NANl Channel

NANl Channel

Share

31/05/2021

How to Sell Drugs Online Fast (2019-2020) MMSub

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Season-1️⃣ & 2️⃣📺👇👇
https://m.facebook.com/story.php?story_fbid=319748296466145&id=100176865089957

Synopsis-ဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက
ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ…
Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး
လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံ

အနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း
ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်… Tech Nerd တစ်ယောက်။ သူ့သူငယ်ချင်း
Lenny ကလည်း သူ့လို Tech Nerd ပဲ ဒါပေမယ့် မသန်စွမ်း။ အဲဒီအပိုင်းမှာ သူ့ထက်တော့ ပိုပြီး ကျွမ်းကျင်တယ်လို့ပြောလို့ရတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး စွန့်ဦးတီထွင်လုပ်ငန်းလုပ်မယ်ဆိုပြီး MyTems
ဆိုတဲ့ Website လုပ်ကြတယ်။ အဲဒီ Website က ဂိမ်းသမားတွေအတွက် In-game item တွေအလွယ်အတူ ရောင်းလို့ဝယ်လို့ရအောင် လုပ်ပေးထားတဲ့ Website၊ ခက်တာက သူတို့မှာ
ဘက်ဂျက်မရှိဘူး။ ဘဏ်မှာ သူတို့ Website အကြောင်းပြောပြီး ချေးငွေတောင်းတော့လည်း အငြင်းခံရတယ်။ ဒါနဲ့ပဲ Website ဘာမှမပါတဲ့ ဗလာအဆင့်ကြီးနဲ့ရပ်နေတာပေါ့။
ဒီနောက်မှာတော့ သူတို့ဟာ Online ပေါ်တက်ပြီး မူးယစ်ဆေးဝါးတွေ ဘယ်လိုရောင်းချတယ်…ရဲတွေရန်က ဘယ်လိုရှောင်တိမ်းတယ်..အခြား မူးယစ်ဂိုဏ်းတွေရန်ကနေ
သတိမထားမိအောင် ဘယ်လိုနေကြတယ်…..
ဒီစီးရီးက မီနီစီးရီးလေး အပိုင်းကလည်း ၆ ပိုင်းပဲရှိတယ်။ တစ်ပိုင်းကို နာရီဝက်ဝန်းကျန်လောက်ပဲ။ အပေါ်ကပြောတဲ့ဇာတ်လမ်းအကျဉ်းကလည်း တကယ်အကျဉ်းပဲ။
နောက်မှဆက်ဖြစ်တာတွေ အများကြီးသေးတယ်။ ဇာတ်လမ်းကကြည့်ရင်းကြည့်ရင်း အပြီးထိထိုင်ကြည့်မိသွားလောက်တဲ့အထိဆွဲဆောင်မှုအားကောင်းတယ်….
ရိုက်ထားတာတွေကလည်း တကယ့်ကို မြူးမြူးကြွကြွနဲ့…ခံစားကြည့်လိုက်ပါဦးဗျို့….ကြည့်ရကျိုးနပ်စေတဲ့စီးရီးတစ်ခုလို့ပြောချင်တယ်…
ဇာတ်ကားနာမည်နဲ့တင် လုံလောက်နေပါပြီ….

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပဲဖြစ်ပါတယ်…

18/05/2021

Breaking Bad Season(1to5) Completed

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link 👇👇
https://www.facebook.com/100176865089957/posts/310912540683054/

Synopsis-အထက်တန်းကျောင်းကဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။
သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။
သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ်သူ့မိသားစုရဲ့ရှေ့ရေးအတွက်ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင်သူမတူအောင် မိုက်ပါတော့တယ်။
ကမ်းကုန်အောင် မိုက်ပါတော့တယ်။
နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့
ဒီလောက်ပဲ ညွှန်းပါတော့မယ်။
နာမည်ကြီး Game of Thrones (GOT) ကို
ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။
IMDb Rating ကတော့ 9.5/10 ပါ
Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon