BALA by LLTT
28/05/2024
BIG CLEARANCE SALE STARTING FROM 10000KS!
Exchange rate တွေမငြိမ်တာကြောင့် BALA အနေနဲ့ products အသစ်တွေ ဆက်ထုတ်ဖို့မရှိသေးတာကြောင့် ရှိနေတဲ့ stock လေးတွေကို အကုန် ထုတ်ရောင်းပါပြီနော်။
Tanktops/Tshirts/Croptops တွေအားလုံး 10000ks ပါ။
Bras/Shorts/Leggings တွေအကုန် 20000ks ပါ။
ဒီအချိန်ဝယ်ရင်တော့ အတန်ဆုံးပါပဲ။
Until stock lasts!
ရနိုင်သေးတဲ့ size လေးတွေကို ပုံတစ်ပုံချင်းစီအောက်မှာကြည့်ပေးနော်။
26/09/2023
📣BUY ANY TWO ITEMS (Bra, leggings, shorts), GET ONE TANK TOP, T-SHIRT!📣
Workout set တစ်ခုပဲဖြစ်ဖြစ်၊ Training bra ၂ ထည်၊ ဒါမှမဟုတ် shorts/leggings ၂ ထည်ဝယ်ရုံဖြင့် ကြိုက်နှစ်သက်ရာ Tank Top or T-shirt လေးတစ်ထည်လက်ဆောင်ရမယ့် အခွင့်အရေးလေးဖြစ်ပါတယ်။
BALA မှာ instock ရှိနေတဲ့ Activewear လေးတွေကို တစုတစည်းတည်းကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။
Training Bra, Leggings, Shorts, Tank Tops, Crop Tops, Sports T-shirt စတာတွေကို size တော့မစုံတော့ပေမယ့် ရနိုင်တဲ့ အရောင်နဲ့ size လေးတွေကို တပုံချင်းသေချာရေးပေးထားလို့ သေချာဝင်ကြည့်နိုင်ပါတယ်ရှင့်။
Exchange rate တွေ မတက်ခင်က စျေးအတိုင်းပဲ စျေးမတက်ဘဲ ရောင်းထားတာကြောင့် Quality ကောင်းတဲ့ affordable activewear တွေရနိုင်မှာဖြစ်ပါတယ်။
Price Range လေးကတော့ 12000ks-29500ks ပါ။
04/06/2023
Review ကောင်းတဲ့ Second Skin shorts လေး နည်းနည်းပဲကျန်ပါတော့တယ်။
ရနိုင်တဲ့ size လေးတွေပါ။
Black - L
Deep Purple - S, M, L
Muted Purple - L
Pink - M, L
25000ks
Please see size chart below.
31/01/2023
Happy Payday ပါ!
Payday မှာ လိုအပ်တဲ့ လေးတွေ ဝယ်ယူနိုင်ဖို့ instock ရှိတာလေးတွေ တင်ပေးလိုက်ပါတယ်။
Leggings
Shorts
Sports Bra
Sports T-shirt
Sports Tank Top/Crop Top
Men Shorts
Resistance Band Set လေးတွေကို instock ရရှိနိုင်ပါတယ်။
20/01/2023
New Year New Me Resolution က ၁ ပတ်ပဲ ခံလိုက်တဲ့သူတွေရှိလား။
January ဆိုရင် တော်တော်များများက Fitness ကို goal တစ်ခုအနေနဲ့ ထည့်ထားတတ်ကြတယ်နော်။ Gym membership တွေပြေးသွင်းကြပေမယ့် မှန်မှန်မသွားဖြစ်ကြဘူးလေ We’re also guilty of that!
Gym တော့သွင်းပြီးပြီ ကိုယ့် fitness journey ကို new year မှာစကြတော့မယ်ဆိုရင် plan ကို ခဏလေးနဲ့ မ fail သွားအောင် motivation မကျအောင် tips လေးတွေ share ပေးချင်ပါတယ်။
1/ Consistency >> Motivation
မှန်မှန်သွားဖို့က အရေးကြီးဆုံးပဲ Gym ဆော့တဲ့သူဖြစ်ဖြစ် အိမ်မှာ Youtube video တွေကြည့်ပြီး workout လုပ်တဲ့သူပဲဖြစ်ဖြစ် အရေးကြီးတာ မှန်မှန်လုပ်ဖို့။ စစချင်း motivation ရှိတုန်းက intense exercise တွေလုပ်ပြီးတော့ နည်းနည်းလည်းကြာရော burn out ဖြစ်သွားရင် ကိုယ်လိုချင်တဲ့ results ရမှာမဟုတ်ဘူးလေနော်။ ဒါကြောင့် motivation ရှိတုန်းလေးလည်း လုပ်၊ motivation မရှိတော့တဲ့ခါကျရင်လည်း မှန်မှန်လေး လုပ်ဖို့ အရေးကြီးပါတယ်။
2/ One goal at a time
ဝိတ်လည်းကျချင်တယ်၊ Abs လိုချင်တယ်၊ တင်ပါးလည်းထွက်ချင်တယ် goal တွေအများကြီး တပြိုင်တည်းမထားပါနဲ့။ အဓိကက consistent ဖြစ်ဖို့ပါ၊ မှန်မှန်လေးနဲ့ ကိုယ့် goal တစ်ခု ချင်းစီကို ဖြေးဖြေးစီသွားပါ၊ အကုန်တပြိုင်တည်းလုပ်ပြီး results တွေက တပြိုင်တည်း မရပါဘူး။
3/ One habit at a time
Fit ဖြစ်ဖို့ဆို ကောင်းကောင်းစား၊ကောင်းကောင်းအိပ်၊ မှန်မှန်လုပ်ရင်းနဲ့ပဲ results တွေရလာကြတာပါ။ အဲ့လိုပြောလို့လည်း ငါ စားနေကျအစားအသောက်တွေဖြတ်လိုက်မယ်၊ မနက်ကို ၆ နာရီထလိုက်မယ်၊ gym ကို တနေ့ ၂ နာရီသွားလိုက်မယ် စသဖြင့် အလုံးစုံကို တပြိုင်တည်း ပြောင်းလဲဖို့ ကြိုးစားရင် ခက်ပါတယ်။
For example - First goal က gym မှန်မှန်သွားမယ်၊ ဒါဆိုရင် gym ပဲမှန်မှန်ရောက်အောင် သွားပါ။ အစားလျှော့ဖို့ ကိုယ်တိုင်ဟင်းချက်ဖို့ မနက်အစောထဖို့တွေကို နောက်မှဖြေးဖြေးချင်း ကျင့်ယူပါ။
4/ Workout schedule ထားပါ။
ခုဆို google မှာရှာလိုက်ရုံနဲ့ fitness level အားလုံးအတွက် workout schedule လေးတွေ ရှာနိုင်ပါတယ်။ Gym ရောက်မှ၊ ဒါမှမဟုတ် workout လုပ်ခါနီးမှ ဘာလုပ်ရမလဲစဥ်းစားနေရင် consistent ဖြစ်ဖို့ ပိုခက်ခဲပါတယ်။
5/ Frequency >>> Schedule
တပတ်မှာ ၃ ရက် workout လုပ်မယ် plan ထားတယ်ဆိုပါတော့။ Mon, Wed, Fri လုပ်မယ်ဆိုပြီး တသတ်မှတ်ထဲ လုပ်ထားမယ့်အစား တပတ် ၃ ရက် ဘယ်ရက်ဖြစ်ဖြစ်လုပ်မယ်ဆိုပြီး plan ထားတာ ပိုကောင်းပါတယ်။ ကိုယ့်သတ်မှတ်ထားတဲ့ ရက်မှာ မအားတာများပြီး မလုပ်ဖြစ်တာတွေ မဖြစ်အောင်ပါ။
6/ One small step at a time
Fitness goal ကို ခပ်သေးသေးပဲ ထားပါ။ တလမှာ ၁၀ ပေါင်ကျရမယ်ဆိုတဲ့ goal ထက် တလမှာ ငါ ၁၅ ရက် gym ရောက်တယ်/workout လုပ်ဖြစ်တယ်ဆိုတဲ့ goal က ပိုပြီး မြင်သာပြီး motivation ဖြစ်စေပါတယ်။
4/ Workout clothes
ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် body confidence ရှိချင်လို့၊ လှချင်လို့၊ ကျန်းမာချင်လို့ workout လုပ်ကြတာပဲမလား Gym ကမှန်ထဲကကြည့်လိုက်ရင် workout clothes လှလှလေးနဲ့ဆိုရင်တော့ workout လုပ်ဖို့ motivation ရတာပေါ့နော်။
Remember that there’s no shortcut to fitness.
Work smart ပါ။ Fitness မှာလည်း များများလုပ်လို့ ပိုမြန်မြန် fit လာတယ်ဆိုတာမရှိသလို ဖြတ်လမ်းလည်းမရှိပါဘူး။ Fit ဖြစ်ဖို့အတွက် Protein powder တွေ၊ Diet ပေါင်းသောင်းခြောက်ထောင်တွေလုပ်နေဖို့လည်း မလိုပါဘူး။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစာ၊ မှန်မှန်လုပ် (Exercise + Nutrition + Sleep) ၃ မျိုးကသာ အရေးအကြီးဆုံးပါပဲ။
အားလုံး New Year Resolution လေးတွေကို မ fail အောင် ကြိုးစားလုပ်ကြမယ်နော်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11111