NP Delivery Service

NP Delivery Service

Share

Photos from NP Delivery Service's post 14/05/2023
10/05/2023

အမျိုးသားတိုင်း ဖတ်သင့်တဲ့ ဆရာကြီးရဲ့
အမျိုးသားများအတွက်_ရေးတဲ့စာ

ပြဿနာလေး နည်းနည်း ရှိတာနဲ့
ပုလင်း ထောင်လိုက်ရမှ၊
အခက်အခဲ အနည်းငယ် ကြုံရတာနဲ့ သောက်လိုက်ရမှ ဆိုတဲ့
ပျော့ညံတဲ့ ယောကျာ်းတွေ ရှိတယ်။

" မိန်းမ နဲ့ ယောကျာ်း
ဘယ်သူက ပိုပြီး စိတ်ဓာတ်ခိုင်မာသလဲ "
လို့ , မေးရင်
မိန်းမတွေ က ပိုပြီး
စိတ်ဓာတ် ခိုင်မာတယ်လို့
ပြောချင်တယ်။

စိတ်ညစ်စရာ ကြုံတိုင်း
ယောကျာ်းတွေပဲ
အရက် သောက်ကြပြီး
မိန်းမတွေ အရက် မသောက်ကြဘူး။

မိန်းမတွေက ပြဿနာ တစ်ခုကို
အဖြေ ရှာနေချိန်
ယောကျာ်းတွေက ပြဿနာ အတွက် အရက် သောက်နေကြတယ်။

မိသားစု တစ်ခုမှာ
အဖေ နဲ့ အမေ ရှိတယ်။
မိသားစု ပြဿနာတစ်ခုခု
တက်လို့ပဲ ဖြစ်ဖြစ်
ဒုက္ခရောက်စရာ တစ်ခုခု
ကြုံလို့ပဲ ဖြစ်ဖြစ်
စိတ်ဆင်းရဲစရာ ဖြစ်လာတဲ့ အခါ
အဖေတွေကတော့
စိတ်ညစ်တယ်ဆိုပြီး အရက်ဆိုင်
ရောက်သွားကြတယ်။
အမေတွေကတော့ ပြဿနာတွေကို
အဆုံးသတ်ဖို့ နည်းလမ်းရှာနေကြတယ်။

အရက်သမား သား ,
အရက္သမား သမီး ,
အရက်သမား မိန်းမ"
စိတ်ဓာတ် ပျော့ညံတဲ့
ဖခင် တစ်ယောက်ကြောင့်
မိန်းမရော သားသမီးတွေပါ
မဆီမဆိုင် နာမည်ဆိုး အတပ်ခံရတယ်။

ပြောကြတယ် .....
ယောကျာ်းတွေက ပို သန်မာတယ်တဲ့။

ပြဿနာ တစ်ခုကို ..
ယောကျာ်း နဲ့ မိန်းမ ရှေ့
ပြိုင်တူ ပစ်ချ ပေးကြည့်လိုက်ပါ။
ဘယ်သူက
အကောင်းဆုံး ရင်ဆိုင်နိုင်သလဲလို့။

လူငယ်တွေလည်း ဒီလိုပါပဲ
အသည်းကွဲလည်း သောက်
ဝမ်းနည်းလည်း သောက်
စိတ်ဓာတ်ကျလည်း သောက်တာပဲ။

ဒါ့ကြောင့် .....
စကားတစ်ခွန်းဟာသိပ်မှန်နေတာပေါ့။

မိန်းကလေးတွေ
အသည်းကွဲရင် ပို ချော လာကြပြီး
ယောကျာ်းလေးတွေ အသည်းကွဲရင်
ပို ဖော လာတယ်,တဲ့။

ဘယ်သူက ခံနိုင်ရည် ရှိသလဲ
သိပ်သိသာပါတယ်။

သောက်တတ်မှ
ယောကျာ်းပီသတယ် ဆိုတဲ့
အမှားကြီးတစ်ခု အောက်မှာ
စဉ်းစားဆင်ခြင် ဥာဏ် မရှိတဲ့
ယောကျာ်းတွေ
သံသရာလည်နေကြတယ်။

အရက် သောက်ပြီး
ထွက်ကျလာတဲ့ စကားလုံးတွေနဲ့
အကြံဥာဏ်တွေဟာ ဘယ်တော့မှ
ကောင်းမွန် မနေဘူး။

မိသားစုပြဿနာ အများစုကို
အရက်သောက်တဲ့
ဖခင်တွေကပဲ ဖန်တီးတာ များတယ်။

အရက်သောက်တဲ့ ဖခင်ဟာ
ဖခင်ကောင်း မပီသနိုင်ဘူး။

သားသမီးတွေရဲ့
ရှေ့ဆောင်လမ်းပြလည်း မဖြစ်နိုင်ဘူး။

တကယ်ဆို .....
အိမ်ထောင်ဦးစီး ဆိုတာ
မိန်းမနဲ့ သားသမီးတွေရဲ့
အားကိုး မှီခိုရာ ဖြစ်တယ်။

သို့သော်လည်း ...
စိတ်ဓာတ် မခိုင်မာတဲ့
ဖခင်တစ်ယောက်ရဲ့ အရိပ်အောက်မှာ
မိသားစုဆိုတဲ့ အသိုက်အဝန်းတစ်ခုဟာ မအေးချမ်းနိုင်ဘူး။

အသည်းကွဲလို့ပဲ ဖြစ်ဖြစ်
စိတ်ညစ်လို့ပဲ ဖြစ်ဖြစ်
အရက် သောက်တော့မယ်လို့
စဉ်းစားလိုက်ရင်
သင်ဟာ စိတ်ဓာတ်ပျော့ညံ့တဲ့
ယောကျာ်းတစ်ယောက် ဖြစ်သွားပြီ။

ပြဿနာတွေ၊ အခက်အခဲတွေကို
မဖြေရှင်းနိုင်လို့ ရှောင်ပြေးချင်နေတာ။

စိတ်ဓာတ်ခိုင်မာတဲ့...
ယောကျာ်းတွေဟာ
ပြသနာတစ်ခုကို ဘယ်တော့မှ
အရက်သောက်ပြီး မဖြေရှင်းဘူး။
ဘယ်တော့မှ
အရက်ရဲ့ကျေးကျွန် အဖြစ်မခံဘူး။
ယောကျာ်းပီပီ ရဲရဲရင့်ရင့်
ရင်ဆိုင် ဖြေရှင်းတယ်။

ယောကျာ်းကောင်း တစ်ယောက် က
အရက်ရဲ့ မိတ်ဆွေမဟုတ်သလို
အရက်ကလည်း ယောကျာ်းမြတ်တို့ရဲ့ အပေါင်းအသင်း မဟုတ်ဘူး။

အဖေ အရက် သောက်နေသရွေ့
သားသမီးတွေ က
အမေကို ပိုချစ်နေကြမှာ ဖြစ်သလို ပျော့ညံ့တဲ့ ယောကျာ်းတွေ ရှိနေသရွေ့
စိတ်ဓာတ်ခိုင်မာပြီး
ထက်မြတ်တဲ့မိန်းမတွေ း
နေရာ ရလာကြအုံးမှာပါ၊

Credit to the original writer & Uploader

ဆရာကြီး လယ်တွင်းသား စောချစ်ထံမှ
တစ်ဆင့်မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

24/04/2023

ဒီရက်ပိုင်း မင်မင်အလုပ်ပြောင်းလုပ်နေပါတယ် Cbမှာမှာလို့ရတယ်နော် 🤑🤑

17/04/2023

MY WISH
—————
Starting from this Myanmar New year, 1385, in any life may I never meet bala (fools),fools also never meet me andmay I never be a worthless fool,

ကျနုပ်ဆုတောင်း
————————
မြန်မာနှစ်ဦး ၁၃၈၅ - ခုနှစ်မှစ၍
ကျနုပ်သည် ဘဝဆက်တိုင်းမှာ
လူမိုက် ဟူသမျှနှင့် မဆုံတွေ့ပရစေနှင့်။
လူမိုက်ဟူက ကျနုပ်ကို မတွေ့ပါစေနှင့်၊
ကျနုပ်ကိုယ်တိုင်လည်း လူမိုက်မဖြစ်ပရ
စေနှင့်။

မမ ပတ္ထနာ
—————
ဣတော ပဋ္ဌာယ နာဟံ ဟိ၊
ဗာလေဟိ သင်္ဂမော ဘဝေ၊
န ဗာလာ သင်္ဂမာ မယာ၊
နာမှိ ဗာလော ဘဝါဘဝေ။

Nandamalabhivamsa
17..4.23

02/03/2023

တောင်သူလယ်သမားနေ့ သမိုင်းကြောင်း

#တောင်သူလယ်သမားနေ့
________________________
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေး၀မ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ
______________
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘ၀မှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာပါသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြပါသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့ပါသည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို ဂရန်မြေ (အပိုင်စာချုပ်မြေ) အငှားစာချုပ်မြေ ယာယီလုပ်ခွင့်ရမြေ မြေနုကျွန်းမြေ နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့ပါသည်။

ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြပါသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူ လယ်သမားများ ဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘ၀မှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရပါသည်။

၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘ၀သို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါသည်။

ယင်းအရေးတော်ပုံကို ဆရာစံက သုပဏကဂဠုန်ရာဇာ ဘွဲ့ခံယူကာ သာယာ၀တီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့ပါသည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နား သွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားလာခဲ့ပါသည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘ၀မှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရပါသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့ပါသည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘ၀ကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘ၀ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာ၀န်ကျေစပါး ထုတ်လုပ်သည့် အဆင့် ရောက်ရှိခဲ့ပါသည်။

ပေါ်ပေါက်လာပုံ
______________
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘ၀မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့ပါသည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

အထိမ်းအမှတ်ပွဲများကျင်းပ
_________________________
တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပ ပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပါသည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့ပါသည်။

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


North Okkalapa, Thandar Street
Yangon
11031