My Ma Option
မမင်းတုတ် ဆေးဆိုင်လေးဖွင့်ထားသည်
သိန်း ၂၀၀ ဖိုး ရင်းထားသည် အမြတ် ၁၀% ယူပြီး တစ်ရာပေးရသော
ဆေးကို ၁၁၀ နှင့် ရောင်းသည်
ရောင်းကောင်းလှသည် တစ်ပတ်အကြာ အကုန်ထပ်ဝယ်ရသည်
ပထမ တစ်ပတ်မှာ သိန်း ၂၀မြတ်သည်
မမင်းတုတ် တစ်ပြုံးပြုံး
ဆေးအသစ်တွေလာပို့တော့
သိန်း ၂၅၀ ကျသည်ပြောသည်
စျေးတွေတက်သွားလို့ပါတဲ့
အဖေ့ဆီက သိန်း ၃၀ ချေးပြီး
ဝယ်ကာ စျေးဆက်ရောင်းသည် ၁၀ % အမြတ်ယူရောင်းမှာဘဲ အေးဆေးဟု
မမင်းတုတ်တွေးသည်
စျေးရောင်းကောင်းလို့ပျော်သည်
အရင်းများတော့ အမြတ်ပိုများလာသည်
ဒီဒုတိယအပတ် ၂၅ သိန်းမြတ်သည်
မမင်းတုတ် စိတ်ချမ်းသာသည်
အမြတ်ကြီးမစားတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟုတွက်သည်
ဆေးတွေပြန်မှာတော့ သိန်း ၃၀၀ ဖိုး
ဝယ်ရသည် ဒေါ်လာစျေးတက်သွား
လို့ပါတဲ့ မမင်းတုတ် ခေါင်းကုတ်ရင်း
အဖေ့ဆီ ပိုက်ဆံချေးရပြန်သည်
အရင်းက သိန်း ၂၀၀ အမြတ် ၂ ပတ်စာက ၄၅ သိန်း အဖေ့ဆီက ၂၅ သိန်း ထပ်ချေး
မမင်းတုတ် ဆေးဆိုင်မှာ ဆေးဝယ်တွေ ကျိတ်ကျိတ်တိုး စျေးမှန်တယ်ဟေ့
ဆေးတွေကုန်တော့ သိန်း ၃၀ မြတ်သည်
အမြတ်တွေက တစ်ပတ်ပြီး တစ်ပတ်တိုးလာသည် မမင်းတုတ် ဘဝင်မြင့်ချင်ချင်
ဆေးတွေထပ်ဝယ်တော့ အရင်တုန်းက အမယ်အတိုင်းကို သိန်း ၃၆၀ ပါတယ့်
အယ် ဒီဒေါ်လာစျေးကလဲ တက်တက်နိုင်လွန်း ကဲလေ အရောင်းအဝယ်ကောင်းနေတာဘဲ အမြတ်နည်းနည်း ပိုယူတာပေါ့
အဖေရေ ချေးပါအုံး သိန်း ၃၀
မူလ အရင်း သိန်း ၂၀၀ ၃ ပတ် အမြတ် ၇၅သိန်း အဖေ ချေးငွေ စုစုပေါင်း ၈၅ သိန်း
စုစုပေါင်း သိန်း ၃၆၀ ဖိုး ဆေးများကို သဘောကောင်းသော မမင်းတုတ်
တစ်ပတ်အတွင်း အပြတ်ရောင်းကုန်
သိန်း ၄၀ မြတ် ငါကွ ဆေးကုမ္ပဏီကို
ဆေးတွေပြန်မှာတော့ စုစုပေါင်း
သိန်း ၄၅၀ ကျပါမယ်တဲ့
မမင်းတုတ် ခေါင်းကုတ်ရင်း
စာရင်းပြန်တွက်သည်
လေးပတ်ပေါင်း အမြတ်ငွေ ၂၀+၂၅+၃၀+၄၀ သိန်း
၁၁၅ သိန်း မြတ်ခဲ့သည်
ခုပြန်ဝယ်မလို့ လက်ထဲကြည့်တော့
သိန်း လေးရာ ဆေးတွေ မူလအတိုင်း
ပြန်တင်ဖို့ သိန်း ၅၀ လိုနေသည်
အဖေ့ဆီ မျက်နှာပူပူနဲ့ ချေးရဦးမည်
အဖေရေ သိန်း ၅၀ လှည့်ပါအုံး
အဖေက ပြောသည် နင်ယူတာ ဒါနဲ့ဆို ၃၀+၂၅+၃၀+၅၀ ၁၃၅ သိန်း ရှိပြီနော်တဲ့
မမင်းတုတ် မျက်စိလယ်ပြီ
၁၁၅သိန်း မြတ်တာတောင်
အဖေ့ကြွေး ၁၃၅သိန်းတင်နေပြီ
သိန်း ၂၀၀ ရင်းပြီး တစ်လအတွင်း ၁၁၅သိန်းမြတ်တာ စီးပွားရေး
လုပ်တတ်လို့ပေါ့ အကြွေး ၁၃၅သိန်း
က ဘယ်ကရောက်လာပါလိမ့်
အဖေများအမှတ်မှားတာလား
အိမ္ကလူ ယူသုံးတာလား
ဆေးဆိုင်ကလည်း သိန်း၄၅၀
ဖိုးဝယ်မှ အရင်လိုဆက်လည်ပတ်မယ်
ဟိုဖက်က မရောင်းရတဲ့ ဆေးဆိုင်က
သိန်း ၂၀၀ ဖိုး အရင်အတိုင်းဘဲတဲ့
ငါကမှ ရောင်းကောင်းလို့
၁၃၅သိန်း အကြွေးတင်တာ
????????????
Crd
သူများဟာ
11/08/2022
✨ဒီ အကောင့်ပိုင်ရှင် လေးအတွက် Surprised Gift လေးပေးထားတယ်🎁
Happy birthday ပါရွှေလက်ပိုင်ရှင်လေးရေ🎉
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
Opening Hours
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |