Cosmo King

Cosmo King

Share

13/02/2025

Replica နဲ့ သူ့ရဲ့ Movement ✍...Next Day

28/11/2024

🔅🔅🔅VINTAGE WATCH 🔅🔅🔅

👴တစ်နေ့.... မတွေ့တာ ကြာပြီ ဖြစ်တဲ့ မိုက်ကယ်မိုးအေး တစ်ယောက်.... ဆိုင်ကို....ထုံးစံ အတိုင်း သူ့ရဲ့ခေါင်းပြောင်ပြောင်ကို ကုတ်ပီး.....ဝင်လာတယ်......အကြောင်း အရင်း က. Thai ကို ခလေးအကြောင်းပြပီး..ထွက်သွားတဲ့ဆိုက္ကားသမား ကျော်ကြီး ဂျင်းထည့်သွားတဲ့....ရုရှားထုတ်...Vintage သံပတ်ပေးနာရီ..က....အချိန် မမှန်လို့....ဆိုပီး.....ရောက်ချလာတာ.....
💡အစကတော့ တစ်နေ့ကို...အချိန် ၅ မိနစ်...၁၀မိနစ်လောက် ကွာတာပဲ ရှိတယ်.....အခုတော့... အချိန်က. မြန်လိုက် နှေးလိုက်နဲ့....ဘယ်လိုမှ မှန်းလို့ မရဘူးဖြစ်နေတယ်...ပတ်ရတယ်ကို မရှိဘူး....
လိုင်းပေါ် က တွေ့တဲ့ ကောင်မလေး နဲ့ အပြင်မှာ Coffee Date လို့ ဒီနာရီကိုကြည့်ပီးသွားလိုက်တာ....၁ နာရီ လောက် နောက်ကျသွားလို့....စိတ်ဆိုးပီး Block သွားပြီဗျာ တဲ့......FA. ဘဝ..နဲ့ ရှင်သန်နေရတာ .....မလွယ်ပါဘူး..တို့ ဘာတို့ပေါ့...😁💔

⌚နာရီကို ဖွင့် ကြည့်လိုက်တော့....Balance Bridge (စဂျီ)..ကိုအရင်စစ်ကြည့်တာ.....ပုံမှန်အနေအထားပဲ......လည်နေတဲ့ Coin ကို သေချာကြည့်တော့မှ....Coin. ဟာ...တခြမ်းကပ်ကပ်သွားတယ်..... သံလိုက်ဓာတ် ဝင်နေသလိုမျိုး..ကြီး..ဖြစ် နေတယ် ....အချိန် ညှိဖို့ ..တော်ရုံနဲ့ မရတော့ဘူး....အပူပေးပြီး....သံလိုက်ဓာတ် ဖျောက်မှ.....ရတော့ မယ်....အခန့်မသင့်ရင်... အပူကြောင့် Coin Balance မညီတော့ပဲ .ပူးသွားရင် ပိုဆိုးသွားတတ်တယ်..

⌚မိုက်ကယ်မိုးအေး က...နာရီကို မပတ်ပဲ ထားရင်....ကြုံရာနေရာမှာ...ထားထားတတ်တယ် .ထိမ်းသိမ်းပေးမဲ့ မိန့်မမရှိတာလဲ ပါတာပေါ့...သူထားတဲ့ နေရာတွေက. .TV....Sound Box.....စတဲ့ သံလိုက်ဓာတ် ရှိ တဲ့ နေရာလေးတွေနားမှာ ထားလိုက်မိလို့ ဖြစ်တာ...Vintage လဲ ဖြစ်ပြန...ပစ္စည်းရှားတဲ့ ရုရှားထုတ် နာရီဆိုတော့... ပစ္စည်း လဲရရင်..မရှိလောက်ဘူး.... ဒါကြောင့် လက်ရှိအတိုင်းကို...ပဲ အဆင်ပြေအောင်လုပ်ပေးရတော့မှာပဲ.
မရရင်လဲ....တခြားနာရီ...ထုတ်ရောင်းပေးရမယ်..Hongkong စက်ကို Swissmade ဆိုပီးတော့..😁....(စတာနော်) .....

⌚ရသလောက် ကြိုးစားပီး ပြင်ပေးလိုက်ပေမဲ့....စိတ်တိုင်းမကျဘူး......အချိန်က. မြန်နေတာပဲ......တစ်နေ့ ကို....၁၀မိနစ်..... ၁၅ မိနစ် လောက်.....မြန်မယ်ဆိုတော့ ....မိုက်ကယ်ကြီး က. ရတယ်တဲ့ ၁နာရီလောက် မမြန်ရင်. ..ရပြီဆိုပဲ......TimeGrapher ..နဲ့ ချိန်ကြည့်ပေးပါလား....လုပ်သေးတာ....TimeGrapher..က. Phillip Hein....ဆိုင်မှာ လာထားရင်...ချိန်ပေးမယ် လို့ မနဲချော့မော့ပြောပီး ပြန်လွှတ်လိုက်ရတယ်....မိန့်မ မရတာလဲ မပြောနဲ့. အရမ်းကဂျီဂဂျောင် ကျတာ😏😂...
⌚🖥တကယ်တော့ TimeGrapher က.....Vintage နာရီတွေထက်...... New Model.. နာရီတွေကိုပဲ ချိန်ပေးရတာ အဆင်ပြေမယ်......Vintage မရဘူးလားဆိုတော့...မရတာမဟုတ်ဘူး.....ရတယ်......Vintage watch တွေက....Wheel Panium Smooth ဖြစ်နေသေးရင်....ချိန်ရတာအဆင်ပြေမယ်.......TimeGrapher က. ကြိမ်နှုန်းကို ဖတ်တာဆိုတော့....(စဂျီ) တစ်ခုထဲ... လည်ပတ်အားကြိမ်နှုန်းမဟုတ်ပဲ. ..Wheel panium လည်ပတ်မှုအားနဲ့ ...ဖြစ်တည်လာတဲ့......Balance Bridge Coin ရဲ့.....ဘယ်ညာ လည်ပတ်မှုကြိမ်နှုန်းရဲ့ အချိုးကျမှုကို ဖတ်တာဖြစ်ပါတယ်.......Panium လေးတွေ သံချီးစားတာ...သံပတ်ကို အစားထိုးလဲထားတာ ....အနည်းငယ် ပဲ့နေတာတွေဟာ.....Panium Smooth မဖြစ် တာမို့.....TimeGrapher နဲ့ ချိန်တာထက်....Manural ချိန်ရတာက. ပိုပီး အဆင်ပြေပါတယ်........Vintage ကိုပတ်မယ်ဆိုရင်...အချိန် နှေးတာ မြန်တာတော့...သီးခံ ရမယ်.ဒါမှမဟုတ် ....Condition ကောင်းတဲ့...Vintage တွေလဲ....ရှိပါတယ်.....သေချာရှာမေး..ဝယ်ကြပေါ့ဗျာ.....
⌚နောက်တစ်ခုက.....မိမိလက်ထဲမှာ...Vintage နာရီပိုင်ဆိုင်ထားရင်.....အကြမ်းမသုံးပါနဲ့.....ရေမသုံးပါနဲ့...သံလိုက်စက်ကွင်းရှိတဲ့ နေရာ.....စတာတွေကို သတိထားစေချင်ပါတယ်....အခန့်မသင့်လို့ ရေဝင်သွားရင်.... Dail Print တွေဟာ....နှစ်ကာလကြာပြီမို့. . အပေါ် မှာ ClearCoat.မရှိတော့တာမို့....ပျက်စီးတ်ပါတယ်...ဆေး.ပြန်ရေးရရင် နှမျောစရာကြီးဗျာ....ဂရုစိုက်ကြစေချင်ပါတယ်......အားလုံသော နာရီချစ်သူများ..... မိမိရဲ့.အဖိုးတန်နာရီများ ကို..တန်ဖိုး ထား ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.......✍

Cosmo king
Watch Sale& Service Techination
NaingYuzana watch Showroom
Yangoon
28/11/2024
10:55.PM

Photos from Cosmo King's post 14/05/2024

⚜ဟောင်းပေမဲ့ ကောင်းနေဆဲပါပဲ💮

⌚နာရီလို့ ပြောတာနဲ့ ROLEX ဆိုတဲ့ အမှတ်တံဆိပ် ကို..လူတိုင်းသိ ..လူတိုင်းကြိုက်... ဆိုတာ ပြောစရာ တောင် လိုမယ်မထင်....

⌚ဒီအထဲမှာ..... ကျတော် ဒီနေ့ အဓိက ထားပီး ပြောချင်တာက..ယနေ့ခေတ်မှာ...Datejust ဆိုပီး ....နာမည်ကြီး လူကြိုက်များ Series ရဲ့ ဖြစ်တည်မှုအစ.... #16014..ROLEX Datejust Vintage watch..မှာ သုံးထားတဲ့ 1570Movement အကြောင်း ကို ဆွေးနွေးပီး ပြောပြသွားချင်ပါတယ်.....

⌚ဒီနေ့ ခေတ်ရဲ့..Datejust တွေမှာ သုံးတဲ့ #3035... #3055.. #3135 စတဲ့ Movement တွေဟာ.......1570ရဲ့ ကျောရိုးကိုယူပီးမှ......ပြန်လည်ထုတ်လုပ်ထားတာဖြစ်ပါတယ်......1️⃣9️⃣7️⃣7️⃣ကနေ1️⃣9️⃣8️⃣8️⃣အထိ ထုတ်လုပ်ခဲ့တဲ့..16014/1570 ဟာ.....ယနေ့ခေတ် လူငယ်တွေလက်ထဲမှာလဲ.....အဖိုးအဖွားအမွေ အဖြစ်လက်ဆင့်ကမ်း...တရိုတသေ....ထိမ်းသိမ်းပြီး...ဝတ်ဆင်လာတာ တွေ့ရတယ်....

⌚ဆိုတော့..... ဒီနေ့မှာ တွေ့ရတဲ့....ROLEX datejust16014/1570. ကို ထပ်ပြီး ကိုယ့်ရဲ့..သားစဉ်မြေးဆက် အထိ...ထပ်ပီး လက်ဆင့်ကမ်းချင်ရင်....ဘာတွေ ရှောင်ရမလဲ ဆောင်ရမလဲ ပြောကြရအောင်ဗျာ.......
⌚ပထမဉီးဆုံး အနေနဲ့ ကျတော့ဆီ Service ရောက်လာတဲ့....16014ကို...ကြည့်ရရင်....
1️⃣Dail..... မူလကာလာ အဖြူမှ....အရောင်နဲနဲလေးဖျော့သွားတာကလွဲပြီး.....ROLEX. logo....စာတမ်းနဲ့ စင်တီမီိတာစိပ် လေးတွေဟာ ဆေးသားမပျက်ပဲ....နဂိုမူလ အတိုင်းရှိနေပါသေးတယ်....
ဒီနေရာမှာ.. ကျတော် တို့ Service သမားတွေ သတိထားရမှာက...Dail ဆေးသားကို လက်နဲ့ မထိမိအောင် ..သတိထားကိုင်တွယ်သင့်ပါတယ်....တတ်နိုင်ရင်..လက်အိတ်သုံးတာကောင်းပါတယ်....ဆေးသားမှာပါတဲ့....ကျန်းမာရေး ကိုထိခိုက်စေတဲ့...ဓတ်သတ္တုတမျိုးအကြောင်းကို.....Watch&Tech မှာ..ဖတ်ဖူးကြမှာပါ.....

2️⃣ကော်မှန်ကို သုံးထားတာဖြစ်တဲ့ အတွက်...ထိခိုက်မိလို့....အက်ရာသေးသေးလေးနဲ့...အစင်းရာ ရှိပါတယ်...အစင်းရာက ဖျောက်လို့ရပါတယ်....အက်ကြောင်းလေးကတော့ မပျောက်ပါဘူး Dail colour ကြောင့် သေချာကြည့်မှမြင်ရပါတယ်....

3️⃣Case နဲ့ Brealet မှာ Caseက ပေါ်လစ် တိုက်ရင် အသစ်အတိုင်း ပြန်ဖြစ်တယ်.. Brealet. ..ကတော့...အဆစ်တွေကြဲသွားတဲ့ အတွက်...အတွင်းLink pin တွေကိုလဲပီး..75%အထိ ..ကျစ်လစ်အောင်ပြန်လုပ်လို့ရပါတယ်.....

4️⃣Crown (သော့သီး) က...အပြင်ပိုင်းကောင်းပြီး အတွင်းအရစ်../အိမ်ပိုက်အရစ်က...နှစ်ကြာလို့...ပြုန်းသွားပါပြီ.....အသစ်လဲလို့ ရသလို အစားထိုးအရစ်ပြန်ဖော်ပြီးသုံးလို့ရပါတယ်....

5️⃣Movement 1570..ကိုကြည့်ရရင်... #သော့တံ.. ဂျီးမှိုတက်... ဆီခမ်း..... ... ရေညှိဂျိူး ရှိ.....
Bridge မူလအတိုင်း.....(စဂျီတိုင် မတိုသေး...Coin လဲ ကောင်း)
တွေ လဲ အကောင်း အတိုင်းရှိနေပါသေးတယ်...... (သံပတ်) က..... အချိန် ကာလအရ. မကျိုးအောင်....သေချာ ဆီစိမ်ပီးမှ....ပြန်ဖျောင့််ပီး ခွေထည့်ရပါတယ်.....Panium တွေပြန်လည်ပတ်စေတဲ့ ကန်အား ကိုပြန်ပေးနိုင်ပါသေးတယ်.....
⌚Cleaning ကို သေချာလုပ်ပြီး.....1570ဟာ....နောက်ကာလ ရှည်အထိ....အသက်ဆက်နေအုန်းမှာပါ.....ဒီပိုင်ရှင် မတိုင်မီ....မူလ ပိုင်ရှင်ဟာလဲ.....သေချာစည်းကမ်းတကျပတ်လာလို့လဲ...... ... တွေဟာ ရေကြောင့် မပျက်စီးပဲ......Original အတိုင်းရှိနေသေးတာကလဲ ဒီVintage ROLEX ဟာ တန်ဖိုးတစ်ခု အထိ ရှိနေပါသေးတယ်......
⌚သို့သော် ....ယခုပိုင်ရှင်ကိုလဲ သေချာမှာရတာက....ရေမဝင်...မပြုတ်ကျ ..အကြမ်းပတမ်း မပတ်ဖို့ မှာပါရစေ...Vintage ဖြစ်တာမို့လို့.....New Modal Series တွေလို....အချိန်တိကျမှုနဲ့ အကြမ်းခံ နိုင်မှုဟာ လိုအပ်ချက် အနည်းငယ်ရှိနေမှာပါ.....
⌚Original ကော်မှန်
Original အိမ်ပိုက်..သော့သီး
Original Oring တွေလဲလို့ ရရင် ....Waterresistant ပိုခံနိုင်မယ်ဆိုပေမဲ့....ကုန်ကျစာရိတ်က မနည်းတာမို့....Local Service က အတတ်နိုင်ဆုံး ပြန်လည်ပြုပြင်ထားတဲ့.Quality ကိုထိမ်းပြီး....ရေရှည်လက်ဆင့်ကမ်း ဝတ်ဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းးးးး


Service Show room
16014/1570

Cosmo King
Watch Service &Sale Techination
14.5.2024
TUE
23:37pm

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon