Slim and Fit

Slim and Fit

Share

08/05/2022

#ပိန်ချင်သူများမဖြစ်မနေဖတ်ကြည့်ပါ

ကိုယ့်ဆီမှာလည်းကပ်နေသေး တစ်နေ့တမျိုးမရိုးအောင်ဒုက္ခပေးတဲ့ထဲမှာ အဆီတွေက ထိပ်ဆုံးကပါပါတယ်။အထိုင်အထလေးရတာနဲ့ ဒူးလေးနာလိုက် သွေးလေးတက်လိုက်နဲ့ တော်တော်ဒုက္ခပေးတဲ့ ကပ်ပါးကောင်လိုပါပဲ။

ဒီကြားထဲ အဝတ်အစားတွေက လည်ပင်းထိပဲစွပ်လို့ရတော့တာဆိုတော့ လက်ထဲပိုက်ဆံရောက်မယ်မကြံသေးဘူး ကုန်သွားပြန်ပြီ ခနခန...

ဒီလိုဒုက္ခပေးတဲ့ဟာကို နင်နဲ့ငါပြတ်ပြီဆိုပြီး block လိုက်ရုံနဲ့လည်းမရ၊ ရာဇသတ်ကြီးပုဒ်မ (---) အရ ဒီလကုန်အပြီးဆင်းပေးရန် အမိန့်ချမှတ်လိုက်သည်ဆိုလို့လည်းမရဆိုတော့ ဘာလုပ်ကြမှာလဲ?

လွယ်လွယ်လေးနဲ့ကိုခက်နေတာပါ။အစားအသောက်ကို စနစ်တကျစားလိုက်ရုံနဲ့တင် အဆီပိုတွေဆိုတာ ပြတ်သွားတဲ့ Ex လိုမျိုး ကိုယ့်ဆီဘယ်တော့မှ ပြန်လာမှာမဟုတ်တော့တာ သေချာပါတယ်။

စနစ်တကျတော့စားချင်ပါရဲ့
ထမင်းကလည်း စားချင်သေး
အသုပ်ဆိုင်တွေ့လည်း အုပ်လိုက်ရမှ
ပါးစပ်လေးကလည်း တစ်ခုခုဝါးနေရမှ နေသာထိုင်သာရှိတာမျိုး
ညစာမစားပဲ အိပ်ရရင်လည်း ခေါင်းအုံးတောင် ဝါးချင်စိတ်ပေါက်တဲ့ မနုိင်စိန်တွေဆိုလည်း ပြဿနာမရှိပါဘူး။

Slim & Fit ရဲ့ Professional အာဟာရဆရာမက တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်းတွက်ချက်ပြီး တစ်နေ့လုံးစားရမယ့် အစားအသောက်ညွှန်ကြားချက် plan ကို စနစ်တကျပြုလုပ်ပေးမှာဆိုတော့ ထိုညွှန်ကြားချက်အတိုင်းစားရင်း အဆီပိုတွေကို နှင်ချနိုင်ပါပြီ။

တကယ်ပိန်ချင်စိတ်ရှိဖို့တော့ အရေးကြီးတယ်နော်။မဟုတ်ရင် ပြန်မလာတော့တဲ့ ex ကိုလည်းမမေ့နိုင် Crush ကိုလည်းဖွင့်မပြောရဲသလိုမျိုး ဟိုမရောက် ဒီမရောက်ဖြစ်နေပါလိမ့်မယ်။

ကဲ... သီဟတင်စိုးရဲ့ တိုက်ပွဲခေါ်သံမဟုတ်တဲ့ ကိုယ်နဲ့အဆီတုံးရဲ့ တိုက်ပွဲကို အခုပဲ စလိုက်ပါတော့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon