TODAY Book Store
TODAY Book Store page ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး စာပေချစ်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။
14/06/2026
၁၀ ဆ သီအိုရီ
TEAM NYANA
တန်ဖိုး - ၁၆,၀၀၀ ကျပ်
စာမျက်နှာ - ၂၇၃
"အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက တစ်ခုတည်းသော ခြားနားချက်က ဘာများဖြစ်မလဲ"
- ကမ္ဘာကျော်စွန့်ဦးတီထွင်သူ၊ အိမ်ခြံမြေလုပ်ငန်းရှင်နဲ့ အရောင်းမြှင့်တင်ရေးနည်းပြ ဂရန့်ကာဒုန်း (Grant Cardone) ကတော့ "၁၀ ဆ သီအိုရီ" လို့ ခေါ်တဲ့ အယူအဆက အဲဒီမေးခွန်းရဲ့ အဖြေဖြစ်တယ်လို့ ဆိုပါတယ်။
- သုညကနေစခဲ့ပြီး ဒေါ်လာ သန်းထောင်ချီတန်တဲ့ လုပ်ငန်းတွေ တည်ထောင်နိုင်ခဲ့သူတစ်ဦးအနေနဲ့ ဂရန့်ကာဒုန်းဟာ သူလုပ်ခဲ့တဲ့ စီးပွားရေးတိုင်း၊ ကူညီခဲ့တဲ့ လုပ်ငန်းတိုင်းမှာ သူ့ရဲ့ လက်စွဲတော်ဖြစ်တဲ့ ၁၀ ဆ သီအိုရီ ကို အမြဲတမ်း အသုံးချခဲ့ပါတယ်။
- ၁၀ ဆ သီအိုရီက ဘာကိုဆိုလိုသလဲ
ရည်မှန်းချက် ချမှတ်ရာမှာ ကိုယ်တွက်ထားတာထက် ၁၀ ဆ ပိုမြင့်တဲ့ ရည်မှန်းချက်ကို ချပါ။
လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း ပုံမှန်ထက် ၁၀ ဆ ပိုပြီး အားထုတ်ပါ။
ဒါဟာ အတိုင်းအဆမဲ့ အောင်မြင်မှုနဲ့ ပန်းတိုင်တွေကို သိမ်းပိုက်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် မအောင်မြင်တာ မရှိနိုင်ဘူးလို့လည်း စာရေးသူက အာမခံထားပါတယ်။
- ဒီစာအုပ်မှာဆိုရင်... အောင်မြင်သူနဲ့ မအောင်မြင်သူတွေကြားက ကွာခြားချက်တွေ၊ အောင်မြင်မှုအပေါ် လူအများ အထင်မှားနေတဲ့အချက်တွေကို တစ်ခုချင်း ရှင်းလင်းထားပုံ၊ အောင်မြင်မှု ရဖို့အတွက် လိုအပ်တဲ့အရာတွေကို အသေးစိတ်ဖော်ပြထားပုံ စတဲ့အကြောင်းအရာတွေကို အခန်း ၂၃ ခန်းခွဲပြီး လေ့လာနိုင်မှာပါ။
- ဒီစာအုပ်က သင့်ကို ပန်းခင်းတဲ့လမ်းကို လမ်းညွှန်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆီသွားတဲ့ခရီးဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို ကြိုသတိပေးပြီး၊ အဲဒီလမ်းပေါ်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို ပြသပေးထားပါတယ်။
- ဒီစာအုပ်ကိုဖတ်ပြီး သင့်ဘဝရဲ့အောင်မြင်မှုတွေကို ၁၀ ဆ မြှင့်တင်လိုက်ပါ။
စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်
Viber https://invite.viber.com/...
Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။
#တူဒေးစာအုပ်တိုက်
#၁၀ဆသီအိုရီ
13/06/2026
ကြီးမားတဲ့ချို့ယွင်းချက်တွေ ရှိနေတဲ့အခါမျိုးမှာတောင်
ပင်ကိုအစွမ်းအစရှိတဲ့သူတွေဟာ
သူတို့လုပ်ရမယ့်အလုပ်တွေကို
အောင်မြင်အောင်လုပ်ဆောင်နိုင်ကြပါတယ်။
ခေါင်းဆောင်တိုင်းသိသင့်သော
လမ်းညွှန်မှုနည်းလမ်းများ" စာအုပ်မှ ကောက်နုတ်ချက်
#တူဒေးစာအုပ်တိုက်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
အမှတ် (H) ၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်
Yangon
11051
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |