆိုးစေနိုင်သည့် cracks ပြဿနာများ လျော့ပါးကောင်း လျော့ပါးသွားစေတတ်ခြင်း အစရှိသည့် ကောင်းကျိုးတို့ ရရှိစေသည်။
အဆက် (joint) တစ်ခုသည် ကျုံ့ခြင်းကို ဖြစ်စေ၊ ဆန့်ခြင်းကို ဖြစ်စေ အလိုက်သင့် ရုန်းခွင့်ရအောင် ဖြစ်တည်ခွင့်ပေးပါက ၎င်းအဆက် (joint) ကို “expansion joint” ဟုခေါ်သည်။
အစိတ်အပိုင်းတခုပေါ်တွင် တင်၍ တပ်ဆင်ဆောက်လုပ်ထားသော်လည်း အသေတပ်ဆင်ထားခြင်းမဟုတ်ဘဲ ချော်ခွင့်/ ရွေ့ခွင့် (sliding movement) ကို ဖြစ်တည်ခွင့်ပေးပါက “slip joint” ဟုခေါ်သည်။
၃.၁၁.၁။ Expansion joint - တဆက်တည်းဖြစ်နေသော အဆောက်အအုံတစ်လုံး (the continuity of a structure) တွင်လည်းကောင်း၊ အဆောက်အအုံ တစ်လုံးရှိ တဆက်တည်းဖြစ်နေသော အစိတ်အပိုင်း (continuity of a component of a structure) တွင်လည်းကောင်း အပိုင်းအခြားများ ဖြစ်အောင် ကြိုတင်စီမံထားသည့် (pre-planned break) တွင် expansion joint အမျိုးအစားလည်းပါဝင်သည်။
မျှော်မှန်းထားသော အရွေ့အပြု/ အကျုံ့-အဆန့် ပမာဏနှင့် တည်ဆောက်ရေးလုပ်ငန်းစိတ်များ (construction details) အပေါ်မူတည်ပြီး ၎င်းအဆက်၏ အကျယ်/ အဟ (gap) သည် (၆) မီလီမီတာ မှ (၄၀) မီလီမီတာအထိ ရှိတတ်သည်။
“ငလျင်ဒဏ်ခံအဆောက်အအုံများ ဒီဇိုင်းထုတ်တွက်ချက်ခြင်းနှင့် တည်ဆောက်ခြင်းအတွက် အိန္ဒိယ စံချိန်စံညွှန်း သတ်မှတ်ချက် ကိုဓဥပဒေ (IS:4326-1976) (ပထမအကြိမ် ပြင်ဆင်ထုတ်ဝေခြင်း) တွင် ငလျင်ဇုန် (III, IV နှင့် V) တို့ရှိ အဆောက်အဦများအဖို့ ၎င်း joints ဆက်များ၏ အကျယ်/အဟ ကို ပို၍ ကျယ်ကျယ်ထားပေး သင့်သည်ဟု ရည်ညွှန်းထားသည်။
၎င်း joint ဆက်၏ “ဟ” နေသော နေရာတွင် ကျုံ့နိုင်-ဆန့်နိုင်သော ပစ္စည်းတမျိုး (a flexible material) ဖြင့် တပ်ဆင်/ ဖြည့်သိပ်ပေးရသည်။
အဆက်တစ်ခုတွင် လာရောက်တွေ့ဆုံသော အစိတ်အပိုင်း အသီးသီးသည် ကိုယ်စီကိုယ်ငှ ဆန့်ထွားကြသောအခါ ကြားထဲရှိ အဖြည့်ခံပစ္စည်းသည် နဂိုမူလထက် ကြပ်ညပ်ပြီး ပြားသွား နိုင်စွမ်းရှိရမည်ဖြစ်ပြီး၊ တဖန် ၎င်းအစိတ်အပိုင်းအသီးသီးသည် ကိုယ်စီကိုယ်ငှ ကျုံ့ဝင်သွားကြသော အခြေအနေ မျိုး၌ ကြားထဲရှိ အဖြည့်ခံပစ္စည်းသည် ကျုံ့သွားသည့် အစိတ်အပိုင်းတို့၏ နောက်သို့ တွယ်ကပ်ပြီး ပါသွားနိုင်စွမ်း ရှိရမည်ဖြစ်သည်။
အကယ်၍ joint ဆက်နေရာသည် မိုးရေစိမ့်ဝင်နိုင်သည့် နေရာတွင် ဖြစ်နေပါက ရေလုံ ဘားတန်း (water bar) သို့မဟုတ် ရေလုံပစ္စည်း (a sealant) သို့မဟုတ် ရေကာအဖုံး (a protective cover) သို့မဟုတ် အထက်ဖော်ပြပါ ပစ္စည်းများကို သင့်တော်သလို တွဲဖက်-ပေါင်းစပ်ဖန်တီးပြီး လိုအပ်သည့်နေရာတွင် လိုအပ်သလို အသုံးပြုကြသည်။
ဆောင်းရာသီတွင် လုပ်သောလုပ်ငန်းများအတွက် စီမံဆောက်လုပ်သော expansion joint တို့၏ အကျယ်ထက် နွေရာသီတွင် လုပ်သော လုပ်ငန်းများအတွက် joint ဆက်တို့၏ အကျယ်ကို ပိုကျဥ်းပေးထားနိုင်သည်။
သက်ဆိုင်ရာအထပ်အလိုက်/ သက်ဆိုင်ရာအစိတ်အပိုင်းအလိုက် အလေးဝန်များအား နံရံထုများကိုသာ ထမ်းဆောင်စေသည့် စနစ်ဖြင့် တည်ဆောက်ထားသော load-bearing structures များတွင် ၎င်းအလျားလိုက် ရှည်လျားသည့် အုတ်ရိုးရှည်များ (long walls) ကို ကန့်လန့်ဖြတ်-ဦးတိုက် ထိဆက်နေသော နံရံများ (cross walls) ရှိတတ်ကြသည်။
လူနေအိမ်များ၊ အဆောင်များ၊ ဆေးရုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦများ အစရှိသဖြင့် အဆောက်အဦ၏ လုပ်ငန်းဆောင်တာ အမျိုးမျိုးအလိုက် အခန်းများကန့်၍ တည်ဆောက်ကြသည်ဖြစ်ရာ အဆိုပါ အခန်းကန့်နေရာ joint ဆက်တိုင်းတွင် (မူလ bearing walls ကို) အနှောင်အဖွဲ့သဘော သက်ရောက်သည့် အုတ်စီးအုတ်နင်း ချိတ်ဆက်မှုကို ရရှိစေသောကြောင့် နံရံ၏ အလျားတလျှောက် ကိန်းအောင်းဖြစ်ပျက်မည့် thermal movement သည် လျော့နည်းသွားတတ်သည်။
ဆိုလိုသည်မှာ long wall တလျှောက်ဖြစ်ပျက်မည့် thermal movement သည် cross walls နှင့် long walls ချိတ်ဆက်သည့် အုတ်စီးအုတ်နင်းမှတဆင့် cross walls ထံသို့ တစိတ်တပိုင်း ကူးပြောင်းပျံ့နှံ့ကာ လျော့နည်း သွားတတ်သောကြောင့်ဖြစ်သည်။
ထိုသို့ အခြေအနေမျိုးတွင် expansion joints များကို အတိုင်းအတာတခုအထိ ခပ်ဝေးဝေးခွာ၍/ ခြား၍ပင် စီမံဆောက်လုပ်နိုင်သည်။
အခြားတဖက်တွင်မူ ကုန်လှောင်ရုံကဲသို့ အဆောက်အအုံ များ (warehouse type structures) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ (factory buildings) တွင်မူ အတွင်းပိုင်း အခန်းကန့်နံရံများ (cross walls) သည် အများအားဖြင့် မပါရှိကြဘဲ ခန်းမအလွတ်ချည်းသပ်သပ်သာ တည်ဆောက်ကြသည်ဖြစ်ရာ၊ သို့မဟုတ် ပါဝင်ခဲ့လျှင်လည်း အလွန်နည်းသော အရေအတွက်ဖြင့်သာ ထည့်သွင်း တည်ဆောက်ကြသည်ဖြစ်ရာ ထိုသို့ အဆောက်အအုံအမျိုးအစားများတွင် expansion joints များကို နေရာစိပ်စိပ် စီမံဆောက်လုပ်ပေးရမည်ဖြစ်သည်။
တိုင်-ထုတ်-ရက်မတို့ဖြင့် အားပြုဖွဲ့စည်းထားသော ဘောင်ခွေ အဆောက် အအုံများ (framed-structures) တွင် ၎င်း ဘောင်အစိတ်အပိုင်းများ (structural members) သည် တစ်ခုနှင့် တစ်ခု အတိုင်းအတာတစ်ခုအထိ ခြားနားပြီးမှ အဆက်နေရာများတွင် လာရောက်ထိတွေ့ ဖွဲ့စည်းကြသည်ဖြစ်ရာ thermal movement ကြောင့် ဖြစ်ပေါ်သော ဒဏ်အားများ (stresses) မှာ နည်းတတ်သည်။
ထိုသို့သော ဘောင်ခွေ အဆောက်အအုံများတွင် expansin joints များကို နေရာကျဲကျဲ စီမံဆောက်လုပ်ပေးနိုင်သည်။
သို့သော်လည်း အဆိုပါ ဘောင်ခွေအစိတ်အပိုင်းများ (components of a structure) သည် သေးသွယ်ပြီး ရာသီဥတုဒဏ်နှင့် ထိတွေ့ခံစားရမှု (slender and exposed) ရှိပါက expansion joints များကို နေရာစိတ်စိတ် စီမံဆောက်လုပ် ပေးရမည်ဖြစ်သည်။
ဥပမာ- parapets အုတ်ရိုးများနှင့် နေရောင်ကာ အစိတ်အပိုင်းများ။
Click here to claim your Sponsored Listing.
Category
Website
Address
Building A, Room(101), Myeik Street, Innwa Housing, South Dagon
Yangon
11431
Opening Hours
| Monday | 06:00 - 22:00 |
| Tuesday | 06:00 - 22:00 |
| Wednesday | 06:00 - 22:00 |
| Thursday | 06:00 - 22:00 |
| Friday | 06:00 - 22:00 |
| Saturday | 06:00 - 22:00 |
| Sunday | 06:00 - 22:00 |