StreamNet Fiber Internet Service, Yangon
08/04/2023
💦 မြန်မာနှစ်သစ်ကူး အတာသင်္ကြန် အထူးလျော့ဈေး💦
( တစ်လ ကို ၂၅၀၀၀ ကျပ်) ပဲ ကျမှာမို့ အရမ်းတန်တဲ့ အခွင့်အရေးတစ်ခုပါနော်...
🫧 15mbps ကို _တစ်လလျှင် ( 25,000 ) နှုန်းနဲ့ ( 4 ) လ ချုပ်။
🫧 20 mbps ကို _တစ်လလျှင် ( 25,000 ) နှုန်းနဲ့ ( 6 ) လ
ချုပ်။
🍀 အခြား Mbps များ ယူလိုပါက ( အတန်ဆူံးဈေးနှုန်း+ အမြန်နှုန်းအပိုခံစားခွင့် ) လေးတွေနဲ့ရနိုင်မှာမို့ လက်ဦးထားဖို့ မမေ့နဲ့နော်..
ဒီထက် ဈေးနှုန်းလေးတွေ အသေးစိတ်ထပ်မံသိချင်တယ် ဆိုရင်တော့...
📌 Page Cb ( or )
☎️ 09 797 395 183( Viber ) or ( Messenger) တို့တွင်
ဆွေးနွေးညှိနှိုင်းဖို့ နွေးထွေးစွာ အကောင်းဆူံးဝန်ဆောင်မှုများနှင့် ကြိုဆိုလျက်ပါ။
🧡🙏🙏🙏🧡
03/04/2023
🔫Fiber Internet Thingyan Promotion 🔫
💧သင်္ကြန်နှစ်ကူး အထူးလျော့ဈေး💧
တစ်လလုံးစိတ်ကြိုက် အင်တာနက်သုံးဖို့
လူများများသုံးဖို့အတွက်
(တစ်လ ၂၅၀၀၀ ကျပ်) ပဲ ကျမှာမို့ အရမ်းတန်တဲ့ အခွင့်အရေးတစ်ခုပါနော် ...
တပ်ဆင်ခ (စက်ဖိုး + ကြိုးဖိုး = အခမဲ့ ) မို့ တပ်ဆင်ကြေး [ ၃၅၀၀၀ ကျပ်ပေးစရာ မလိုတာမို့ ]
၆ လအနည်းဆုံးသွင်းပေးဖို့တော့ လိုအပ်ပါမယ်နော် ...
ဒီထက် ဈေးနှုန်းလေးတွေ အသေးစိတ်ထပ်မံသိချင်တယ် ဆိုရင်တော့ ဆွေးနွေးညှိနှိုင်းဖို့ နွေးထွေးစွာ အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် ကြိုဆိုလျှက်ပါနော်...
Contact: 09797395183
🥰🙏🏻🙏🏻🙏🏻🥰
21/03/2023
Fiber Internet နဲ့ ပက်သက်တဲ့ အခြေခံအကြောင်းအရာလေးတွေကို knowledge sharing တစ်ခုအနေနဲ့ ပြောပြပေးချင်ပါတယ်။
FTTH အကြောင်းမပြောခင်မှာ ဖိုင်ဘာကေဘယ် အမျိူးအစားတွေအကြောင်း အရင်ပြောချင်ပါတယ်၊ ဖိုင်ဘာမှာ သုံးထားတဲ့ material အမျိူးအစားအရ နှစ်မျိုးခွဲနိုင်ပြီး သွားနိုင်တဲ့ optical ray ရဲ့ wavelength အရ နှစ်မျိူးခွဲနိုင်ပါတယ်၊ ဖိုင်ဘာကေဘယ်တွေမှာ သုံးထားတဲ့ material နှစ်မျိး ရှိပါတယ်၊
၁) Glass Type Fiber Cable နဲ့
၂) Polymer Type Cable လို့ နှစ်မျိူးရှိပါတယ်၊
အလင်းဖန်မျှင်ကြိုးလို့ ခေါ်ကြတဲ့အတိုင်း နံပါတ် ၁ အမျိူးအစားက ဖန် (Glass) နဲ့လုပ်ထားတဲ့ ကေဘယ်အမျိူးအစားပါ၊ အရည်အသွေးအကောင်းဆုံးဖြစ်သလို ကုန်ကျစရိတ်လဲ ကြီးတာကြောင့် အဓိကကျတဲ့ Backbone တွေ အရေးကြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ မှာပဲသုံးလေ့ရှိပါတယ်၊ Losses နဲတာကြောင့် အကွာအဝေး ဝေးဝေးဆွဲနိုင်ပါတယ်၊ Standard Equipments တွေနဲ့ဆိုရင် 70 km လောက်ထိ distance ရနိုင်ပါတယ်၊ နံပါတ် ၂ အမျိူးအစား Polymer Type ကတော့ ပလတ်စတစ် ဖိုင်ဘာကေဘယ်လို့ပြောရပါမယ်၊ စျေးနှုံးချိူသာပေမယ့် အရည်အသွေးက Glass Type Fiber တွေကို မမှီပါဘူး၊ Optical losses များတာကြောင့် အကွာအဝေး ဝေးဝေးဆွဲလို့ မရနိုင်ပါဘူး၊ 1 km အတွင်းလောက်ပဲ အသုံးပြုနိုင်ပြီး လိုကယ် LAN တွေအတွင်းလောက်မှာပဲ အသုံးများပါတယ်။
ဒုတိယ optical ray အရခွဲရင် ဖိုင်ဘာတချောင်းထဲမှာ optical wavelength တစ်ခုထဲသွားတဲ့ ၁) Single Mode နဲ့ wavelength တစ်ခုထက်ပိုပြီး နှစ်ခုသုံးခု အပြိုင်သွားနိုင်တဲ့ ၂) Multi Mode Fiber လို့နှစ်မျိူးခွဲနိုင်ပါတယ်၊ Single နဲ့ Multi Fiber တွေဟာ performance အရ ကွာခြားမှု မရှိပေမယ့် Milti Mode မှာ wavelength နှစ်ခု သုံးခု သွားနိုင်တဲ့အတိုင်း Bandwidth ကလဲ နှစ်ဆသုံးဆ တက်လာတာမို့ Speed နဲ့ Bandwidth လိုအပ်တဲ့ နေရာမျိူးမှာ Milti Mode ကို သုံးကြပါတယ်၊ performance ပိုလာတဲ့အတိုင်း Milti Mode ဟာ Single ထက် ကုန်ကျစရိတ်လဲ ပိုပါတယ်။
Single mode fiber ရဲ့ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်၊ ပိုက်တချောင်းထဲကို လက်နှိပ်မီးနဲ့ထိုးလိုက်သလို ပါပဲ၊ optical ray ဟာ fiber ထဲမှာ တဖြောင့်ထဲသွားပါတယ်။
Multi mode fiber တွေမှာ အဓိကကတော့ wavelength မတူတဲ့ laser rays တွေကို အသုံးပြုပါတယ်၊ Laser ray တွေမှာ wavelength လို့ခေါ်တဲ့ လှိုင်းအလျားမတူရင် media တစ်ခုကိုရိုက်ခတ်တဲ့ ရိုက်ထောင့် မတူကြပါဘူး၊ ဒါကြောင့် wavelength မတူတဲ့ Laser rays သုံးခုဟာ optical fiber တချောင်းထဲ အတွင်းမှာ မရောထွေးပဲ သီးခြားစီ ဖြတ်သန်းသွားနိုင်ကြပါတယ်။
ဖိုင်ဘာကေဘယ်တွေရဲ့တည်ဆောက်ပုံက အတွင်း core မှာ Glass ဒါမှမဟုတ် Polymer အမျှင်လေးရှိပါတယ်။ ဒီ အလင်းဖောက်နိုင်တဲ့ ဖန်ကြိုးမျှင်လေးဟာ optical ray ဖြတ်သွားမဲ့ media ပါပဲ။ ဒီ ဖန်မျှင်လေးကို အပြင်ကနေ အလင်းပြန်နိုင်စွမ်းနဲတဲ့ Cladding အလွှာနဲ့ဖုံးအုပ်ထားပါတယ်။ Laser ray ဟာ ဒီဖန်မျှင်လေးအတွင်းမှာ ဖြတ်သန်းပြီး data တွေကို သယ်ယူပို့ဆောင်ပေးပါတယ်။ Single mode fiber တွေမှာ core ကသေးပြီး cladding uကြီးပါတယ်၊ Multi mode fiberတွေမှာ ကတော့ ပြောင်းပြန်ဖြစ်ပါတယ်။
အခုလောက်ဆို Fiber နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးကို တော်တော်လေးသိပြီးသွားပြီလို့ထင်ပါတယ်နော်။ ဒီလိုမျိုး Fiber နဲ့ ပက်သက်တဲ့ အကြောင်းအရာများကို ရှာဖွေ ပီး share ပေးသွားပါဦးမယ် နော်..။
Fiber Internet သုံးစွဲသူ ချစ်မိတ်ဆွေအားလုံးအား ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ။
💖🙏🏻🙏🏻🙏🏻💖
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Hleden 7 Street, Kamaryut Tsp
Yangon