Kyaw

Kyaw

Share

24/10/2025

ဘေဘီလုံမှာ အာခတ်ဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူက နေ့တိုင်း အလုပ်ကြိုးစားလုပ်လည်း ပိုက်ဆံမစုမိဘူး။

တစ်နေ့မှာ သူက သူဌေးကြီးတစ်ယောက်ကို ချမ်းသာတဲ့နည်း အကြံတောင်းတယ်။

သူဌေးက "ငွေတချို့တစ်ဝက်ကို ကိုယ့်အတွက် ခင်ဗျားချန်ထားနိုင်ရင် ဒါဟာ ချမ်းသာဖို့ သော့ကို ခင်ဗျားရှာတွေ့လိုက်တာပဲ" လို့ ပြောတယ်။

သူဌေးရဲ့စကားကို နားထောင်ပြီး အာခတ်က "ကျွန်တော်ရှာတဲ့ငွေတွေက ကျွန်တော့်ဟာပဲ မဟုတ်လား" လို့ နားမလည်စွာ မေးတယ်။

သူဌေးကြီးက ခေါင်းခါပြီး " အပ်ချုပ်
သမားကို ခင်ဗျား ချုပ်ခချေတယ်၊ ဖိနပ်ပြင်သမားကို ခင်ဗျား ပြင်ခချေတယ်၊ အစားအစာ ဝယ်တယ်၊ လူတိုင်းကို ခင်ဗျားပေးချေပေမယ့် ကိုယ့်အတွက် ခင်ဗျား မချေဘူး" လို့ ပြောတယ်။

တစ်နည်းပြောရရင် ချမ်းသာကြွယ်ဝဖို့ ပိုက်ဆံတွေ ပိုရှာတာ မဟုတ်ဘဲ မိမိကိုယ်ကို ဦးဆုံး ရင်းနှီးမြှုပ်နှံတာ ဖြစ်တယ်။

ဒီသံမဏိစည်းမျဉ်းကို လိုက်နာပြီး အာခတ်ဟာ အရည်အချင်း စွမ်းရည်နဲ့ အတွေ့အကြုံတွေကို စုပြီး ဘဝရဲ့ ပထမဆုံး ငွေကြေးကိုရခဲ့တယ်။ နောက်ဆုံးမှာ ဘေဘီလုံမှာ အချမ်းသာဆုံး သူဌေးဖြစ်လာခဲ့တယ်။

နှစ်ပေါင်းများစွာအကြာမှာ ခေတ်သစ်
ဘဏ္ဍာရေးပညာရေး ရှေ့ဆောင်သူ George Clason က အဲဒီအကြောင်းကို "ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်" စာအုပ်ထဲ ထည့်ရေးခဲ့တယ်။

အဲဒီစာအုပ်ထဲကနေ တဆင့် လူတွေကို ပြောပြချင်တာက ...

ဆင်းရဲသားတွေ ဘာလို့ တစ်သက်လုံး ပိုက်ဆံ မစုမိတာလဲ..

သူဌေးတွေက ဘာလို့ ပိုပိုပြီး ချမ်းသာတာလဲ...

အကြီးမားဆုံး ခြားနားချက်က "ကိုယ့်ကိုယ်ကိုယ် ငွေမချေဘူး" ဆိုတဲ့ စကားအပေါ် နားလည်မှု ကွဲပြားလို့ဖြစ်တယ်။

ဒီိနားလည်မှုကနေ ဘဝလမ်းကြောင်းတွေဟာ လုံးဝကွဲပြားသွားတယ်။

ကိုယ့်ကိုယ်ကိုယ် ငွေပေးချေတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတာပါပဲ။

1️⃣ အစီအစဉ်အတွက် ငွေပေးချေတယ်
2️⃣ အရည်အချင်းအတွက် ငွေပေးချေတယ်
3️⃣ အကောင်အထည်အတွက် ငွေပေးချေတယ်
4️⃣ အသိဉာဏ်အတွက် ငွေပေးချေတယ်
5️⃣ ရိုးသားဖြောင့်မတ်မှုအတွက် ငွေပေးချေတယ်

လောကကြီးကို "ကိုယ့်စည်းမျဉ်းတွေကို ကိုယ်တိုင်ရေးဆွဲတယ်" လို့ ကြွေးကြော်တဲ့အခါ တကယ့် ချမ်းသာကြွယ်ဝမှုက ဖြစ်ပေါ်လာပါတယ်။ ဒါတွေအားလုံးရဲ့ ကနဦးအစက ကိုယ့်တန်ဖိုးကို စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံတာပဲ" လို့ ရင်းနှီးမြှုပ်နှံရှင် Jim Rogers က ဆိုပါတယ်။

ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာပါ။
လမ်းက ကိုယ့်ခြေထောက်အောက်မှာပါ။

ကိုယ့်ကိုယ်ကိုယ် ပိုအားကောင်းအောင် လုပ်ရင် အခွင့်အလမ်းနဲ့ ချမ်းသာကြွယ်ဝမှုတွေက ကိုယ့်ဆီ အလိုအလျောက်ရောက်လာပါလိမ့်မယ်။

ဖတ်မိတာကို ဘာသာပြန် မျှဝေပါတယ်..

💌
#နိုင်းနိုင်းစနေ

24/10/2025
21/10/2025

တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ်ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်။

အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့။

ခင်ဗျား စားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျား အိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့။

လုပ်စရာအလုပ်တွေလည်း
မယ်မယ်ရရသိပ်မရှိတော့ဘူး။
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး။
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး။

နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်။

ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး။
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို
ဘယ်သူကမှကြာကြာအဖက်လုပ်ကြမှာ မဟုတ်တော့ဘူး။

ခင်ဗျားရှာထားခဲ့တဲ့ တိုက်တွေ ကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး။

ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး။
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်။

အတူတူ အိုမင်းကြမယ်ဆိုတဲ့
လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်။
( ဇာတ်ဆရာအလိုကျပေါ့လေ )

တချို့လည်း သေကုန်ပြီ…
တချို့လည်း ပျောက်ကုန်ကြပြီ…
တချို့လည်း ခပ်ယဲ့ယဲ့…
တချို့က ခပ်မဲ့မဲ့…

လူတချို့ကို ပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမဲ့ သူတို့ မရှိကြတော့ဘူး။
ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင် စိတ်တွေ
ပေါ်လာလိမ့် မယ်
ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး။

ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ် ဆိုတာသိလာလိမ့်မယ် တချိန်ထဲမှာပဲ
အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်။

နောက်ဆုံးတော့...
ဘဝဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...
ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon