Swe Tha Har

Swe Tha Har

Share

14/12/2023

လောကမှာဘယ်အရာမှအလကားမရပါ...

အောင်မြင်တဲ့သူတိုင်းမှာ
လုံလောက်တဲ့ ကြိုးစားအားထုတ်မှုရှိကြသလို

တခြားလူတွေမသိတဲ့
နာကျင်မှုနဲ့ပေးဆပ်မှုတွေလည်း ရှိကြစမြဲပါ...

ပုံထဲကသူက အားလုံးသိကြတဲ့
ကမ္ဘာကျော်ရုပ်ရှင်မင်းသား Bruce Lee (ဘရုစ္စလီ)
ပဲဖြစ်ပါတယ်...

သူက အဲဒီခေတ်က သိုင်းပညာပေါင်းစုံပြိုင်ပွဲတွေမှာ
ချန်ပီယံဖြစ်ခဲ့သလို သူ့ခေတ်သူ့အခါက သူ့ကို
ဘယ်သူမှ တစ်ဦးချင်းနိုင်အောင် မတိုက်ခိုက်
နိုင်ခဲ့ပါဘူး...

သူအဲလို ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်
ဖြစ်လာအောင် သာမာန်လူတွေ လိုက်မလုပ်နိုင်တဲ့
လေ့ကျင့်ခန်းတွေ များစွာလုပ်ခဲ့ရပါတယ်...

သူ့ရဲ့နာမည်ကျော် One Inches Punch လို
ထိုးချက်ပြင်းဖို့ပုံထဲကအတိုင်း သူ့လက်ကို အသားမာ
တက်တဲ့အထိမာကျောတဲ့အရာဝတ္ထုတွေကို
အနာခံ ထိုးပြီး ခက်ခက်ခဲခဲလေ့ကျင့်ခဲ့ရတာပါ...

သူ့လက်သီးက ဘယ်လောက်ပြင်းသလဲဆိုရင်
လက်ညှိုးတစ်ထောက်စာအကွာက ကပ်ထိုးရင်တောင်
လူတစ်ယောက်ကို ကိုးပေလောက် လွင့်ထွက်သွား
စေခဲ့ပါတယ်....

လောကမှာဘယ်အရာမှအလကားမရပါ...

မိတ်ဆွေ...သင်လည်း ဘဝမှာ သူများထက်
အောင်မြင်ချင်ရင် သူများထက်ပိုပြီး
ကြိုးစားအားထုတ်ဖို့နဲ့ အနစ်နာခံပေးဆပ်ဖို့
လိုအပ်ပါတယ်...။ ။

(ဒီပို့စ်လေးက မိတ်ဆွေတို့အတွက် စိတ်ဓာတ်ခွန်အား
ဖြစ်စေတယ်ဆိုရင် ပြန်ရှယ်ပေးဖို့ မမေ့ပါနဲ့နော်)

Sir Rio - Business Counsellor

04/10/2023

ဆရာကြီးဦးအောင်သင်းက
@@@@@@@@@@
လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှစ်ခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး
တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ.
ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ" တဲ့
"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
~~~~~~~~~~~~
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ။

26/09/2023

❝အသံတွေ သိပ်ထွက်လွန်းရင် မကောင်းဘူး❞

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်း
အကျိုးရှိမဲ့ စကားကလွဲရင် တခြားစကားတွေ
များများပြောဖို့ အတွေးမရှိကြဘူး။
အလုပ်ပဲ လုပ်ချင်ကြတာဗျ...။

အသံတွေ သိပ်ထွက်နေပြီဆိုရင်
ကျိန်းသေတယ် ကြည့်ကြည့်လိုက်...
လုပ်တာနည်းနည်း ပြောတာများများ
လူအမျိုးအစားတွေချည်းပဲ။

ဘယ်ငွေစက္ကူမှ အကြွေစေ့တွေလို
အသံမထွက်ကြဘူး မဟုတ်လား။

ဒီတော့ ကိုယ့်အလုပ်ကိုယ်သာ ကြိုးစားပြီး လုပ်...
မလိုအပ်ဘဲ စကားတွေ မဖောင်းပွနဲ့။
မသင့်တော်တဲ့ အသံတွေ မထွက်စေနဲ့။
အလွန်အကျူး ကိုယ်ရည်သွေးစကားတွေ မပြောနဲ့။

ကိုယ့်ရဲ့လုပ်ရပ်နဲ့ ကိုယ့်ရဲ့အသံက
ကိုယ့်ပုံစံကို ဖော်ပြပေးလိမ့်မယ်။

အရည်အသွေးမြင့်ပြီး တည်ငြိမ်တဲ့အသွင်အပြင်ကို
တည်ဆောက်တတ်ဖို့ စာပေဗဟုသုတ ပြည့်ဝဖို့ လိုပါတယ်။
ဒါကြောင့် စာများများဖတ်ဖို့လဲ မမေ့ပါနဲ့။

#မူရင်းစာပေရေးသားသူအားcrdပေးပါတယ် ゚viralシ #လူငယ်များအတွက်ဗဟုသုတစာပေများ ုဂံမြေစာပေချစ်သူ ้างรายได้ #ဓမ္မသုတရသစာစုများ #လူငယ်များအတွက့်စာကြည့်တိုက့် #ပညာဒါန #ဗဟုသုတ #လူငယ် ゚ #လူ #ဘဝ ゚viral

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Thiri Mingalar New Market
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00