The Bridge Learning Centre
09/12/2020
နှစ်တနှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့ဒီဇင်ဘာမှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုတောင်းပေးရင်း လအလိုက်သက်ဆိုင်ရာ idioms များနဲ့ အသုံးပြုပုံကိုမျှဝေလိုက်ပါတယ်။
January
It'll be a long day in January
ဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာမျိုးကိုပြောချင်တဲ့အခါမှာသုံးပါတယ်။
e.g It'll be long day in January when you beat me in Chess.
Chess ထိုးတာမှာငါ့ကိုနိုင်ဖို့ ဆယ်သက်ကြိုးစားအုံး။
March
Mad as a March hare
ရူးကြောင်ကြောင်နိုင်တာ
e.g I like Jimmy but he acts as mad as a March hare sometimes.
ငါ ဂျင်မီကိုတော့သဘောကျပါရဲ့။ ဒါပေမဲ့ဒီကောင်ကတစ်ခါတလေကျ ရူးကြောင်ကြောင်နိုင်တယ်/ လုပ်တတ်တယ်။
April
April showers bring May flowers
မုန်တိုင်းပြီးရင်တော့ လေညင်းလာမှာပဲ/ အကြပ်အတည်းေနာက်မှာ ပျော်စရာတွေ ရောက်လာမှာပဲ
e.g We all hate this Covid situation but remember April showers bring May flowers!
ဒီကိုဗစ်ကာလကြီးကိုစိတ်ကုန်လိုက်တာ ဒါပေမဲ့အခြေနေတွေတည်ငြိမ်သွားရင်တော့ အဆင်ပြေလာမှာပါ။
May/December
A May-December romance
အသက်အရွယ်ကွာလွန်းသူနှစ်ယောက်ကြားက ပတ်သက်မှုကိုပြောချင်တဲ့အခါမှာသုံးတယ်။
e.g Kit is 18 and Tony is 50. I am curious how their May-December romance can work.
ကစ်က ၁၈ တိုနီက ၅၀။ သူတို့ရဲ့ အရွယ်ကွာလွန်းတဲ့ဆက်ဆံရေး/အချစ်ရေး ဘယ်လိုဆက်ဖြစ်လာမလဲသိချင်မိတယ်။
June
maybees don't fly in June
အာရုံများတာတွေရပ်တော့/ ခဏခဏစိတ်အပြောင်းအလွဲလုပ်တာတွေရပ်တော့
e.g Just pick something from the menu! Maybees don't fly in June!
ဟိုဟာလိုလိုဒီလိုလိုလုပ်မနေဘဲ မီနူးထဲကတစ်ခုခုသာရွေးလိုက်ပါတော့။
July
a cold day in July
ဘယ်တော့မှဖြစ်မလာနိုင်တော့တဲ့အခြေအနေ(အပေါ်က it's be a long day in January နဲ့တူသည်)
e.g It will be a cold day in July when she becomes slim.
သူပိန်လာဖို့ကတော့ဒီတစ်သက်မဖြစ်နိုင်တော့ဘူး။
ကျန်တဲ့လတွေနဲ့ သက်ဆိုင်တဲ့ idioms တော့မရှိပါဘူး။
photo: Internet
07/12/2019
How many opinion adjectives do you know to describe things?
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |