JK Language Coach

JK Language Coach

Share

19/01/2022

I'm used to နှင့် I used to
ကွာခြားချက်ကဘာပါလဲ???..................

🅰
I'm used to + Ving
I'm used to + noun
အရင်ကလုပ်လေ့ရှိခဲ့တယ်၊ 🚨 အခုလည်းလုပ်နေဆဲပဲ၊ အဲဒီပြုလုပ်ခြင်းက သက်တောင့်သက်သာပါပဲ၊ အဲဒီလိုပြုလုပ်ခြင်းက ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဥပမာ -
I'm used to spicy food.
ကျွန်တော် အစပ်တွေစားရတာကျင့်သားရနေပြီ။
I'm used to teaching.
ကျွန်တော့်အတွက် စာသင်ပေးရတာ ပုံမှန်ဖြစ်နေပြီ။
I'm used to hot weather.
ကျွန်တော် ပူအိုက်ပြင်းထန်တဲ့ရာသီဥတုနဲ့အသားကျနေပြီ။
I'm used to driving on the right.
ကျွန်တော် ညာမောင်းဓလေ့ကိုလည်း ကျင့်သားရနေပြီ။
I'm used to exercising regularly.
ကျွန်တော် လေ့ကျင့်ခန်းအချိန်မှန်လုပ်တာ ပုံမှန်လိုဖြစ်နေပြီ။......................

🅱
I used to + verb
I used to + adj/ noun
ကျွန်တော်အဲဒီအရာကို အတိတ်တုန်းက အကြိမ်ပေါင်းများစွာ အချိန်အတော်ကြာပြုမူခဲ့တယ်၊ 🚨 ဒါပေမယ့် အဲဒါကို အခုဆက်ပြီးမလုပ်ဖြစ်တော့ဘူး။ (or) ကျွန်တော်အတိတ်တုန်းက အဲဒီအရာအဖြစ်အချိန်အကြာကြီးရှိ/ဖြစ်ခဲ့တယ်၊ ဒါပေမယ့် အခုလုံးဝမဟုတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဥပမာ -
I used to live in Thailand.
ကျွန်တော်ထိုင်းနိုင်ငံမှာအကြာကြီးနေခဲ့ဖူးပါတယ်။ (ခုထိုင်းမှာမနေတော့ပါ)
I used to work in a language centre.
ကျွန်တော်ဘာသာစကားသင်တန်းကျောင်းတစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်။ (ဒါပေမယ့် ခုအဲဒီမှာအလုပ်မလုပ်တော့ပါ)
I used to wear a tie everyday.
ကျွန်တော် နက်ခ်တိုင်ကိုနေ့တိုင်းဝတ်ဆင်ခဲ့ဖုးပါတယ်။ (ဒါပေမယ့် ခုမဝတ်ဖြစ်တော့ပါ)
I used to be a communication coach.
ကျွန်တော် ဆက်ဆံရေးနည်းပြဖြစ်ခဲ့ဖူးပါတယ်။ (ဒါပေမယ့် အခုမဟုတ်တော့ပါ)
I used to be 70kilos.
ကျွန်တော် ကီလိုကိုးဆယ်တောင်ရှိခဲ့ဖူးပါတယ်။ (ခုတော့ပိုပိန်သွားတာပါ or ပိုဝလာပါပြီ )


ဲ့Englishသင်ခန်းစာ

Tr Mike ရဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေကို နေ့စဉ်လေ့လာနိုင်ပါတယ် link 👉 https://m.facebook.com/story.php?story_fbid=467240431626363&id=100050212311545

အေးချမ်းကြပါစေ 🌻🌲🍁

05/01/2022

🦋

30/11/2021

ကြိုးစားရဲ့သားနဲ့ ရှေ့မရောက်သလိုခံစားနေတာမျိုးဖြစ်တတ်လား❓

ဖုန်းကိုပဲမဲဲသဲကြည့်နေဖူးတဲ့ကိုယ့်ကိုယ်ကို ပြန်သတိရပါဦး 👌

ကိုယ့်အိပ်မက်က ခမ်းနားကြီးကျယ်လေ
သူများထက်ပိုပြီးကြိုးစားဖို့လိုလေ 🦋

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon