Win Sakura
31/01/2026
🇯🇵Win Sakura Japanese Language ပညာဒါန စာမေးပွဲအနီးကပ် Online Class လေးမှာ A အဆင့်ဖြင့် အောင်မြင်တဲ့ ကျောင်းသူလေး၂ဦးရဲ့ အောင်လက်မှတ်များပဲဖြစ်ပါတယ်
Win Sakura မှာ ပညာဒါနသင်ကြားပေးတဲ့အတန်းလေးမှာ စာမေးပွဲအတွက် Reading Listening ကို သေချာပြန်လည်လေ့ကျင့်ပေးပြီး စာမေးပွဲဖြေပုံဖြေနည်းလေးတွေကိုပါ ဆရာမ ချောမို့မို့ဝင်းကိုယ်တိုင် အသေးစိတ် သေချာလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်
ကျောင်းသူလေးတွေကို ပြန်လှန်လေ့ကျင့်ခန်းလုပ်ခိုင်းခြင်း မေးခွန်းဟောင်းလေ့ကျင့်ပေးခြင်း နားမလည်သည့် လေ့ကျင့်ခန်းကို ပြန်လည်သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်
✍️Win Sakura Japanese Language Zoom online class သင်တန်းများမှာ အတန်းတစ်တန်းကို ကျောင်းသားဦးရေ အနည်းငယ်ပဲ လက်ခံတာကြောင့် ဆရာမများက ကျောင်းသားများရဲ့တိုးတက်မှုအခြေအနေကို အသေးစိတ် ဂရုစိုက်နိုင်ပါတယ်…သင်တန်းသားများက အိမ်စာလေးတွေ သေချာလုပ်ပေးမယ်၊ ကိုယ်ပိုင်စာကြည့်ချိန်လေး စီမံနိုင်မယ်ဆိုရင် JLPT exam များကို ဖြေဆိုအောင်မြင်နိုင်မှာဖြစ်ပြီး ဂျပန်သွားချင်တဲ့ စိတ်ကူးအိမ်မက်များထဲက ပထမဆုံးခြေလှမ်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်မှာပါ….
🏃♂️Win Sakura Japanese Language Center မှ ဂျပန်နိုင်ငံသို့ကျောင်းလျှောက်ခြင်း၊ Scholarship Program များမိတ်ဆက်ပေးခြင်း၊ အလုပ်ဖြင့်ဂျပန်နိုင်ငံသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်
🌸ဂျပန်စာအမှန်တကယ်တတ်မြောက်ဖို့ Win Sakura သို့သွားကြစို့
🌸Win Sakura Japanese Language Center🌸
Viber 09782881890
Office 09404873558
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
#ဂျပန် #ဂျပန်ရောက်မြန်မာ #ဂျပန်စာ #ဂျပန်စာသင်ကြားခြင်း
15/01/2026
🇯🇵 N3 level ဖြေဆိုအောင်မြင်ဖို့ဆိုတာ ဘာသာစကားတစ်ခုလိုအပ်ချက်သာမဟုတ်ဘဲ Career အခွင့်အလမ်းကောင်းပိုရဖို့အတွက်ဆိုလည်း မမှားပါဘူး….
👉Communication (ပြောဆို/ဖတ်ရေး) ပိုကောင်းလာတော့ အလုပ်မှာ ဂျပန်လူမျိုးတွေနဲ့အဆင်ပြေတယ်…
👉Interview အတွက် Passing Rate ပိုမြင့်တက်စေတယ်…
👉Workplace မှာ Boss / Japanese Co-worker များနဲ့ကောင်းမွန်စွာ ဆက်သွယ်နိုင်တော့ အလုပ်ခွင်မှာ စိတ်ဖိစီးမှုနည်းရတယ်…
👉အလုပ်လျှောက်တဲ့အခါမှာ Interview Chance ပိုရစေတယ်…
💁🏻♀️Japan ရဲ့ Standard Work Visa (Company Sponsored) မှာ JLPT Certification ဟာ တရားဝင်လိုအပ်ချက်မဟုတ်ပေမယ့်
✔️ Specified Skilled Worker (SSW) Visa စတဲ့ Visa Class များမှာ N4 (သို့) N4 အထက် Language Proficiency လိုအပ်ချက်တောင်းတယ်…Visa တိုးမယ်ဆိုလည်း ဘာသာစကားကျွမ်းကျင်မှုအရည်အချင်းစစ် လက်မှတ်ကို လိုပါတယ်…
🌸Win Sakura Japanese Language Center မှ ဖွင့်လှစ်မယ့် N3 Online Class က N4 အဆင့်ပြီးဆုံးထားပြီးနောက် ဂျပန်မှာ နေထိုင်၊ အလုပ်လုပ်နေရင်း
“နားလည်ပေမယ့် မပြောရဲသေးဘူး”
“အလုပ်ခွင်မှာ စကားနားလည်တာ မပြည့်စုံသေးဘူး”
လို့ ခံစားနေရသူများအတွက် အထူးရည်ရွယ်ထားတဲ့ သင်တန်းဖြစ်ပါတယ်…
N3 ဆိုတာ စာမေးပွဲအဆင့်တစ်ခုသာမက အလုပ်ခွင်မှာ ကိုယ့်ကို ယုံကြည်စေတဲ့ Japanese Level တစ်ခု ဖြစ်လာစေဖို့ အရေးကြီးတဲ့အဆင့်ပါ…
👉စာကြောင်းရှည်တွေကို နားလည်နိုင်အောင်၊
👉နေ့စဉ်ဘဝနဲ့ အလုပ်ခွင်မှာ အမှန်တကယ် အသုံးချရတဲ့ Japanese ကို အခြေခံပြီး သင်ကြားသွားမှာဖြစ်ပါတယ်…
👩🏻🏫သင်ကြားမှုပုံစံ
👉Zoom နဲ့သင်ကြားပေးမှာဖြစ်ပြီး record လုပ်ထားတဲ့ video များကို သင်တန်းပြီးတိုင်း gp ထဲထည့်ပေးမှာဖြစ်ပါတယ်…
👉မေးခွန်းဟောင်း သင်ကြားမှုပုံစံများနဲ့ဖြေဆိုခြင်းများ
👉Cultural Knowledge + Study Tips
👉သင်တန်းပြီးတိုင်းမှာ ကျောင်းသားများ ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး သိလိုရာမေးနိုင်မယ့် session ကိုလည်း စီစဉ်ပေးမှာဖြစ်ပါတယ်…
သင်တန်းသားများက သင်တန်းပြီးတဲ့အခါ
✔Complex grammar patterns ကိုနားလည်စေမယ်
✔ Long comprehension passages ကိုလည်း ကျွမ်းကျင်စွာ ဖတ်လာနိုင်မယ်
✔ Real-life Japanese conversations(ဂျပန်လူမျိုးများ နေ့စဉ်သုံး စကားပြောဆိုပုံများ) ပြောတတ်လာမယ်
✔ “Think like a Japanese” — လူမှုရေး၊ အလုပ်ခွင်၊ စကားသုံးပုံအထိ သဘောတရားများနားလည်လာမယ်…
📣သင်တန်းအကြောင်း အသေးစိတ်သိလိုပါက page messenger မှ တဆင့် အသေးစိတ်မေးမြန်းနိုင်ပါတယ်…🤳
🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558
#ဂျပန်
12/01/2026
🌨️အအေးပိုတဲ့ ဇန်နဝါရီလရဲ့ မနက်တစ်မနက်မှာ ဂျပန်က မြို့တွေနဲ့လမ်းတွေကတော့ သာမန်နေ့ထက် ထူးခြားနေပါတယ်…
👘Furisode လက်ရှည် Kimono လှလှတွေကို ဝတ်ထားတဲ့ မိန်းကလေးတွေ၊တောက်ပြောင်သန့်ရှင်းပြီး စမတ်ကျလှတဲ့ Suit အပြည့်နဲ့လမ်းလျှောက်လာတဲ့ လူငယ်ယောက်ျားလေးတွေ ဒါမှမဟုတ် ရိုးရာ Hakama ဝတ်ထားတဲ့ ယောကျာ်းလေးတွေ့မြင်ရပါတယ်…
👉ဒီ မြင်ကွင်းက တစ်နှစ်တစ်ခါသာ တွေ့ရတဲ့ မြင်ကွင်းပါ…
👉ဒီနေ့ကတော့ Seijin no Hi (成人の日) Coming of Age Day ဖြစ်ပါတယ်…
လူငယ်တွေ လူကြီးဘဝထဲကို တရားဝင် ကူးပြောင်းတဲ့နေ့ အလွယ်ပြောရရင် လူကြီးတစ်ယောက်လို စတင်သတ်မှတ်ခံရတဲ့ နေ့ဖြစ်ပါတယ်…
📣Seijin no Hi ဆိုတာ
ဂျပန်နိုင်ငံမှာ လူငယ်တွေ အရွယ်ရောက်လာပြီဆိုတာကို နိုင်ငံတစ်နိုင်ငံလုံးက အသိအမှတ်ပြုပေးတဲ့ Public Holiday တစ်ရက်ပါ…
ဒီနေ့မှာ
🏢 အလုပ်ရုံးအများစု ပိတ်ပါတယ်
🏦 ဘဏ်တွေ ပိတ်ပါတယ်
🏫 ကျောင်းတွေ၊ အစိုးရရုံးတွေပါ ပိတ်ကြပါတယ်
တစ်နိုင်ငံလုံးက
“ဒီနေ့က လူငယ်တွေအတွက်” ဆိုပြီး အချိန်ပေးတဲ့နေ့ပါ…
🎊Seijin no Hi (成人の日) Coming of Age Day မှာ Seijin-shiki (成人式) လို့ခေါ်တဲ့ အခမ်းအနားကို တခမ်းတနား ကျင်းပကြတယ်…
🕋🏛️မြို့တိုင်း၊ ရပ်ကွက်တိုင်းရဲ့
City Hall သို့မဟုတ် Community Center တွေမှာ လူငယ်တွေ စုပေါင်းပြီး အခမ်းအနားတက်ရောက်ကြတယ်…
👉အခမ်းအနားထဲမှာ မိန့်ခွန်းတွေ ကြားရမယ်၊ အပြုံးတွေ၊ လူငယ်တွေကို အလေးထားမှုတွေကို တွေ့ရမယ်…
ပြီးတော့ “ဒီနေ့ကစပြီး ကိုယ့်ဘဝအတွက် ကိုယ်တိုင်တာဝန်ယူရပါပြီ”
ဆိုတဲ့ စကားလေးကိုလည်း ကြားရပါလိမ့်မယ်…
📹ဒီအခမ်းအနားက အမှတ်တရ ဖန်တီးဖို့အတွက်သာမကဘဲ လူကြီးဘဝရဲ့ တာဝန်ကို သတိပေးတဲ့ အခမ်းအနား တစ်ခုပါပဲ…
👘 Kimono တစ်စုံနောက်က အဓိပ္ပါယ်
ဒီနေ့မှာ မိန်းကလေးတွေ ဝတ်တဲ့ kimono က လှပပြီး အလှအပထက် ပိုလေးနက်တဲ့ အဓိပ္ပါယ်ကို ဆောင်ထားပါတယ်…
➡️ “အရွယ်ရောက်လာပြီ”
➡️ “လူကြီးဘဝကို လက်ခံလိုက်ပြီ”
ဆိုတဲ့ အဓိပ္ပါယ်ပါ….
ယောကျ်ားလေးတွေကတော့
Suit သို့မဟုတ် Hakama ဝတ်ပြီး
ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်လို ခံစားကြပါတယ်….
📷ဒီနေ့မှာ
မိသားစုနဲ့အတူ ဓာတ်ပုံရိုက်တာက
မဖြစ်မနေ လုပ်တဲ့ အမှတ်တရတစ်ခုပါ…📷
🎊Seijin-shiki ပြီးသွားတဲ့အခါ
အချို့က မိသားစုနဲ့ အတူစားသောက်ကြပါတယ်...
အချို့က မိတ်ဆွေဟောင်းတွေ ပြန်တွေ့ကြပါတယ်...
အချို့ကတော့
ကိုယ့်အနာဂတ်အတွက် စဉ်းစားပြီး အကောင်အထည်ဖော်ဖို့စိတ်အားထက်သန်တတ်ကြပါတယ်…
ဒီနေ့က
👉 လွတ်လပ်မှုနဲ့အတူ တာဝန်ကို လက်ခံတဲ့နေ့
👉 ကိုယ့်ဆုံးဖြတ်ချက်အတွက် ကိုယ်တိုင် တာဝန်ယူရမယ့်နေ့
👉 လူကြီးဘဝထဲကို စတင်ခြေလှမ်းတဲ့နေ့ ဖြစ်ပါတယ်…
ဒါကြောင့်ပဲ ဂျပန်နိုင်ငံမှာ Seijin no Hi ကို နှစ်စဉ်နှစ်တိုင်း အလေးထားပြီး ဂုဏ်ပြုနေကြတာပဲဖြစ်ပါတယ်…
🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558
08/01/2026
📣ဂျပန်နိုင်ငံမှာ တစ်ယောက်တည်းနေထိုင်ရင်း စိတ်ပူရတဲ့အခါ၊ စကားပြောဖို့လိုလာတဲ့အခါ၊ အကြံဉာဏ်လိုအပ်တဲ့အချိန်တွေမှာ အားကိုးအားထား မေးမြန်းနိုင်အောင် စေတနာအပြည့်နဲ့ ဖန်တီးထားတဲ့ Couselling Session လေး Win Sakura မှာ ရှိနေပါပြီနော်…
👩🏫Win Sakura Japanese Language Center မှ တီချယ်ချောမို့မို့ဝင်းက ဂျပန်နိုင်ငံမှာ နေထိုင်လာခဲ့တာ (၁၃) နှစ်ကျော်ကြာမြင့်ပြီ ဖြစ်တဲ့အလျောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများကို အခြေခံကာ ဂျပန်ရောက်နေတဲ့ မြန်မာလူငယ်များအတွက် အခမဲ့ Counselling Session လေးမှာ ဆွေးနွေးပေးမှာဖြစ်ပါတယ်…
👉ဒီ Counselling Session မှာတော့ နေမကောင်းဖြစ်လာတဲ့အခါ ဆေးရုံသွားပြဖို့ လိုအပ်လာရင် ဘယ်လိုပြင်ဆင်ရမလဲ၊ ကားမောင်းလိုင်စင်ရယူလိုသူများ၊ အလုပ်အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ အခက်အခဲများ၊ ဂျပန်မှာ နေထိုင်ရင်း ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝဆိုင်ရာ အခက်အခဲများကို တီချယ်က ကိုယ်တိုင် နားထောင်ပြီး ကိုယ်တတ်နိုင်သလောက် လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်… ဂျပန်စာနဲ့ ပတ်သက်ပြီး သိလိုသမျှကိုလည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်…
🇯🇵Counselling Session ကို တစ်ပတ်တစ်ကြိမ်၊ လူဦးရေ အနည်းငယ်သာ လက်ခံပြီး လူတစ်ဦးချင်းစီကို အချိန် (၁၅) မိနစ်ခန့် မှ မိနစ် (၃၀) အတွင်း သတ်မှတ်ထားကာ ဆွေးနွေးပေးသွားမှာဖြစ်ပြီး အခကြေးငွေ တစ်စုံတစ်ရာ မယူဘဲ စေတနာဖြင့်သာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်… ဂျပန်မှာ တစ်ယောက်တည်း မရုန်းကန်ရအောင်၊ မေးစရာရှိရင် မေးနိုင်တဲ့နေရာတစ်ခုဖြစ်အောင် Win Sakura က ရှိနေပါမယ်…
🌸Win Sakura Japanese Language Center
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township, Yangon, Myanmar.
Viber : 09661866066
Phone :09404873558
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
No. 54 (A), Thuya Thathi Street, Kabaraye, Mayangone Township
Yangon