DIGITAL ALLY
With the right knowledge and profound expertise, we help build new brands and help them succeed.
12/02/2026
How to Find Your Digital Marketing Partner: A Business Owner’s Checklist for Agency Success.
မိတ်ဆွေ ရွေးချယ်လိုက်တဲ့ Agency က သင့်လုပ်ငန်းတွေကို အတူလက်တွဲလုပ်ဆောင်ပေးသွားမယ့် Partner တွေလို ဖြစ်လာမှာမို့ သူတို့နဲ့ စိတ်တူကိုယ်တူရှိဖို့၊ သက်တောင့်သက်သာရှိဖို့က အရမ်းအရမ်းကို အရေးကြီးပါတယ်။ 🤝
Find Your Digital Marketing Partner: A Business Owner’s Checklist for Agency Success သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Digital Marketing Agency ရှာနည်း လမ်းညွှန်
22/09/2025
လုပ်ငန်းပိုင်ရှင်တွေ၊ Marketing Manager တွေအနေနဲ့
Influencer Marketing လုပ်ဖို့ စဥ်းစားတဲ့အခါ
"ဘယ်သူနဲ့ လက်တွဲရမလဲ?" ဆိုတဲ့မေးခွန်းက အမြဲရှိနေတတ်ပါတယ်။
အများစုက Follower များတာ၊ လတ်တလော နာမည်ကြီးနေတဲ့ Influencer တွေကို
အဓိကထားပြီး ရွေးချယ်တတ်ကြပါတယ်။
တကယ်တော့ ဒါဟာ အမှားတစ်ခုပါ။
မှန်ကန်တဲ့ Influencer ကို ရွေးချယ်ဖို့ဆိုရင်
✅ လုပ်ငန်းနယ်ပယ်နဲ့ ကိုက်ညီမှု (Relevance)
ရောင်းချနေတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ နယ်ပယ်က Influencer ကို ရွေးချယ်ပါ။ ဥပမာ - အလှကုန်ဆိုရင် Beauty Influencer, အစားအသောက်ဆိုရင် Foodie Influencer စသဖြင့်ပေါ့။
✅ပရိသတ်နဲ့ ကိုက်ညီမှု (Audience Demographics)
Influencer ရဲ့ Follower တွေက သင့်ရဲ့ Target Audience နဲ့ တူညီမှုရှိ မရှိ စစ်ဆေးပါ။ အသက်၊ ကျား/မ၊ နေထိုင်ရာ ဒေသ စတာတွေကို ကြည့်ပါ။
✅ထိတွေ့မှုနှုန်း (Engagement Rate)
Follower အရေအတွက်များရုံနဲ့ မလုံလောက်ပါဘူး။ Like, Comment, Share စတဲ့ Engagement တွေ များများရတဲ့ Influencer ဟုတ်မဟုတ်ကို ကြည့်ပါ။
✅ပုံရိပ်နဲ့ ဂုဏ်သိက္ခာ (Brand Image & Reputation)
ရွေးချယ်မယ့် Influencer ဟာ ရိုးသားပြီး ယုံကြည်စိတ်ချရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ ဒါမှ သင့် Brand ရဲ့ ပုံရိပ်ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာပါ။
Influencer Marketing ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ? 💡
မှန်ကန်တဲ့ Influencer ကို ရွေးချယ်ပြီး လက်တွဲမယ်ဆိုရင် -
လူသိများလာမယ်: သင့် Brand ကို လူပိုသိလာစေပြီး ပရိသတ်အများကြီးဆီ ရောက်ရှိနိုင်ပါတယ်။
ယုံကြည်မှုရလာမယ်: လူတွေက သူတို့ယုံကြည်ရတဲ့သူတွေရဲ့ အကြံပေးချက်ကို ပိုပြီးလက်ခံကြပါတယ်။
ရောင်းအားတက်လာမယ်: မှန်ကန်တဲ့ Influencer နဲ့ ပူးပေါင်းတာဟာ ရောင်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။
DIGITAL ALLY ရဲ့ Influencer Marketing ဝန်ဆောင်မှု 🎯
သင့်လုပ်ငန်းရဲ့ Goal နဲ့ Budget ပေါ်မူတည်ပြီး DIGITAL ALLY က
အသင့်တော်ဆုံး Influencer ကို စနစ်တကျ ရွေးချယ်အကြံဉာဏ်ပေးပြီး
နောက်ဆက်တွဲ ဝန်ဆောင်မှုတွေအနေနဲ့ -
✅အကျိုးရှိစေမယ့် campaign strategy တွေ ရေးဆွဲပေးခြင်း
✅Influencer တွေနဲ့ စာချုပ်ချုပ်ဆိုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း
✅Campaign ရဲ့ အကျိုးရလဒ်တွေကို စောင့်ကြည့်တိုင်းတာပေးခြင်း စတာတွေအထိ One-Stop Service အပြည့်အစုံ ပါဝင်ပါတယ်။
သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းဖို့အတွက်
DIGITAL ALLY ကို အခုပဲ ဆက်သွယ်ပြီး ဆွေးနွေးလိုက်ပါ။ 🚀
💬 Chat-box: m.me/DIGITALALLYMM
📱 Ph: 09 777 002 771, 09 8970 61 841
💌 Email: [email protected]
10/09/2025
သင့်လုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ စဉ်းစားနေပြီလား?✨
၂၀၂၀ ခုနှစ်က စတင်ခဲ့တဲ့ 𝐃𝐈𝐆𝐈𝐓𝐀𝐋 𝐀𝐋𝐋𝐘 ဟာ
၅ နှစ်တာကာလအတွင်းမှာ နယ်ပယ်အသီးသီးမှ
လုပ်ငန်းပေါင်း ၁၀၀ ကျော်အတွက်
လုပ်ငန်းတစ်ခုချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐥𝐚𝐧 တွေကို
ကျွမ်းကျင် 𝐓𝐞𝐚𝐦 𝐌𝐞𝐦𝐛𝐞𝐫 များနဲ့အတူ ရေးဆွဲပြီး
အကောင်းဆုံးရလဒ်တွေ ရရှိအောင် ကူညီပေးနေပါတယ်။ 🤝
𝐃𝐈𝐆𝐈𝐓𝐀𝐋 𝐀𝐋𝐋𝐘 ရဲ့ အဓိက ရည်ရွယ်ချက်ကတော့
သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းဖို့ ကူညီပံ့ပိုးပေးဖို့ပါပဲ။ 📈
𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: သင့်ရဲ့ 𝐬𝐨𝐜𝐢𝐚𝐥 𝐦𝐞𝐝𝐢𝐚 ကနေတဆင့် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များနဲ့ ပိုမိုနီးစပ်အောင် စီမံခန့်ခွဲပေးပါတယ်။ 📱
𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧: လှပပြီး ဆွဲဆောင်မှုရှိတဲ့ 𝐜𝐨𝐧𝐭𝐞𝐧𝐭 တွေ၊ 𝐃𝐞𝐬𝐢𝐠𝐧 တွေနဲ့အတူ သင့်လုပ်ငန်းကို ပိုပြီး လူသိများလာအောင် ကူညီပေးပါတယ်။ ✍️🎨
𝐓𝐢𝐤𝐓𝐨𝐤 𝐕𝐢𝐝𝐞𝐨 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧: 𝐓𝐢𝐤𝐓𝐨𝐤 မှာ ဗီဒီယိုတွေ ဘယ်လိုရိုက်ရမလဲ မသိတဲ့သူတွေအတွက်
𝐈𝐝𝐞𝐚 အစကနေ အဆုံးအထိ အကုန်လုံး ကူညီပေးပါတယ်။ 🎬
𝐀𝐝𝐯𝐞𝐫𝐭𝐢𝐬𝐢𝐧𝐠 & 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠: ရောင်းအားတက်ဖို့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာမယ့် ထိရောက်တဲ့ ကြော်ငြာနည်းဗျူဟာတွေနဲ့ ပံ့ပိုးပေးပါတယ်။ 🚀
𝐂𝐡𝐚𝐭𝐛𝐨𝐭 𝐒𝐞𝐫𝐯𝐢𝐜𝐞: 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေနဲ့ ပိုပြီး မြန်ဆန်ထိရောက်တဲ့ ဆက်သွယ်မှုတွေ လုပ်နိုင်ဖို့အတွက်
𝐜𝐡𝐚𝐭𝐛𝐨𝐭 တည်ဆောက်ပေးပါတယ်။ 🤖
𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠: သင့်လုပ်ငန်းရဲ့ 𝐁𝐫𝐚𝐧𝐝 ကို ပိုမိုခိုင်မာအားကောင်းလာအောင် လှပစွာ ပုံဖော်ပေးပါတယ်။ ✨
𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့ ပတ်သက်တဲ့ 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 နဲ့ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 များအပြင် တခြားလိုအပ်ချက်တွေ ရှိရင်လည်း 𝐃𝐈𝐆𝐈𝐓𝐀𝐋 𝐀𝐋𝐋𝐘 ကို အချိန်မရွေး ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။ 💬
သင့်လုပ်ငန်းရဲ့ အနာဂတ်ကို အမှန်တကယ်တိုးတက်အောင် အမြန်ဆုံးဖော်ဆောင်ချင်တယ်ဆိုရင်တော့
𝐃𝐈𝐆𝐈𝐓𝐀𝐋 𝐀𝐋𝐋𝐘 နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 🤝
Chat-box: m.me/DIGITALALLYMM
📱 Ph: 09 9540 44908, 09 8970 61 841
💌 Email: [email protected]
Cyber Security အွန်လိုင်းလုံခြုံရေးအတွက် သတိထားရမယ့်အချိန် ရောက်လာပါပြီနော်
🚨ဒီရက်ပိုင်းအတွင်း Google အကောင့်တွေ အပါအဝင် Password ပေါင်း ၁၆ ဘီလီယံနီးပါး အွန်လိုင်းမှာ ပေါက်ကြားခဲ့တယ် ဆိုတဲ့ သတင်းတွေ ကြားကြရမှာပါ။
Leak Info ထဲမှာ Apple, Facebook, Github နဲ့ Telegram ကို ဝင်တဲ့ Log in URLs တွေလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီထဲမှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ Password တွေ၊ Activity တွေ မပါသွားဘူးလို့ မပြောနိုင်ဘူးနော်!
တွေးကြည့်ရင် တကယ်ကို ကြောက်စရာကြီး.. 😱
ဒါကြောင့် ကိုယ့်ရဲ့ Google အကောင့်နဲ့ တခြားအွန်လိုင်းအကောင့်တွေအားလုံး ပိုပြီးလုံခြုံစေဖို့အတွက် အောက်ပါအချက်လေးတွေကို လိုက်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်နော် 👇
1. စကားဝှက် (Password) ကို ချက်ချင်းပြောင်းပါ။
* Password အသစ်တစ်ခုကို သုံးပါ။ စာလုံးအကြီး၊ အသေး၊ ဂဏန်း၊ သင်္ကေတတွေ ရောနှောထည့်ပြီး မှတ်ရခက်အောင် လုပ်ထားပါ။
* အခြားအကောင့်တွေမှာ သုံးထားတဲ့ Password တွေနဲ့ လုံးဝ မတူပါစေနဲ့နောိ။
2. 2-Step Verification (နှစ်ဆင့်အတည်ပြုခြင်း) ကို ဖွင့်ပါ။
* ဒါက အကောင့်လုံခြုံရေးအတွက် အကောင်းဆုံးပါပဲ။ Password ကို သူများသိသွားရင်တောင် သင့်ဖုန်းမပါဘဲ သင့်အကောင့်ထဲ ဝင်လို့ရမှာ မဟုတ်ဘူးနော်။ Google Authenticator လို App သုံးလို့ရတယ်။
3. ကိုယ်မသိတဲ့ Log in Device တွေကို ဖယ်လိုက်ပါ။
* Google Account Security Setting ထဲက "Your devices" မှာ ကိုယ့်အကောင့်နဲ့ ဝင်ထားတဲ့ Device တွေအားလုံး Log in တွေ အားလုံးကို စစ်ဆေးပါ။ မမှတ်မိတဲ့၊ မသုံးတော့တဲ့ Device တွေ၊ Web Browser အဟောင်း ကို ချက်ချင်း "Sign out" (ထွက်ရန်) လုပ်လိုက်ပါ။
4. Account Activity တွေကို ပုံမှန်စောင့်ကြည့်နေပါ။
* Google ရဲ့ "Recent security events" မှာ ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ မကြာသေးမီက လုပ်မိတာတွေကို ပြန်စစ်ကြည့်ပါ။ Password ပြောင်းတာတို့ Info ပြောင်းတာတို့ စတဲ့ ကိုယ်မလုပ်ထားတာတွေ တွေ့ရင် ချက်ချင်း Security Check လုပ်ပါ ပါ။
5. Password Manager တွေ သုံးလို့ ရပါတယ်။
* 1 Password, Google Authenticator အဲ့ ၂ ခုတော့ Recommend ပေးပါတယ်
6. Anti-Virus တွေ Update ဖြစ်လား ပြန်စစ်ပါ။
* ကိုယ်သုံးနေတဲ့ ကွန်ပျူတာနဲ့ ဖုန်းမှာ Virus Scanner ကောင်းကောင်းတွေနဲ့ ပုံမှန်စစ်ဆေးပေးပါ။ အထူးသဖြင့် Password တွေ ခိုးယူနိုင်တဲ့ "infostealer malware" တွေကို သတိထားပါ။
7. တခြား Platform က Account တွေမှာလည်း တွေမှာလည်း 2FA ဖွင့်ပါ။
* Facebook, TikTok, Instagram, Whatsapp, နောက်ဆုံး ဘဏ်အကောင့် စတဲ့ Gmail နဲ့ ဆက်စပ်နေမယ့် အခြားအွန်လိုင်း App တွေအားလုံးမှာ 2FA (နှစ်ဆင့်အတည်ပြုခြင်း) ကို ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။
8. Application Access ကို စစ်ဆေးပါ။
* Google Account Setting ထဲက "Third-party apps with account access" မှာ ကိုယ့်အကောင့်ကို ဝင်ကြည့်ခွင့်ရထားတဲ့ App တွေကို စစ်ပါ။ မလိုတော့တဲ့ သို့မဟုတ် ယုံကြည်စိတ်မချရတဲ့ App တွေရဲ့ ခွင့်ပြုချက်တွေကို ဖယ်ရှားပစ်ပါ။
ဒီအချက်လေးတွေကို လိုက်နာရင်း ကိုယ့်ရဲ့ Cyber Security အွန်လိုင်းလုံခြုံရေးကို မြှင့်တင်လိုက်ကြရအောင်နော်။
ကိုယ်တိုင်လည်း ဂရုစိုက်၊ သူငယ်ချင်းတွေကိုလည်း ပြန် share ပေးပြီး သတိပေးကြရအောင်! 💪
Ref: https://m.economictimes.com/news/international/us/how-to-secure-your-google-account-after-the-16-billion-passwords-leaked-complete-guide-for-online-safety/articleshow/121974333.cms
#ဒေတာလုံခြုံရေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11421
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |