APEX ZONE
မေလ ၁၅ ရက်နေ့မှာ အတန်းသစ် စဖို့ ရှိပါတယ် ။
မင်္ဂလာပါ
Apex Zone မှ ကြိုဆိုပါတယ်
page မှာ post အသစ်တွေ မတင်ဖြစ်တာ တကယ် ကြာပါပြီ။
ပထမဆုံး အမတို့ ပြုလုပ်ခဲ့တဲ့ webinar လေးကြောင့် သက်ဆိုင်ရာ ကျောင်းတွင် ဝင်ခွင့်ရသွားသော ၊ scholarship ရသွားသော ကျောင်းသား ကျောင်းသူများ အားလုံးကို ဂုဏ်ပြုပါတယ်။ ညီလေး ညီမလေးတို့ရဲ့ ပညာရေး လမ်းခရီးမှာ အကူအညီတခု ဖြစ်ခွင့်ရသည့် အတွက်လည်း ဝမ်းသာပါတယ် ။
နောက်လည်း ပိုကောင်းမွန်တဲ့ webinar တွေ ဆက်လုပ်သွားဖို့ ကြိုးစားလျက်ပါ။ အဲ့တော့ ပြောပြချင်တဲ့ အကြောင်းအရာက အခုစပါပြီ 🙂။
ညီလေးတို့ ညီမလေးတို့က ကျောင်းလည်း ရွေးပြီးသွားပြီ( budget ရော နိုင်ငံရော ဘာသာရော အားလုံး ရွေးချယ် ပြီး) ၊ မိမိရဲ့ကျောင်း ဝင်ခွင့်မှာ GED အမှတ်လိုတာ သေချာလို့ GED ကို စတင်လေ့လာပြီ ဆိုရင်ဖြင့် မိမိနဲ့ သင့်တော်သော study plan ကို မိမိဘာသာ create လုပ်ဖို့လိုအပ်ပါတယ် ။
တော်တော်များများကတော့ ကိုယ်ရဲ့ senior အမ အကို စသဖြင့်ကို သူတို့ စာဘယ်လိုလုပ်လဲဆိုတာ မေးဖူးကြမှာပါ။ သို့သော် just to remember that everybody is different ပါ။ သူများအတွက် အဆင်ပြေပေမဲ့ မိမိအတွက် အဆင်ပြေချင်မှ အဆင်ပြေမှာပါ။ အဆင်မပြေလည်း စိတ်ဓါတ်ကျဖို့မလို့ပါ။ တခြားသူ ဘာလုပ်နေတယ် ဆိုတာသိရင် (သူတို့ကလည်း ကြွားရင်ပေါ့လေ 🤣)မိမိအတွက် သင့်တော်မယ် study plan ကို create လုပ်ပြီးတော့ မိမိ lifestyle ကို engage လုပ်ပါ။
ပြီးတော့မှ commitment ကိုလိုက်ပါ။
နောက်တော့ consistency လေး ထပ်ဖြည့်လိုက်ပါ။
သူချည်းပဲလား patience လေးပါ ပါတာပေါ့။
လူတယောက်က သူရဲ့ဘဝမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာတဲ့အခါ သူဘယ်လောက် engage လုပ်နိုင်လဲ ဆိုတာမူတည်ပြီး အောင်မြင်ဖို့ probability က တက်လိုက် ကျလိုက်ဖြစ်နေတတ်တာပါပဲ။
မိမိကိုယ်ကို သူများနဲ့နှိုင်းယှဉ်နေမယ့်အစား
အရင်တုန်းက မိမိနဲ့ အခုမိမိနဲ့ နှိုင်းယှဉ် ရပါမယ် ။ သူများ အောင်မြင်မူကို motivation ယူ လက်ခုပ်တီးပြီး ဝမ်းသာပေးလိုက်ပါ။ သူများနဲ့ သွားနှိုင်းယှဉ်ပြီး စိတ်ဓါတ်ကျနေဖို့မလိုပါ။ ကြိုးစားပါ။ 0.75 လောက်နဲ့ စလိုက်ပါ။ နည်းနေပေမဲ့ zero ထက်ကောင်းတယ်ဆိုတာ မမေ့ပါနဲ့။
ဟုတ်ပါပြီ။ အဲ့ဒီတော့ study plan ဘယ်လိုစလုပ်ရမလဲ???
နောက် post တွေကျ ပြောပြပေးပါ့မယ်။ 😄
အထူး remind လုပ်ချင်တာက
Take a deep breath and
Relax your body first
It is ok to fail
Just don’t give up
📝👏
မင်္ဂလာပါ Apex Zone မှကြိုဆိုပါတယ်။
Apex Zone Webinar - Thammasat University (TISR Program)
Document တွေ download လုပ်ယူရန် link ပါ။
Apex Zone Webinar - TISR Program Documents
https://drive.google.com/drive/folders/1-Qc9ttj-D2hsEtfku3pJ9U7BAqUopamu
အခုလိုတက်ရောက်ဆွေးနွေးသည့်အတွက် Apex Zoneမှ ကျေးဇူးတင်ရှိပါသည်။ ကျောင်းသူကျောင်းသားများ မိမိတို့လိုရာ ပန်းတိုင်ကို ရောက်ရှိကြပါစေ။
မေတ္တာဖြင့်
APEX ZONE
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |