Right Thought
BA-3 ဓမ္မမိတ်ဆွေများသို့-
💞💞💞💞💞💞💞💞
BA-3 ဖြေဆိုကြမည့်
ဓမ္မမိတ်ဆွေများအနေဖြင့်
စာမေးပွဲဖြေဆိုမည့်ရက်မှာ
Feedback စာတမ်း
၂/၃ မျက်နှာခန့် ရေးသားပြီး
စာဖြေလွှာနှင့်အတူ
အပ်နှံကြရမှာဖြစ်ပါတယ်။
စာတမ်းရေးဖို့က
(၁) ပြီးခဲ့သည့် Dip က
ဓမ္မအသိတွေ၊ BA-1 to BA-3 က
ဓမ္မအသိတွေကို ခြုံငုံပြီးရေးခြင်း၊
(၂) ခေါင်းစဥ်တစ်ခုကို ဖန်တီးပြီး
ထိုခေါင်းစဥ်ကို focus လုပ်ပြီး
ရေးသားခြင်း၊
(၃) Dip to BA ဓမ္မစာပေများကို
လေ့လာခဲ့ခြင်းအားဖြင့် အရင်က
ဒါတွေ မသိခဲ့ဘူး၊ ဖြေဆိုဖို့
လေ့လာခဲ့ခြင်းဖြင့် ဒီဓမ္မအသိတွေ
မိမိတို့၏ ဘဝမှာ ရခဲ့တဲ့အတွက်
တိုးတက်လာခဲ့ပုံရေးခြင်း။
နံပါတ် (၁) နဲ့ (၃) ကတော့
သဘောတရားအနေနဲ့ ဆင်တူ
ပါတယ်နော်။ အဲဒီအထဲကမှ
အဓိကအားဖြင့် နံပါတ် (၃)ကို
ပိုပြီးဦးစားပေးရေးသင့်ကြောင်း
သိခဲ့ရပါတယ်။
စာတမ်းရေးသားစေခြင်း၏
ရည်ရွယ်ချက်က အောင်မှတ်ကို
အထောက်အကူပြုဖို့ပါတဲ့။
မိမိတို့အနေနဲ့ ခြေချော်လက်ချော်
ဖြစ်ပြီး အောင်မှတ်ပြည့်ဖို့
လိုအပ်နေတယ်၊ ဖြည့်ပေးနိုင်
လောက်တဲ့ အနေအထားရှိနေရင်
အဲဒီစာတမ်းကို ကြည့်ပြီး
ဖြည့်ပေးမှာပါတဲ့။ ရတဲ့ ရမှတ်က
အရမ်းနည်းနေရင်တော့ ဖြည့်ပေး
မှာ မဟုတ်ပါဘူးတဲ့။
ဂုဏ်ထူးမှတ် ရဖို့ကိုတော့
မဖြည့်ပေးပါဘူးတဲ့။
အထူးသတိပြုရမှာက
ကိုယ်တိုင်ရေးသားတဲ့ စာတမ်း
ဖြစ်ဖို့ရယ်၊ မိတ္တူကူးတာမျိုး
မလုပ်ကြဖို့ရယ်။ စာတမ်းမတင်
တဲ့ စာဖြေသူများအနေနဲ့
ဂုဏ်ထူးမှတ်ရနေရင်တောင်မှ
အောင်စာရင်းမှာ ထုတ်ပြန်ပေး
မှာ မဟုတ်ပါဘူးတဲ့။
အချုပ်အားဖြင့်တော့
ကိုယ်တိုင်ရေးသားခြင်းဖြင့်
ဓမ္မကို ပူဇော်ကြစေချင်တာရယ်၊
ပေါ့ပေါ့ပါးပါးတွေးပြီး
အလေးအနက်ထား ရေးသား
ကြဖို့တိုက်တွန်းအကြံပြုလိုက်
ရပါတယ်။
နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့
ကြပါစေ၊ သက်ရှည်ကျန်းမာစွာ
ဖြင့် သာသနာပြုနိုင်ကြတဲ့
သူတော်ကောင်း သူမြတ်လောင်း
များဖြစ်ကြပါစေ။ လိုအင်ဆန္ဒ
ဟူသမျှ ပြည့်ဝကြပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ရ
ပါတယ်။
Right Thought
(15-04-2026)
သုတဓမ္မဂဝေသီ BA Part-3
အတွက် ပို့စ်တင်တာလေးတွေ
ပြီးသွားရင်၊ M.A. ကလည်း
ဘာမှ မသိရသေးဘူးဆိုတော့
BA Part-1 (မိလိန္ဒပဉှာ) အတွက်
ဆက်ပြီး တင်ပေးမလားလို့ပါ။
အားပေးကြမည့် ဓမ္မမိတ်ဆွေများ
ရှိကြလား သိချင်ပါတယ်။ မရှိရင်
တော့ အေးအေးဆေးဆေး နားပါ
ဦးမည်။
အဆင်ပြေကြပါစေ။
RT (11-04-2026)
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Kyauktan
Yangon