Digital Base

Digital Base

Share

လုပ်ငန်းများ နည်းပညာကိုအသုံးပြုပြီး ပိုမိုလွယ်ကူချောမွေ့စေရန် နဲ့ ပိုမိုတိုးတက်စေရန်မှာ Digital Base ရဲ့ Mission ဖြစ်ပါတယ်။

07/07/2026

🧑‍💻ကျွန်တော်တို့ နေ့စဉ် ဖုန်း ၊ tablet ၊ ကွန်ပျူတာ
တွေကို အသုံးပြုပြီး အမြဲတမ်းလိုလို ဝင်ကြည့်ဖြစ်
နေတဲ့ အင်တာနက် စာမျက်နှာတစ်ခု ဖြစ်တဲ့
( World Wide Web ) ဖန်တီးမှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာသတိထားမိကြပါသလား။

🌐 World Wide Web ဖန်တီးမှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူကတော့ အင်တာနက်ရဲ့ ဖခင်ကြီး တစ်နည်းအားဖြင့် ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် စီးဆင်းမှုကို တစ်ဆစ်ချိုး ပြောင်းလဲပစ်ခဲ့သူ လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ Sir Tim Berners-Lee ပဲဖြစ်ပါတယ်။ နည်းပညာ ထိတွေ့ အသုံးပြုနေတဲ့သူတိုင်း Sir Tim Berners-Lee ကို သတိထားမိကြမယ် ထင်မိပါတယ်။

🔍 ဒါဆိုရင် Sir Tim Berners-Lee ရဲ့ အကြောင်းလေးကို လေ့လာကြည့်ကြရအောင်။

💡Sir Tim Berners-Lee ဟာ ( 8 June 1955) ခုနစ်မှာ မွေးဖွားခဲ့ပြီး ဗြိတိန်လူမျိုး၊ကွန်ပျူတာသိပ္ပံပညာရှင်ကြီး ( Computer Scientist ) တစ်ဦးလည်းဖြစ်ပါတယ်။ Sir Tim Berners-Lee, ကို မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါး ဖြစ်ကြတဲ့ Conway Berners-Lee ( father ) နဲ့ Mary Lee Woods ( mother ) နစ်ယောက်စလုံးဟာ ကမ္ဘာ့ပထမဆုံး စီးပွားရေးသုံး ကွန်ပျူတာကြီးဖြစ်တဲ့ Ferranti Mark 1 ကို တည်ဆောက်ခဲ့ကြတဲ့ ရှေ့‌ဆောင် ကွန်ပျူတာပညာရှင်တွေလည်း ဖြစ်ကြပါတယ်။

🔰သူ ငယ်ငယ်က အနှစ်သက်ဆုံး ကစားနည်းတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ကတ်ထူသေတ္တာအဟောင်းလေးတွေနဲ့ တခြား အိမ်သုံးပစ္စည်းအကျိုးအပဲ့တွေကို စုစည်းပြီး စိတ်ကူးထဲက ကွန်ပျူတာပုံစံတူ အရုပ်တွေ လိုက်လုပ်တာပဲ ဖြစ်ပါတယ်။

🔰သင်္ချာဘာသာရပ်ကိုလည်း ထူးထူးချွန်ချွန် ရူးသွပ်ခဲ့ပြီး ရောက်လေရာနေရာက ရထားလက်မှတ်တွေ၊ စာရွက်အပိုင်းအစတွေပေါ်မှာ တွေ့သမျှ ကိန်းဂဏန်းတွေကို လိုက်တွက်ချက်နေတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

🔰The University of Oxford - ကျောင်းတက်နေတဲ့ အရွယ်မှာလည်း အံ့ဩစရာကောင်းတဲ့ ဖန်တီးမှုတစ်ခုကို လုပ်ခဲ့ပါသေးတယ်။ အဲဒါကတော့ ကျောင်းကပစ္စည်းတွေကို အသုံးပြုပြီး သူ့ရဲ့ ပထမဆုံး ကွန်ပျူတာအစစ်ကို ကိုယ်တိုင် လက်လုပ် (DIY) တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။

👨‍💻 Sir Tim Berners-Lee ဟာ ၁၉၈၉ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CERN မှာ အလုပ်လုပ်ရင်း သူ့မှာစိတ်ကူးတစ်ခုရခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေအချင်းချင်း သုတေသနအချက်အလက်တွေကို အလွယ်တကူ မျှဝေကြည့်ရှုနိုင်မယ့် စနစ်တစ်ခုကိုအကောင်အထည်ဖော် ဖန်တီးချင်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ သူဟာ အင်တာနက်ကွန်ရက်ချိတ်ဆက်မှုစနစ်ပေါ်မှာ သတင်းအချက်အလက်တွေကို လင့်ခ် (Link) တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုသူအားလုံး ကြည့်ရှုနိုင်မယ့် World Wide Web ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

🧠Website တွေရဲ့ တည်ဆောက်ရာမှ အရေးအကြီးဆုံး အထောက်အပံ့ကောင်းတွေဖြစ်တဲ့

(1) HTML (HyperText Markup Language)

(2) URI/URL (Uniform Resource Identifier)

👉🏻( ဥပမာ - [ www.google.com] [ https://www.google.com ] )

(3) HTTP ( HyperText Transfer Protocol ) စတာတွေကို [ Sir Tim Berners-Lee ] တစ်ယောက်တည်း ရေးသားတီထွင်ခဲ့တာပါ။

✅Sir Tim Berners-Lee တီထွင်ခဲ့တဲ့ World Wide Web စနစ်ကြီးကို သူသာ မူပိုင်ခွင့်လျှောက်ထားပြီး ငွေရှာခဲ့ရင် အခုအချိန်လောက်ဆို ကမ္ဘာ့ အချမ်းသာဆုံးသူ တောင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူက "လူတိုင်း လွတ်လပ်စွာနဲ့ အခမဲ့ သုံးစွဲနိုင်ရမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မူပိုင်ခွင့် မယူခဲ့ပဲ ဖန်တီးပေးခဲ့တာ သိပ်ကို လေးစားစရာကောင်းလွန်းလှပါတယ်။ အောင်မြင်တဲ့စနစ်တစ်ခုတည်ဆောက်တဲ့အခါ ကိုယ်ကျိုးစီးပွားထက် "အများပြည်သူအတွက် ဘယ်လောက် တန်ဖိုးဖန်တီးပေးနိုင်မလဲ" ဆိုတာကို ရှေ့တန်းတင်ခဲ့တာပါ။ဒါကြောင့်မို့လို့လည်း အင်တာနက်ဟာ ဒီနေ့လိုမျိုး အရှိန်အဟုန်နဲ့ တိုးတက်လာပြီး လူတိုင်း လက်လှမ်းမှီခဲ့တာ ဖြစ်ပါတယ်။

💡Tim Berners-Lee ဖန်တီးခဲ့သော ကမ္ဘာ့ပထမဆုံး Website ကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး ၁၉၉၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်အောင် အများပြည်သူသို့ ဖြန့်ဝေခဲ့ပါတယ်။ကမ္ဘာ့ပထမဆုံး ( Website URL ) ကတော့ ( http://info.cern.ch/ ) ပဲ ဖြစ်ပါတယ်။

✅Sir Tim Berners-Lee ဟာ အသက် 70 ကျော်သွားပြီဖြစ်ပြီး အခုချိန်အထိလည်း သူဟာ ရပ်တန့်မနေဘဲ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပိုမိုလုံခြုံစေမယ့် နည်းပညာစနစ်သစ်တွေကို ဆက်လက်တီထွင်နေဆဲ ဖြစ်ပါတယ်။ Tim Berners-Lee ချပေးခဲ့တဲ့ အခြေခံအုတ်မြစ်တွေကြောင့်ပဲ ယနေ့ခေတ်မှာ လုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ်မျက်နှာစာ ( Website ) တွေ ဆောက်လုပ်ပြီး ကမ္ဘာတစ်ဝှမ်းကို ခြေဆန့်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

🤩သင့်လုပ်ငန်းရဲ့ Website ကော....... နည်းပညာစနစ်တွေကို အသုံးချပြီး စနစ်တကျနဲ့ ခိုင်မာမြန်ဆန်အောင် တည်ဆောက်ထားပြီးပြီလား။

🚀သင့်လုပ်ငန်းကို အမြန်ဆုံးနဲ့ အလုံခြုံဆုံး ဖြစ်အောင် အဆင့်မြှင့်တင် တည်ဆောက်ဖို့အတွက် Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။

Photos from Digital Base's post 22/06/2026

ကိုယ့်ရဲ့လုပ်ငန်းမှာ လူကိုယ်တိုင် လိုက်လုပ်နေရလို့
အချိန်မလောက် လုပ်ငန်းမတွင်ကျယ်ဖြစ်နေပြီလား။

📊လူကြီးမင်းတို့၏ လုပ်ငန်းလည်ပတ်မှုကို သာမန်ထက် ပိုမိုထိရောက်မြန်ဆန်ပေါ့ပါးစေဖို့ရာ လုပ်ငန်းတိုးချဲ့ဖို့
အချိန်အကြာကြီး မစောင့်ပါနဲ့တော့ မိတ်ဆွေ။၂၀၂၆ မှာ သင့်လုပ်ငန်းကိုခိုင်မာတဲ့ ဒီဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပြီး အရှိန်အဟုန်နဲ့ လုပ်ငန်းကြီးတစ်ခုအဖြစ် စနစ်တကျ အသွင်ပြောင်းလဲလိုက်ပါ။ သင့်လုပ်ငန်းကို Premiumကျကျဖြင့် မိမိတို့ရဲ့ ရေရှည် Loyal Customerကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ရေရှည်အောင်မြင်မှုဆီသို့ တက်လှမ်းနိုင်ပါပြီ။

💡သင့်လုပ်ငန်းကို Premium ကျကျအဖြစ် အဆင့်တိုးမြှင့်ဖို့ Domain, Hosting နဲ့ Business Emails ပါ အပါ အခြားသော ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု အပြီးအစီးပါဝင်တဲ့ Digital Base ၏ ပရော်ဖက်ရှင်နယ် ရွေးချယ်စရာ Packages အမျိုးအစားများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ‌ရွေးချယ်နိုင်ပါပြီ။

📌သင့်လုပ်ငန်းရဲ့ Brand Identity ကို အဆင့်မြှင့်တင်ပြီး Loyal Customer တွေရဲ့ ယုံကြည်မှုကို ရယူဖို့ Digital Base မှ ရွေးချယ်စရာ ဝန်ဆောင်မှု (၃) ခု။

✅Website Design Packages : လူကြီးမင်းတို့၏ လုပ်ငန်းအမျိုးအစားအလိုက် စိတ်တိုင်းကျ ရေးဆွဲပေးသောဝန်ဆောင်မှု။ (One Page & SMEs Packages)

✅E-Commerce Package : Orders/ Stocks နှင့် Payment ပါဝင်သော အွန်လိုင်းအရောင်းစနစ် ရေးဆွဲပေးသောဝန်ဆောင်မှု။

✅LMS : ပညာရေးလုပ်ငန်းများအတွက် အွန်လိုင်းသင်တန်းကျောင်းစနစ်များအတွက် ရေးဆွဲပေးသောဝန်ဆောင်မှု။

💁‍♂️အချိန်ကုန် သက်သာမယ်၊ စနစ်ကျမယ်၊ ရောင်းအားတက်မယ်။ လုပ်ငန်းရှင်တိုင်း အဖြေကိုရှာဖွေနေတယ်ဆိုရင် Digital Base ကိုသတိရလိုက်ပါ။ သင့်လုပ်ငန်းအတွက် အလုပ်လုပ်ပေးမယ့် စွမ်းဆောင်ရည်မြင့် Website/ App တစ်ခု ရရှိဖို့ Digital Base မှ ဝန်ဆောင်မှုအပြည့်ဖြင့် အမြဲကြိုဆိုလျက်ပါ။

အသေးစိတ်ကို ‌ဖော်ပြပါ ဖုန်းလေးမှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။ ☎️ 09775999680

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00