Cho Zin

Cho Zin

Share

Photos from Cho Zin's post 19/06/2025

" Hearter Top "
ချစ်စရာကောင်းတဲ့ အသွင်အ ြပင်လေးနဲ့ ၀တ်လိုက်တာနဲ့ ချပ်ကပ်နေမဲ့ အလှလေး 🤎
Price ....... 13500ks
Free size
Colour - Black, Green, White
Viber 09698146767 or Page Messenger သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်ရှင်☘️

16/10/2022

ဆောင်းတွင်း ရောက်တော့မှာမို့ ဂရုစိုက် ြကပါနော်❤️✨

⛄❄️ skin problem တွေ အဖြစ်များတတ်တဲ့ ဆောင်းတွင်းမှာသတိထားရမယ့် အချက်တွေ ❄️⛄

ရာသီဥတုအေးလာပြီး စိုထိုင်းဆနည်းလာတော့ ဆောင်းရာသီမှာ skin type changes တွေဖြစ်ကြတယ်။ အဲ့တာနဲ့အတူ dehydration လို skin problem တွေလဲ အတော်လေး အဖြစ်များတတ်ကြပါတယ်။ ဒါကြောင့် သတိမထားမိတဲ့ အမှားလေးတစ်ခုကနေ အလွဲအချော်မဖြစ်သွားစေဖို့ ဒီ post လေးကို sharing လုပ်ပေးလိုက်ပါတယ်။

(1) မျက်နှာသစ်ဆေးနဲ့ မျက်နှာခနခနမသစ်ပါနဲ့။
မျက်နှာခနခနသစ်တာက အသားအရေကို ပိုခြောက်သွေ့စေတယ်။ ဒီလိုရာသီမျိုးဆို ညဘက်တစ်ခေါက်လောက်ပဲ မျက်နှာသစ်ဆေးနဲ့သစ်ပြီး မနက်ပိုင်းဆို Lukewarm water လို့ခေါ်တဲ့ အရမ်းမပူမအေး ရေနွေးကြက်သီးလေးနဲ့ သစ်ပေးရင်ကို အဆင်ပြေပါတယ်။

(2) အရမ်းပူလွန်း ၊ အရမ်းအေးလွန်းတဲ့ ရေတွေကို ရှောင်ပါ။
ဆောင်းတွင်းမို့ ရေနွေးနဲ့ မျက်နှာသစ်တာတွေ ဒါမှမဟုတ် ရေက အရမ်းအေးနေတာတွေကို သတိထားပေးပါ။ ပူလွန်း အေးလွန်းတဲ့ ရေတွေက မျက်နှာအသားအရေကို အလွန်အမင်းခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပြီး မျက်နှာပေါ်က သွေးကြောလေးတွေ ရောင်ရမ်းတာ ၊ skin barrier ပျက်စီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

(3) Exfoliation လုပ်တဲ့ အကြိမ်ရေကို လျော့ပေးပါ။
အဘက်ဘက်က skin barrier weak ဖြစ်စေနိုင်တဲ့ ဆောင်းတွင်းမှာ exfoliation လုပ်တဲ့အကြိမ်ရေကို လျော့ပေးသင့်ပါတယ်။ နွေရာသီလောက်လဲ hot and humid ဖြစ်မနေလို့ ချွေးထွက် အဆီပြန်တာ နည်းတဲ့အတွက် မလိုအပ်ပဲ ခနခန exfoliation မလုပ်တာကောင်းပါတယ်။ clay mask တွေဆို ဒီရာသီမှာ ခနသိမ်းထားလို့တောင်ရတယ်။ သုံးမယ်ဆိုရင်လဲ အဆီပြန်တဲ့နေရာနားလောက်ပဲ ကွက်သုံးတာ ၊ အကြိမ်ရေလျော့သုံးတာမျိုးလုပ်သင့်ပါတယ်။ sheet mask နဲ့ hydrating mask တွေကတော့ ဒီရာသီနဲ့ အလိုက်ဆုံးပါပဲ။

(4) Deep cleansing foam တွေအစား Gentle Cleanser တွေကို ရွေးသုံးပေးပါ။
အသားအရေကို ပိုခြောက်စေတဲ့ deep cleansing foam တွေထက် မျက်နှာသစ်ပြီးလဲ ရေဓာတ်ပြည့်နေနိုင်မယ့် hydrating cleanser တွေ ၊ gentle cleanser တွေ ph balanced ဖြစ်တဲ့ cleanser တွေကို ရွေးသုံးသင့်ပါတယ်။

(5) သုံးနေကျ moisturizer ကို check up ပြန်လုပ်ပါ။ change သင့်ရင် change ပါ။
အရမ်းပူနေတဲ့အချိန်တုန်းကတော့ gel moisturizer တွေက အဆင်ပြေခဲ့ပေမယ့် ရာသီဥတုအေးလာတဲ့အခါ အသားအရေအတွက် အစိုဓာတ်အလုံအလောက်မပေးနိုင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် လိမ်းနေကျ moisturizer ကိုလိမ်းတဲ့အခါ မျက်နှာကအစိုဓာတ်အပြည့်အဝရနေရဲ့လား ၊ moisturizer လိမ်းပြီးတာတောင်မှ မျက်နှာက တင်းခြောက်နေတာမျိုးရှိလားဆိုတာကို သတိထားဖို့လိုပါမယ်။ သုံးနေကျက အဆင်မပြေဖြစ်နေပြီဆိုရင်တော့ ပိုပြီး အစိုဓာတ်ပေးနိုင်မယ့် တစ်ခုနဲ့ ပြောင်းလိုက်ပါ။

နောက်ဆုံးမှာချင်တာက နှုတ်ခမ်းတွေခြောက်ပြီးကွဲတဲ့ ကိစ္စက ဆောင်းတွင်းရောက်တိုင်း ကြုံနေရမှာမို့ ခုကထဲက Lip balm လိမ်းပါ။ ရီးစားရှိတဲ့သူတွေ လျှော့နမ်းပါ 🙂 (နင်တို့ တံတွေးက ပိုပြီး နှုတ်ခမ်းသားခြောက်စေပါတယ်နော် သိဖို့) ရီးစားမရှိရင်လဲ နှုတ်ခမ်းကို လျှာနဲ့သပ်တတ်တဲ့ အကျင့်ရှိရင် ပြင်ပါ။ နှာခေါင်းကမဟုတ်ပဲ ပါးစပ်နဲ့ အသက်ရှူတာမျိုးတွေ ရှောင်ပါ။ ရေများများသောက်ပေးပါ။

ဒါဆို ဒီ Post လေးကလဲ အားလုံးအတွက် အထောက်အကူရမယ်လို့ မျှော်လင့်ပါတယ်။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon