BP-IT Solutions

BP-IT Solutions

Share

25/06/2023

* 𝑹𝒆𝒎𝒐𝒕𝒆 𝑺𝒐𝒇𝒕𝒘𝒂𝒓𝒆 𝑨𝒏𝒅 𝑯𝒐𝒘 𝑻𝒐 𝑼𝒔𝒆 𝑻𝒉𝒆𝒎 𝑺𝒆𝒄𝒖𝒓𝒆𝒍𝒚 *

တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ နည်းပညာကိုအသုံးပြုရင်းနဲ့ နည်းပညာဆိုင်ရာလုံခြုံရေးတွေကိုလဲမေ့ထားလို့မရပါဘူး.. ဒါကြောင့် ဘီပီက ဒီနေ့မှာ Remote Software တွေအကြောင်းနဲ့ သူတို့တွေကိုအသုံးပြုတဲ့အခါ ကိုယ့်စက်ရဲ့ Personal Data တွေပါမသွားအောင်၊ ကိုယ်မသိတဲ့သူတွေ ကိုယ့်စက်ကို Control လုပ်လို့မရအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို Sharing လုပ်ပေးချင်ပါတယ်။

# 𝑾𝒉𝒂𝒕 𝒊𝒔 𝒓𝒆𝒎𝒐𝒕𝒆 𝒔𝒐𝒇𝒕𝒘𝒂𝒓𝒆?

ပထမဆုံးအနေနဲ့ Remote Software ဆိုတာဘာလဲဆိုတာရယ် ဘာအတွက် အသုံးပြုလို့ရလဲဆိုတာလေးကိုအရင်ဆုံး ရှင်းပြပေးချင်ပါတယ်။ Remote Software ဆိုတာ အင်တာနက်ရှိနေရုံနဲ့နေရာဒေသမရွေးကနေ ကိုယ့်ရဲ့ စက်ထဲကို Access လုပ်ဖို့အတွက် အသုံးပြုလို့ရတဲ့ Software တွေကိုပြောတာပါ.. ဥပမာပြောရမယ်ဆိုရင်.. ကိုယ်က ဒီနေ့မနက်ရုံးကိုရောက်သွားတယ်.. မနေ့ညက ကိုယ်လုပ်ထားတဲ့ File တခုက အိမ်က ကွန်ပျုတာ ထဲမှာကျန်နေခဲ့တယ်.. ကိုယ်ကလဲ ဒီနေ့မနက်မှာ အဲ့ File ကိုအရေးတကြီးလိုနေပြီ.. အဲ့အချိန်မှာကိုယ့်အိမ်ကစက်ကလဲ ဖွင့်ထားမယ်.. အင်တာနက်လဲရနေမယ်ဆိုရင်.. ဒီ Remote Software တွေကို သုံးပြီး အိမ်ကစက်ထဲဝင်မယ် ပြီးရင် ကိုယ့်ရဲ့ File ကိုလှမ်းယူလိုက်လို့ရတယ်။ နောက်တခုကကျတော့ ကိုယ့်စက်မှာ Software Error ဒါမှမဟုတ် User Error တခုခုဖြစ်နေတယ်ပေါ့.. အဲ့လိုအချိန်မျိုးမှာ ကိုယ်က Service ဆိုင်ကိုလူကိုယ်တိုင်သွားနေစရာမလိုဘူး.. Online ပေါ်ကနေပြီး ဒီလို Error တွေကို ဖြေရှင်းပေးနေတဲ့ Service Provider တွေရှိတယ်.. (ဥပမာ ဘီပီတို့လိုပေါ့) သူတို့ကိုဆက်သွယ်လိုက်ရင် သူတို့တွေကနေပြီးတော့ Remote Software တွေကနေတဆင့် ကိုယ်ရဲ့စက်ထဲကို Access လုပ်ပြီး ဖြစ်နေတဲ့ Error တွေကိုရှင်းပေးလို့ရတယ်။ ဒါကတော့ Remote Software တွေအကြောင်းကို အကြမ်းဖျင်းအနေနဲ့ရှင်းပြတာပါ။ ကိုယ်အသုံးပြုမယ့် Software တွေရဲ့ Feature တွေပေါ်မှာ မူတည်ပြီးတော့ ဒီထက်မကလဲ အသုံးပြုလို့ရနိုင်ပါသေးတယ်။

# 𝑯𝒐𝒘 𝒕𝒐 𝒖𝒔𝒆 𝒕𝒉𝒆𝒎 𝒔𝒆𝒄𝒖𝒓𝒆𝒍𝒚?

အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေသလို Remote Software တွေရဲ့ ကောင်းတာတွေရဲ့ နောက်မှာဆိုးတာတွေလဲကပ်ပါလာတတ်ပါတယ်.. Remote Software ကို အသုံးပြုလိုက်တာနဲ့ ကိုယ့်စက်ရဲ့ Remote Permission က ပွင့်သွားပြီဖြစ်ပါတယ်၊ အဲ့ဒီ့အချိန်မှာ ကိုယ်ကကိုယ့်စက်ရဲ့ Remote Permission ကို တဖက်လူကို ပေးလိုက်တာပဲဖြစ်ဖြစ်၊ ခွင့်ပြုချက်မရှိပဲဝင်လာတာပဲဖြစ်ဖြစ် Permission ရသွားပြီဆိုတာနဲ့ ကိုယ့်စက်ကို သူကြိုက်သလို စီမံခွင့်ရှိသလို Data တွေလဲယူခွင့်ရှိနေတာပါပဲ.. ဒါကြောင့် ကိုယ်ခွင့်မပြုထားတဲ့ လူတစ်ယောက်က ကိုယ့်စက်ကို ဝင်လာလို့မရအောင် ကိုယ့်ဘက်ကဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ.. ကိုယ့် Data တွေကို ကိုယ့် ခွင့်ပြုချက်မရပဲ ယူသွားလို့မရအောင် ကိုယ်ဘယ်လိုတားဆီးလို့ရမလဲဆိုတဲ့အခြေခံအချက်တွေကို ဘီပီက ရှင်းပြပေးချင်ပါတယ်...

𝟭. ပထမဆုံးအနေနဲ့ Remote Software တွေကို Download လုပ်တဲ့အခါ သူတို့ရဲ့ official website တွေကနေပဲ download လုပ်ပါ။ ကိုယ်မသိတဲ့ သူတွေ Link တွေကနေပေးတဲ့ website တွေကနေ Download မလုပ်ပါနဲ့။ Remote Software တော်တော်များများက Free Version နဲ့ Paid Version ဆိုပြီးရှိတာမို့ သူတို့ရဲ့ Official Website မှာ ပိုက်ဆံပေးစရာမလိုပဲ Free Download လုပ်နိုင်ပါတယ်။

𝟮. ဒုတိယအနေနဲ့ကတော့ ကိုယ့်ရဲ့စက်ကို Remote ဝင်လာတိုင်းမှာ ကိုယ့်စက်ရဲ့ Screen ပေါ်မှာ Alert ပေါ်စေနိုင်တဲ့ Setting တွေ၊ Accept/Deny လုပ်လို့ရတဲ့ Setting မျိုးတွေ ချိန်ထားပေးပါ။ Automatically Log in ဆိုတာမျိုးတွေ၊ Remote Service တွေ နောက်ကွယ်မှာ Run နေတဲ့အချိန် အလိုအလျောက် connection တွေဝင်လာလို့မရအောင် Privacy Setting တွေ Security Setting တွေကို သေချာချိန်ညှိထားပေးပါ။

𝟯. နောက်တဆင့်အနေနဲ့ Remote Software တွေမှာ Strong Connection Password တွေထားပေးပါ.. ဥပမာ 123456, abcdef ဆိုတဲ့ လွယ်ကူတဲ့ Password တွေအစား Asdf@5678 လိုမျိုး combination password တွေ ထားပေးပါ။ များသောအားဖြင့် remote software တွေမှာ ကိုယ့် Password ကိုတခြားသူကိုပေးစရာမလိုပဲ ကိုယ့်ရဲ့ စက်ထဲကို သူများဝင်လာတဲ့အခါ Accept/ Deny Function တွေပါတာမျိုး၊ One Time Password တွေ Generate လုပ်ပေးတာမျိုးတွေရှိတာကြောင့် အဲ့လို Function မျိုးတွေကိုပဲ အဓိကသုံးပြီး ကိုယ့်စက်ရဲ့ Remote Connection Password ကို ကိုယ့်တယောက်တည်းအတွက်ပဲသုံးပါ။ အကယ်လို့မဖြစ်မနေ ပေးလိုက်ရတယ်ဆိုရင် အလုပ်ကိစ္စပြီးပြီဆိုတာနဲ့ ချက်ချင်း အသစ်ပြန်ပြောင်းဖို့အတွက်လဲ မမေ့ပါနဲ့နော်.. ဘာလို့လဲဆိုတော့ ကိုယ်ပေးလိုက် တဲ့ Password နဲ့ ကိုယ့်စက်ထဲကို အချိန်မရွေး control လုပ်လို့ရနေနိုင်ပါတယ်။ တစ်ချို့ Remote Software တွေဆိုရင် 2 Step Verification လို Function တွေပါတဲ့အတွက် Security ပိုကောင်းတာမို့ ကိုယ့်နဲ့သင့်တော်မယ့် Software ကို သေချာရွေးချယ်အသုံးပြုပါ။

𝟰. နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်စက်ကို Access လုပ်မယ့်သူရဲ့ အချက်အလက်တွေကိုအရင်မေးပါ။ ဘာအတွက် ကိုယ့်စက်ကို Access လုပ်ဖို့လိုတာလဲဆိုတာရယ် ဘာနာမည်နဲ့ ကိုယ့်စက်ကို Accept လုပ်မှာလဲ ဆိုတာမျိုးရယ်ပါ.. ဥပမာ Windows Activate လုပ်ဖို့အတွက် BP-PC ဆိုတဲ့စက်ကနေ Service လုပ်ပေးမှာပါဆိုတာမျိုးတွေပါ.. ကိုယ်နဲ့ တဖက်ကလူနဲ့ ဘာမှကြိုတင်ဆက်သွယ်ထားတာမျိုးမရှိပဲ ဝင်လာတဲ့ Connection မျိုးတွေဆိုချက်ချင်း Deny လုပ်ပါ။ ဒါမှမဟုတ် Remote Software Service တွေကို ကိုယ်အသုံးမလိုတဲ့အချိန်မှာ Disable လုပ်ထားပါ။ ကိုယ့်စက်ကို တခြားသူက အကြောင်းကြောင့် Access လုပ်ပြီးပြီဆိုတာနဲ့ ကိုယ်ချိန်ထားတဲ့ Setting တွေမှန်/မမှန်ပြန်စစ်ပါ။ တစ်ချို့ Remote Software တွေရဲ့ ကောင်းတဲ့အချက်တချက်ကတော့ Client ဘက်က Monitoring ထိုင်လုပ်နေလို့ရတာပါပဲ... တဖက်လူက ကိုယ့်စက်ထဲမှာဘာတွေလုပ်နေလဲဆိုတာကို ကိုယ်က ကြည့်နေလို့ ရသလို Data တွေ Copy ယူသွားလား မယူဘူးလားဆိုတာကိုလဲ History ပြန်ကြည့်လို့ရနေတာပါ။

ဘီပီ အခုပြောပြသွားတဲ့ အချက်တွေကို တကိုယ်ရည်စာအတွက်တင် မဟုတ်ပဲ မိမိရဲ့ အလုပ်တွေ ရုံးတွေမှာလဲအသုံးပြုနိုင်ပါတယ်။ အကယ်လို့ ကိုယ်ရဲ့ အလုပ်တွေ ရုံးတွေမှာ Remote Service တွေအသုံးမလိုပဲ ပွင့်နေတယ်ဆိုရင် လုံခြုံရေးအရ ပိတ်ထားသင့်ပါတယ်။ အခုလို Remote Software တွေအကြောင်းလဲသိရပြီ၊ ဘယ်လို Security မြှင့်ရမလဲဆိုတာလဲ သိရပြီဆိုရင် Customer တွေအနေနဲ့ Remote Software တွေကို အသုံးပြုဖို့ စိုးရိမ်နေစရာမလိုတော့တဲ့အတွက် အချိန်ကုန် သက်သာစေနိုင်သလို ဘီပီတို့လို Service Provider တွေအနေနဲ့လဲ Online ပေါ်ကနေ လုံခြုံစိတ်ချစွာနဲ့ Service ပေးလို့ရနေတဲ့အတွက် ပိုပြီးအဆင်ပြေနိုင်မယ်လို့ ဘီပီ မျှော်လင့်ပါတယ်။

နောက်နေ့တွေမှာလဲ Remote Software တွေထဲက လက်ရှိအသုံးများဆုံးဖြစ်နေတဲ့ Anydesk နဲ့ Teamviewer တွေရဲ့ အကြောင်းနဲ့ သူတို့ကို Secure ဖြစ်အောင် ဘယ်လို Setting တွေချိန်ရမလဲဆိုတာကို ဘီပီတို့က ပြောပြပေးသွားမှာမို့ ဘီပီတို့ Page လေးကို Like and Follow လုပ်ထားနော် 👩‍💻👨‍💻

BP IT SOLUTIONS
095016269

Photos from BP-IT Solutions's post 01/03/2023

Password Recovery Solution
# # # # # # # # # # # # # # # # # # # # # #

ဘီပီတို့ Customer တစ်ယောက်ရဲ့
Long Long Ago က ပေးထားတဲ့
Excel File Password ကို မေ့သွားလို့
ပြန်ဆယ်ပေးဖြစ်တာလေးပါ...

Remark: Password Recovery လုပ်ပေးတဲ့
အခါ File တွေရဲ့ Owner အစစ်တွေကိုပဲ
Service ပေးပါတယ် တခြားသူတွေရဲ့ File တွေကို
Recovery လုပ်ခိုင်းရင်တော့ မလုပ်ပေးပါဘူးနော်..

ဘာပဲမေ့မေ့ ဘီပီကိုသတိရလိုက်ပါနော်... 😉

BP-IT Solutions
095016269
09765016269

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00