Bah Lo Lo
21/03/2025
🏖️ဘန်ကောက်နဲ့အနီးဆုံးကမ်းခြေ 🌊 Bang Saen "ဘန်ဆန်"
🙏 "BahLoLo" အမျိုးများမင်္ဂလာပါ🙏
🏖️ ဒီတပတ် ထိုင်းနိုင်ငံတခွင်ပြဲပြဲစင်အစီအစဉ်မှာ - နွေရာသီထိုင်းနိုင်ငံမှာ အပူရှောင်ဖို့ ဘန်ကောက်နဲ့အနီးဆုံးနေရာတစ်ခုဖြစ်တဲ့ Bang Saen "ဘန်ဆန်" ကမ်းခြေကို အလည်သွားကြည့်ကြရအောင်ပါ။
🌊 Bang Saen "ဘန်ဆန်" ကမ်းခြေဟာ ဘန်ကောက်မြို့မှ တစ်နာရီခွဲခန့် သွားရသော ချွန်ဘူရီခရိုင်အတွင်းတည်ရှိပါပြီး အခြားနာမည်ကျော်ကမ်းခြေများရှိရာ စည်ကားသောပတ္တာရားနဲ့ယှဉ်လိုက်ရင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နည်းပါးတာမို့ ထိုင်းဒေသခံများ အကြိုက်တွေ့သည့် ကမ်းခြေတစ်ခုဖြစ်ပါတယ်။
🌊ဘန်ဆန်ကမ်းခြေကိုသွားရောက်လိုသူများအနေဖြင့် ဒီကမ်းခြေရဲ့ အေးဆေးတည်ငြိမ်သော လေထု၊ အရသာရှိသော ပင်လယ်စာများနှင့် လှပသော ပင်လယ်မြင်ကွင်းများကို မြင်နိုင်တာမို့ တစ်နေ့တာအပန်းဖြေခရီး (သို့) စနေ၊ တနင်္ဂနွေအားလပ်ရက်သွားရောက်အနားယူရန် အကောင်းဆုံးကမ်းခြေနေရာတစ်ခုလည်းဖြစ်ပါတယ်။
🌊ဘန်ဆန်ကမ်းခြေမှာ ဘာတွေလုပ်ဆောင်ကြမလဲ?
🏖️ကမ်းခြေမှာ အနားယူမယ် - ရွှေရောင်သဲသောင်ပြင်နှင့် အေးမြသော ပင်လယ်လေကို ခံစားရင်း ကမ်းခြေမှာ အနားယူနိုင်ပါသည်။ ရေစီးအေးသောကြောင့် ရေကူးခြင်း၊ လေထီးအားကစားနှင့် ဂျက်စ်ကီးစီးခြင်းတို့အတွက် ကောင်းမွန်ပါတယ်။
🍤🦀ပင်လယ်စာတွေစားမယ် - ဘန်ဆန်လမ်းတစ်လျှောက် လတ်ဆတ်သော Street shop များရှိပြီး သောကြာနှင့် စနေညနေပိုင်းတိုင်းတွင်တော့ ကမ်းခြေလမ်းမဟာ တပတ်တာစျေးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်စာများ၊ လမ်းဘေးအစားအစာများနှင့် ဒေသထွက်ပစ္စည်းများကို ရောင်းချကြပါတယ်။
🐒 "မျောက်တောင်ကုန်း (Khao Sam Muk)" တက်မယ် - ဘန်ဆန်ကမ်းခြေနဲ့ပင်လယ်ကို အပေါစီးရှုမြင်ခွင့်ရမယ့် သည်မျောက်တောင်ကုန်းဟာ ပျော်စရာကောင်းပြီး မျောက်များနှင့်တွေ့ရခြင်းက ကံကောင်းစေသည်ဟု ဒေသခံများက ယုံကြည်ကြကာ တောင်ပေါ်တွင်ဘုရားကျောင်းတစ်ခုရှိပါတယ်။
🐠 ဘန်ဆန်ရေအောက် Aquarium ပြတိုက်နှင့် ပင်လယ်ပြင်သိပ္ပံဌာန - (Burapha) ဘူရာဖာတက္ကသိုလ်တွင် တည်ရှိသော ရေအောက် အဏ္ဏဝါပြတိုက်ဟာ ထိုင်းနိုင်ငံ၏ ပင်လယ်နေသတ္တဝါများကို ပြသထားပြီး အကြီးအမားကြီးမဟုတ်ပေမယ့် လည်ပတ်ဖို့ကောင်းတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
🏰Ang Sila Old Market အန်ဆီလာစျေးဟောင်း - ဒီစျေးဟောင်းလေးမှာ လတ်ဆတ်တဲ့ ပင်လယ်စာများ၊ လက်မှုပစ္စည်းများနှင့် ဒေသထွက်အစားအစာများကို ဝယ်ယူရရှိနိုင်ပြီး စျေးနားမှာရှိတဲ့ သစ်သားတံတားကတေ့ာ ဓာတ်ပုံရိုက်ရန်နှင့် နေဝင်ချိန်ကြည့်ရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။
🚗 ဘန်ဆန်သို့ ဘယ်လိုသွားရမလဲ?
🛻: ဘန်ကောက်-ချွန်ဘူရီကားလမ်းမှတစ်ဆင့် သွားရောက်နိုင်ပါတယ်။
🚌: Ekkami ဘတ်စ်ကားဂိတ်မှ ချွန်ဘူရီသို့စီးပြီး ဘန်ဆန်သို့ တက္ကစီဖြင့် သွားရောက်နိုင်ပါတယ်။
🚂: ချွန်ဘူရီရထားဘူတာသို့ ရထားဖြင့်သွားပြီး တက္ကစီဖြင့် ဆက်လက်သွားရောက်နိုင်ပါတယ်။
🏖️ လည်ပတ်ရန် အကောင်းဆုံးအချိန်
☀️ (နိုဝင်ဘာ – မတ်) အေးမြသောလေနှင့် မိုးသားကြည်လင်ပါတယ်။
☀️ (မတ် – မေ) ပိုမိုပူပြင်းသော်လည်း ရေကစားရန် ကောင်းမွန်ပါတယ်။
☀️ (ဇွန် – အောက်တိုဘာ) လူထူထပ်မှုနည်းပြီး၊ မိုးရွာနိုင်ပါတယ်။
🛕 ကဲရာသီဉတုပူနေလို့ စိတ်မညစ်နဲ့မိတ်ဆွေ... ဘန်ကောက်အနားကကမ်းခြေလေးသွားပြီး ပူနေတာတွေ ပင်ပန်းနေတာတွေကို ဖြေဖျောက်လိုက်ပါ။ ဒီနေ့တော့ဒီလောက်ပဲပေါ့ခင်ဗျာ.... အခွင့်အခါသင့်ရင် သွားရောက်လေ့လာနိုင်ဖို့ အမျိုးတို့အတွက် မျှဝေလိုက်ရပါတယ်။
🙏အလုပ်အကိုင်များအဆင်ပြေကြပါစေကြောင်းဆုမွှန်တောင်းလျက်🙏
"ဘာပဲလိုလို ... Bah Lo Lo"
နွေးထွေးစွာဖြင့်
Team BahLoLo
#ဘာပဲလိုလို_ဘာလိုလိုရှိတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yadanar
Yangon
11091