Ko Kyaw
30/11/2022
29/11/2022
RFA လိမ်နေသည်၊ RFA ညာနေသည်
=============================
RFA မြန်မာပိုင်းအစီအစဉ်က နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက အင်ကြင်းကုန်းရွာနဲ့
အလယ်တောရွာတွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ ရွာသား ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းအမှားကို ထပ်ခါတလဲလဲ ထုတ်လွှင့်လျက်ရှိပါတယ်။
ဖြစ်စဉ်အမှန်ကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က အင်ကြင်းကုန်းရွာနဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ အလယ်တောရွာတွေမှာ စစ်ကောင်စီတပ်များနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး KIA တပ်များက ဆုတ်ခွာထွက်ပြေးချိန်မှာ ကျေးရွာ
တွေကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပါတယ်။
ယခုရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ KIA နဲ့ PDF တပ်တွေ ထိခိုက်ကျဆုံးမှုများပြားနေပြီး ထိတွေ့မှုဖြစ်တာနဲ့ မိနစ်ပိုင်းအတွင်း လေကြောင်းပစ်ကူတွေ
ရောက်ရှိလာလို့ KIA၊ PDF တွေဟာ ကျေးရွာတွေအနီးမှာ ခိုအောင်းလို့မရနိုင်ပဲ ဆုတ်ခွာထွက်ပြေးနေရပါတယ်။
KIA တပ်ဖွဲ့ဝင်တွေဟာ လူမျိုးရေးအစွဲကြီးသူများပီပီ ဗမာမုန်းတီးရေးဝါဒီများဖြစ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဗမာကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်တပ်ကလုပ်ကြောင်း RFA၊ DVB တိုနဲ့ ပေါင်းပြီး အခုလို သတင်းအမှားတွေ ထုတ်လွှင့်ခဲ့တာကို
စိတ်ပျက်ဖွယ်ရာ ကြားသိနေရပါတယ်။
မီဒီယာကျင့်ဝတ်မဲ့ပြီး အရှက်သိက္ခာမရှိတဲ့ RFA မြန်မာဝိုင်းတော်သားတွေက အခုလို သတင်းအမှားများကို ဗြောင်ကျကျထပ်ခါတလဲလဲ ထုတ်လွှင့်ပြီး ပြည်သူများက တပ်မတော်ကို မုန်းတီးလာအောင် လုပ်ကြံဝါဒဖြန့်နေခြင်းဖြစ်ပါတယ်။
29/11/2022
နွားနို့သည် သို့မဟုတ် လူ့မိစ္ဆာတို့ရဲ့သားကောင်
*****************************************
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ရေမျက်ကျေးရွာက
အသက် ၅၅နှစ်အရွယ်ရှိ ဦးကျော်ဆောင် လို့
ပြောလိုက်ရင် ထိုဒေသတစ်ဝိုက်မှာ မသိသူရှား
လှပါတယ် ...
-
စိတ်သဘောထားကောင်းပြီး အမြဲပြုံးရွှင်နေတဲ့
မျက်နှာထားနဲ့ ရိုးသားတဲ့သူတစ်ယောက် ...
-
မိသားစုဘဝအတွက် ကြုံရာလုပ်ငန်းကို အသက်နဲ့
မမျှအောင် လုပ်နိုင်စွမ်းရှိသူ ...
-
သားသမီးတွေပညာရေးအတွက် နေပူမရှောင်
မိုးရွာမရှောင် အလုပ်လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့်
မျက်နှာမှာ နေလောင်ဒဏ်တွေထိနေပေမယ့်
သူ့မျက်လုံးအစုံက မျှော်မှန်းချက်တွေနဲ့အပြည့် ...
-
သူဆင်းရဲခဲ့သလို
သူချို့တဲ့ခဲ့သလို
သူပညာမတတ်ခဲ့သလို
သူ့သားသမီးတွေကို ဒီအခြေအနေတွေမှ
ကင်းလွတ်စေချင်သူ ...
-
မနက်မိုးလင်းကတည်းက အကြွေးနဲ့ဝယ်ထားတဲ့
ဆိုင်ကယ်အစုတ်ကလေးပေါ်ကို နွားနို့ပုံးလေး
တင်ပြီး တစ်ရွာဝင် တစ်ရွာထွက် နွားနို့ညှစ်ပြီး
မွန်းမတည့်ခင် ဒိုင်ဆီကိုပို့ ...
-
ဒါဟာ ဦးကျော်ဆောင်ရဲ့ ပြောင်းလဲမှုမရှိတဲ့
မနက်ပိုင်း လုပ်ငန်းစဉ်တစ်ခုပေါ့ ...
-
နိုင်ငံရေးကို သူမသိ
ဘယ်သူနဲ့မှ ဆက်စပ်မှုမရှိခဲ့သလို
သူ့ကို ဒလန်လို့ PDF တွေ စွပ်စွဲခဲ့တာလည်း
မသိခဲ့ရိုးအမှန် ...
-
နွားနို့ပို့မှ သူ့ကလေးတွေ ထမင်စားရမယ်
ကျောင်းတက်ရမယ် ပညာတတ်ကြီးတွေဖြစ်မယ်
ဆိုတဲ့ အသိတစ်ခုပဲ သူ့ခေါင်းထဲမှာကြီးစိုးနေ
ခဲ့တယ် ...
-
ဒါပေမယ့် ဆောင်းဦးရာသီရဲ့ နံနက်ခင်း
တိတိကျကျဆိုရင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇
ရက်နေ့မှာ သူ့ရည်ရွယ်ချက် သား သမီးအပေါ်
တွေမှာ ထားတဲ့ရည်မှန်းချက်တွေ ပျောက်ခဲ့လိမ့်
မယ်လို့ ဘယ်တွေးမိခဲ့မလဲ ...
-
ယခင်အတိုင်း စစ်ကိုင်း- မုံရွာ လမ်းအတိုင်း
နွားနို့ပို့ဖို့ ဆိုင်ကယ်မောင်းလာစဉ် အုန်းတော
ကျေးရွာအနီး အရောက်မှာ နောက်မှ ဆိုင်ကယ်
၃ စီး PDF ၆ ယောက် သေနတ်ကိုင်ပြီး ပိတ်ဆို့
တားဆီးတာခံလိုက်ရတယ် ...
-
ရိုးသားတဲ့ ဦးကျော်ဆောင် ခမြာ ဆိုင်ကယ်ရပ်ပေးပြီး
"ငါ့တူတို့ နွားနို့ လိုချင်လို့လား"လို့ မေးလိုက်ချိန်
စကားပင်မဆုံးသေး ကျည်ဆံတစ်တောင့်က
နောက်ကျောက ဖောက်ဝင်သွားပြီ ...
စကားပြောချိန်ပင်မရ နောက်ထပ်
ကျည်တစ်တောင့်က ဦးခေါင်းကို ဖောက်ဝင်
သွားပြန်တယ် ...
-
အချိန်က ၁၅ မိနစ်ခန့်ပဲ ကြာမယ်ထင်တယ်
ရိုးသားသူတစ်ယောက်
သား သမီးတွေ ဖခင်ကောင်းတစ်ယောက်
အပြုံးတွေ ဝေမျှသူတစ်ယောက်
သားသမီးတွေနဲ့ပတ်သက်ရင် ရည်မှန်းချက်ကြီး
သူတစ်ယောက် နံနက် အာရုဏ်တက်မှာပဲ
သူ့ဘဝနေဝင်ခဲ့တယ် ...
-
သူ့မျှော်လင့်ချက်
သူ့ရည်မှန်းချက်တွေကို
သူ့သား သမီးတွေက မဆုတ်မနှစ်နဲ့
ပန်းတိုင်အပျောက်မခံဘဲ လျောက်လှမ်းနိုင်မလား
-
သူ့တို့အဖေကိုသတ်တဲ့ PDF တွေကို
ပြန်လက်စားချေမလားဆိုတာတော့
ကာယကံရှင်တွေပဲ သိနိုင်ပါလိမ့်မယ် ...
#အကြမ်းဖက်များ PDF ကျဆုံးပါစေ
အထွန်းဖွား
Click here to claim your Sponsored Listing.
Category
Website
Address
Yangon