Tech TV
12/06/2022
ဒီနေ့မှာတော့ SecondHand လောကမှာ ခေတ်စားနေတဲ့ဖုန်းတစ်လုံးအကြောင်း User Review လုပ်ပေးချင်ပါတယ်
***LG Velvet 5G Review***
Design
သိပ်ကို Premium ဆန်တဲ့ဒီဇိုင်းပါ ရှေ့မှန်ခုံးကိုမှ နောက်က Glass ကလည်းကွေးထားပေးတဲ့အတွက် Hand Feeling က comfort ဖြစ်ပြီး smart ဖြစ်တယ်
ဖုန်းကပါးပါးကျစ်ကျစ်လေးဖြစ်တဲ့အပြင် 180g ပဲ weight ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ကိုင်လို့တကယ်ကောင်းတယ်
ဖုန်းရဲ့နောက်ကျောမှာ ကင်မရာသုံးလုံး Flashlight တစ်လုံး စုစုပေါင်းလေးလုံးကို water drop design လုပ်ထားတယ် Camera Design က Simpleဖြစ်တယ်
ဖုန်းရဲ့အောက်ဘက်မှာ Speaker USB Type C နဲ့ 3.5mm headphone jack ေပါက်ကိုတွေ့ရမှာဖြစ်ပြီး အပေါ်ဘက်မှာတော့ sim slot နဲ့ mic
ဖုန်းရဲ့ ညာဘက်မှာ Power ခလုတ်နဲ့ ဘယ်ဘက်မှာ volume up down ခလုတ် နဲ့ google assistant ခလုတ်တစ်ခုတို့ကိုတွေ့ရမှာပါ ခလုတ်တွေကလည်းနှိပ်ရတာ အဆင်ပြေတယ် ခေါင်ကျိကျိဖြစ်နေတာမရှိဘူး
အော်...နောက်ပြီးတော့ ဒီဖုန်းက IP68 water resistance ဖြစ်တဲ့အတွက် ေရစိမ်လည်းခံဦးမှာပါ (Admin တော့မစမ်းကြည့်ရသေး)
Display
6.8 အကျယ်ရှိတဲ့ P-OLED display ကိုမှ 60Hz refresh rate နဲ့ပဲလာတယ် 144hz, 120hz refresh rate ပါတဲ့ဖုန်းတွေပဲသုံးလာခဲ့လိုလားမသိဘူး 60hz ကိုအားမရတော့ဘူး
LG ရဲ့ထုံးစံအတိုင်း Display အရမ်းကောင်းတယ် Color တွေကစိုရွှဲအိစက်တယ်
ဖုန်းကမှန်ခုံးဆိုပေမယ့် ဘေးဘောင်အပျောက်မဟုတ်ပဲ ဘောင်ပါးပါးလေးတွေပါတယ် chin ကတော့တော်တော်ကို ပါးတယ်
သူ့မှာ Punch Hole နဲ့မဟုတ်ပဲ Notch နဲ့မို့ admin ကတော့ အဲ့တချက်ကိုတော့မကြိုက်မိဘူး
Speaker
ဖုန်းရဲ့အောက်မှာ Speaker တစ်ပေါက် Earpiece ကလည်း အသံထွက်တဲ့ အတွက် Stereo Speaker ဖြစ်ပြီးအသံထွက်လည်းကောင်းမွန်တယ် အပေါ်အောက်အသံညီတယ် အသံကျယ်ပြီး volume အမြင့်ဆုံးဖွင့်တာတောင် အသံအက်တာကွဲတာတွေဖြစ်မသွားဘူး လုံလောက်တဲ့ bass တော့သူ့မှာမရှိဘူး Original ပါတဲ့ LG 3D sound engine ကို on ထားရင် အသံထွက်ပိုကောင်းတာတွေ့ရတယ်
Performance
Snapdragon 765 5g chipset က gaming ပိုင်းမှာတော့ထစ်တာလေးတာမဖြစ်ဘူး ဒါပေမယ့် တစ်နာရီလောက်ဂိမ်းနှိပ်ပြီး ဖုန်းက အနည်းငယ်ပူလာတာကိုသတိထားမိတယ် ဒါကဖုန်းကပါးတာကြောင့်လည်းခံစားရတာဖြစ်မယ်... သူ့မှာ run ထားတာ Ram 8 ဖြစ်တာကြောင့် multi tasking ပိုင်းလည်းပြောစရာမလိုတဲ့အပြင် storage အနေနဲ့ 128Gb ဖြစ်တာကြောင့် လုံလုံလုံလောက်လောက်ရှိတယ်
Camera
ကျောဘက်မှာ 48MP camera တစ်လုံး 8MP Ultrawide တစ်လုံး နဲ့ 5MP Depth တစ်လုံး စုစုပေါင်း ကင်မရာသုံးလုံးကို waterdrop ပုံစံ design နဲ့ထည့်သွင်းပေးထားတယ် ကျနော်စမ်းရိုက်ကြည့်ရသလောက် ဒီစျေးတန်းမှာမဆိုးဘူး AI ကြောင့် color စိုတာတောက်တာကြိုက်တဲ့သူတွေကအဆင်ပြေတယ် ရိုက်ထားတဲ့ပုံတွေကို zoom ဆွဲ ကြည့်ရင်တော့ Detail သိပ်ကျန်တာမတွေ့ရဘူး Ultrawide camera ကလည်း 120°wide တဲ့အတွက်မိုက်တယ်
16MP Selfie Camera ကိုတော့သိပ်အားမရဘူး ဖြူတဲ့ဘက်ကိုပိုသွားထားတာတွေ့ရတယ်
Battery and Others
4300mAh Battery ကိုမှ 25W fast Charging အပြင် 9W wireless Charging ပါရတယ်
Battery က တနေ့တာအတွက်လုံလုံလောက်လောက်အသုံးခံတယ် ပြန်သွင်းရင်လည်း အားပြန်သွင်းရင်လည်း 0 to 100 ကိုတစ်နာရီခွဲဝန်းကျင်ကြာပါတယ်
Fingerprint Sensor က လက်တင်လိုက်တာနဲ့ပွင့်တယ် မြန်တဲ့အပြင် secure ဖြစ်တယ် Haptic Feedback လည်းမဆိုးဘူး ခုထွက်တဲ့ Xiaomi တွေလောက်တော့အားမရပါဘူး
Price
ဒီဖုန်းက မြန်မာနိုင်ငံကိုတော့တရားဝင်မသွင်းဘူး သို့သော် Good SecondHand ဆိုင်တော်တော်များများမှာရောင်းနေတဲ့အတွက် second ဖုန်းထဲမှာရွေးချယ်ဝယ်ယူဖို့အကောင်းဆုံးဖုန်းတွေထဲကတစ်လုံးပါ သူ့စျေးနှုန်းကလည်း Phone Only ကို ၅သိန်းဝန်းကျင်ပဲရှိတာမို့ ရွေးချယ်ဝယ်ယူသင့်ကြောင့်ပြောကြရင်း နောက်အပတ်မှပြန်ဆုံကြပါမယ်...
30/05/2022
Virtual RAM ရဲ့သဘောတရားကPC များမှာအတော်လေးရေပန်းစားသော်လည်းစမတ်ဖုန်းများမှာတေ့ာအနည်းငယ်ကွဲပြားပါတယ်
စမတ်ဖုန်းတွေမှာပါလာတဲ့ Virtual Ram ဆိုတာဖုန်းမှာရှိပြီးသား Storage ကို Ram အနေနဲ့ယူသုံးတာပါ ဒါကို Samsung Smart Phone တွေမှာ Ram Plus ဆိုပြီးနာမည်တပ်လာပြီးခုဆိုရင် Xiaomi,Realme, Oppo, Vivo တို့လို့နာမည်ကြီးစမတ်ဖုန်းတွေမှာပါ Ram Expansion , Ram Plus ဆိုပြီး နာမည်အမျိုးမျိုးတပ်ကာပါလာပြီဖြစ်ပါတယ်
Virtual Ram က RAM သို့မဟုတ် Memory ကို ပံ့ပိုးရန် သိုလှောင်မှတ်ဉာဏ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ဖန်တီးရန် ဆော့ဖ်ဝဲလ်ကို အသုံးပြုသည့် နည်းပညာတစ်ခု ဖြစ်ပါတယ်
ကိုယ့်ဖုန်းမှာ Virtual Ram ခေါ် Ram Plus ရှိလာပြီဆိုပြီး ဖုန်းကသိသိသာသာမြန်ဆန်သွက်လက်သွားမှာမဟုတ်ပါဘူး ဆိုလိုတာကVirtual Ram ဟာသင့်ဖုန်း၏ အမှန်တကယ် RAM ကို မဆိုလိုတာပါ။ တကယ်တော့Virtual RAM နဲ့ဆိုရင် ကြီးမားတဲ့စွမ်းဆောင်ရည်တိုးတက်မှုကို လုံးဝမျှော်လင့်လို့မရပါဘူး။ သင့်ဖုန်းသည် 6GB RAM + 4GB virtual RAM ကို ရရှိနေပြီး၊ ၎င်းသည် သင့်ဖုန်းကို အခြားသူများဖုန်းထက် ပိုမြန်စေသည်ဟု ယူဆနိုင်သည်။ ဒါပေမယ့် လက်တွေ့မှာ Virtual RAM ရဲ့ ရည်ရွယ်ချက်က ကွဲပြားပါတယ်။ ရှင်းရှင်းလင်းလင်းသိစေရန်အတွက် 8GB RAM ရှိသော ဖုန်းသည် 6GB RAM + 4GB virtual RAM ရှိသော စက်ပစ္စည်းထက် ပိုမိုထိရောက်ပြီး မြန်ဆန်နေဦးမှာပဲဖစ်ပါတယ်
Virtual RAM ရှိခြင်း၏အဓိကရည်ရွယ်ချက်မှာ memory management ကိုပိုမိုကောင်းမွန်စေဖို့ဖြစ်ပါတယ် Application များနဲ့ဂိမ်းတွေက Update တွေရပြီး အရွယ်အစား တိုးလာတာနှင့်အမျှ virtual RAM ရှိခြင်းသည် သင့်ဖုန်းကို RAM တွင် နောက်ထပ်appများကို ဖွင့်ထားရန် ကူညီပေးမှာပါ ဆိုလိုသည်မှာ သင်သည် Appတစ်ခုမှ တစ်ခုသို့ ပြောင်းသည့်အခါ သို့မဟုတ် appများစွာ လုပ်ဆောင်နေသည့်အခါ app ကိုထားခဲ့သည့်နေရာမှ အချိန်ပိုကြာအောင် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် appများသည် ၎င်းတို့ကို နောက်ခံတွင် အချိန်ကြာမြင့်စွာ ဖွင့်ထားသည့်အခါတွင်ပင် အစကနေပြန်လည်စတင်လေ့ရှိပါတယ် ဒီလိုဖြစ်တာကRAM module ၏မတည်ငြိမ်သောသဘောသဘာဝကြောင့်ပါ Vrtual RAM ရှိလာဖြင်းဖြင့်ဒီပြသနာကိုဖြေရှင်းပြီးသားဖြစ်မှာပါ
Virtual RAM သည် Multitasking ကို ရိုးရှင်းစွာ မြှင့်တင်ပေးမည်ဖြစ်သော်လည်း appများကို ပိုမိုမြန်ဆန်စွာဖွင့်ရန် သို့မဟုတ် ဂိမ်းများကို ပိုမိုမြန်ဆန်စွာဖွင့်ရန် ကူညီပေးမှာတော့မဟုတ်ပါ...
20/05/2022
LCD Display ,144Hz Refresh Rate နဲ့ကိုမှ Display Mate A+ ဆိုတဲ့ Redmi Note11T Series တွေကို လာမည့် ၂၄ရက်နေ့မှမိတ်ဆက်ပေးတော့မှာပါ...
09/03/2022
စိမ်းစိမ်းလေးမှကြိုက်နှစ်သက်တဲ့ဘော်ဒါတွေအတွက် Iphone 13 series ရဲ့ New Colour
Iphone 13 - Green
Iphone 13 Pro ,13 Pro Max - Alpine Green
-------------------------------------------------------
IPhone SE 3
ရှေ့မာကျွန်တော်တင်ပေးခဲ့တဲ့ leaked ထားတဲ့အတိုင်း Design ကအစ SE 2020 နဲ့ တူတူပါပဲ
ပြောင်းလဲတာက Snapdragon 8 Gen 1 ထက် performance ပိုသာတဲ့ A15 Bionic Chip ထည့်ပေးထားလိုက်တာပါ performance မိုက်ပေမယ့်ဖုန်း display ကခပ်သေးသေးဆိုတော့...🤔
A15 Bionic chip ကြောင့် battery consumptionလည်းသိသိသာသာကောင်းလာမှာပါ
Colour - Midnight, Starlight , Red
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Bagayar Street , Kyimyindaing
Yangon
11101
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |