CELL

CELL

Share

At CELL, we produce Perfect Organic Probiotic foods & beverages, Live,-Raw-Naturally fermented, that would gives a big boost to the health of our beloved community.

24/07/2025

ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ (Constipation and colorectal cancer)

အူမကြီးကင်ဆာဟုဆိုရာတွင် ကိုလုံ (Colon) နှင့် မစင်အိမ် (Re**um) နှစ်ခု စလုံးပါဝင်ပါသည်။ အထူးသဖြင့် မစင်များသိုလှောင်ထားရသည့် မစင်အိမ်တွင် ပို၍အဖြစ်များသည်။ ကျွန်တော်တို့စားလိုက်သော အစားအစာများထဲတွင် မူလကတည်းက ပါဝင်လာသည့်ကင်ဆာဖြစ်စေနိုင်သောဓာတ်ပစ္စည်းများသည် အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းပြီးနောက် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူဝင်ရောက် နိုင်ခြင်းမရှိပါက နောက်ဆုံး မစင်အိမ်ခေါ် မစင်များသိုလှောင်သည့်နေရာ စုပုံထားရှိပါသည်။ ထိုအခါ မစင်အိမ်၏ နံရံနှင့် အဆိုပါ ဓာတ်ပစ္စည်းများထိတွေ့ကာ ကင်ဆာဖြစ်အောင် လှုံ့ဆော်ပေးပါသည်။ ထိတွေ့ချိန်ကြာမြင့် လေလေ၊ ကင်ဆာ ဖြစ်စေရန် လှုံ့ဆော်ချိန် ပိုမိုကြာရှည်လေလေဖြစ်ပါသည်။ ဝမ်းကို နေ့စဥ်ပုံမှန်သွားလိုက်ပါက အဆိုပါ ထိတွေ့မှုကို ဖယ်ရှားလိုက်သလိုဖြစ်ကာ ကင်ဆာဖြစ်စေမှု အလားအလာလည်း လျော့နည်းသွားပါမည်။ ဝမ်းချုပ် သူများတွင်မူ အဆိုပါ မစင်အိမ်ထဲမစင်များ ကြာရှည်စွာတည်ရှိနေခွင့်ရသဖြင့် မစင်အိမ်နံရံများမှာ ကင်ဆာအဖြစ် သို့ ပြောင်းလဲ ရောက်ရှိသွားပါတော့သည်။

အူမကြီးကင်ဆာဖြစ်ပါက ဝမ်းထဲ သွေးစများ၊ ချွဲစများ ပါလာတတ်ပါသည်။ အဆိုပါသွေးမှာ တစ်နေ့လျှင် အနည်းငယ်စီထွက်နေမှုကြောင့် သွေးအားနည်းလာကာ အားအင်ကုန်ခမ်းခြင်း၊ မလှုပ်ချင်မရှားချင်ဖြစ်ခြင်းနှင့် မောပန်းလွယ်ခြင်းတို့မှာ အဖြစ်များသောလက္ခဏာများဖြစ်သည်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများ၊ နာတာရှည်ဝမ်းချုပ်လေ့ရှိ သူများ၊ ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ၊ ဟင်းသီးဟင်းရွက် အစားနည်းပြီး အနီရောင်အသားများ အစားများသူများ၊ အဝလွန်သူများ၊ လှုပ်ရှားမှုနည်းသူများနှင့် ကင်ဆာ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိသည်။

အူမကြီးကင်ဆာမှန်း သေချာ စေရန် အူမကြီးအတွင်း မှန်ပြောင်းဖြင့် ကြည့်၍ အလုံးအကျိတ် သို့မဟုတ် အနာ တွေ့ပါက အသားစနမူနာယူကာ စစ်ဆေး ခြင်းဖြင့် သိရှိနိုင်ပါသည်။ စောစီးစွာသိရှိပါက ကုသ ပျောက်ကင်း နိုင်သောရောဂါ ဖြစ်၍ ဝမ်းချုပ်သူများအနေနှင့် စောစီးစွာ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ဒေါက်တာခင်မောင်လွင်(FAME)

ကိုးကားချက်- "ဝမ်းချုပ်ခြင်းပြဿနာ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

19/07/2025

#အာဇာနည်နေ့ဒို့မမေ့

ယနေ့ (၇၈) ကြိမ်မြောက် ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ၊ အများ‌ကောင်းကျိုးပြည်သူ့အကျိုးအတွက် စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ကြသော အာဇာနည်အပေါင်းအား ဤနေရာမှ လေးစားစွာ ဦးညွတ်ဂါရ၀ပြုအပ်ပါသည်။

CELL Management Team

01/03/2025

Deep Healing with Kaffir Lime Enzyme စိတ်နဲ့ ခန္ဓာကိုယ်‌အား အနက်ရှိင်းဆုံး ပြန်လည်အားဖြည့်ကုစားပေးနိုင်မယ့် ရှောက်သီးအင်ဇိုင်း 🍀🍀🍀
**************************************************



#‌ရှောက်သီးအင်ဇိုင်း

Spread the Health Knowledge to the loved ones, 👍 like and ❤️ share it 🌼🌼🌼

ကိုယ်ချစ်ရတဲ့သူတွေအတွက် Like & Share လုပ်ခြင်းဖြင့် ကျန်းမာရေးဗဟုသုတတွေကို အခုပဲ မျှဝေလိုက်ပါ။ ❤️❤️❤️

မြန်မာ၊ ထိုင်း၊ လာအိုနှင့် အရှေ့တောင်အာရှတစ်၀ိုက်မှာ ပေါက်လေ့ရှိတဲ့ ရှောက်ပင်ဟာ သဘာ၀ဆေးဖက်၀င်အပင် တစ်မျိုးဖြစ်ပါတယ်။ ရှောက်သီးနဲ့ ရှောက်ရွက်ကို ရှေးဘုရင်များလက်ထက်ကတည်းကစ၍ မြန်မာ့တိုင်းရင်းဆေးလောကမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

ရှောက်သီးအင်ဇိုင်းဟာ လေ‌ရောဂါအမျိုးမျိုးအတွက် အင်မတန်အစွမ်းထက်တဲ့ သဘာ၀ဖြည့်စွက်စာတစ်မျိုးဖြစ်ပြီး၊ သွေးတွင်းအဆိပ်ကိုပြေစေကာ၊ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး၊ အာရုံစူးစိုက်မှုကိုအားကောင်းစေပါတယ်။

ခေတ်အဆက်ဆက်မှ အကောင်းဆုံး အစာကြေ လေကြေစေတဲ့ ဓါတ်စာ 🍋🍋🍋
*****************************************************

ရှောက်သီးကို အစာကြေလေနိုင်ဆေးအဖြစ်
မြန်မာ့တိုင်းရင်းဆေးလောကမှာ ခေတ်အဆက်ဆက်ကတည်းက အသုံးပြုခဲ့ကြပါတယ်။

ရှောက်သီးမှာ အမြှင်ဓါတ်ပေါကြွယ်၀ပြီး Citric Acid ပါ၀င်တဲ့အတွက် အစာကိုကောင်းစွာခြေဖျက်ပေးပြီး၊ အစာမှာပါ၀င်တဲ့ အာဟာရများကို အူနံရံများက လွယ်လွယ်ကူကူ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ဒါကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ လေပွခြင်း အစရှိတဲ့ အစာမကြေခြင်းလက္ခဏာတွေကို သိသိသာသာသက်သာစေပါတယ်။

ရှောက်သီးအရည်ဟာ အရည်ကြဲကြဲမဟုတ်ပဲ၊ Citric Oil ခေါ် အချဉ်ဓါတ်ပါတဲ့အဆီတစ်မျိုးပါ၀င်ပါတယ်။ ၎င်းအဆီဟာ အူနံရံကြွက်သားတွေတင်းမာတာကို လျှော့ချပေးပြီး အစာအိမ်အူလမ်းကြောင်းထဲမှာ လေ၀င်လေထွက်ချောချူစေတာကြောင့် လေထိုးလေအောင့်ကို အင်မတန်နိုင်ပါတယ်။

အ၀လွန်သူများ၊ ဝိတ်ချ/ထိန်းလိုသူများ၊ ဗိုက်ထဲလေပွ‌တတ်သူများ၊ လေတဆို့ဖြစ်တတ်သူများ၊ ဗိုက်မကောင်း၍ ခေါင်းခဏခဏ ကိုက်တတ်သူများ၊ လေချုပ်၀မ်းချုပ် ဖြစ်တတ်သူများ၊ အစာမကြေလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်တတ်သူများအတွက်အထူးသင့်လျော်ပြီး၊ အသက်ကြီးသူ ဖိုးဖိုးဖွားဖွားတွေလည်း အစားအသောက်ကောင်းဖို့နဲ့ ၀မ်းမှန်‌ဖို့အတွက်လဲ အစွမ်းထက်ဆုံး သဘာ၀ဓါတ်စာတစ်မျိုးဖြစ်ပါတယ်။

Deep Cleansing for Body & Mind ခန္ဓာကိုယ်နဲ့စိတ်အတွက် အထူးအဆိပ်ဖြေဆေး
**************************************************

ရှောက်အင်ဇိုင်းမှာ Polyphenols ခေါ် သဘာ၀ဓါတ်ပေါင်းများစွာပါ၀င်တဲ့အတွက် သွေးတွင်းမှာပါလာတတ်တဲ့ အဆိပ်အတောက်များနဲ့ မလိုလားအပ်တဲ့ အဆီများကို ကောင်းစွာဖယ်ရှားပေးပြီး သွေးကိုသန့်စင်စေပါတယ်။

အသည်းနဲ့ ကျောက်ကပ်ကိုသန့်ရှင်းစေပြီး ခန္ဓာကိုယ်စွမ်းအင် အချိန်ကြာကြာသုံးနိုင်အောင်ထိန်းထားပေးပြီး ရေဓါတ်ကိုလဲထိန်းထားပေးတာကြောင့် တနေ့တာဖြတ်သန်းရာမှာ ပင်ပန်းမှုကိုလျှော့ချပေးပြီး စွမ်းအင်ပြည့်၀နေစေမှာဖြစ်ပါတယ်။

ဒါ့ပြင် ဦးနှောက်တွင်းသွေးလည်ပတ်မှုကိုလဲ မြှင့်တင်ပေးတဲ့အတွက် Anxiety စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး၊ တနေ့လုံးခေါင်းကြည်နေပြီး စိတ်‌ရောကိုယ်ပါ လန်းဆန်း‌နေစေပါတယ်။

Anti Aging စိတ်ရောကိုယ်ပါနုပျိုစေဖို့
*****************************************************

ရှောက်သီးအင်ဇိုင်းမှာ Antioxidant များစွာပါ၀င်တဲ့အတွက် အရေပြားကို Free Radicals ခေါ် ဥပါဒ်ဖြစ်စေတဲ့ ဓါတ်တွန်းပစ္စည်းများမှ ထိရောက်စွာကာကွယ်ပေးပါတယ်။

ရှောက်သီးအင်ဇိုင်းမှာပါ၀င်တဲ့ Antibacterial ဓါတ်ကြောင့် ဘက်တီးရီးယားရန်မှ ထိရောက်စွာကာကွယ်ပေးပြီး ၀က်ခြံအစရှိသည့် အရေပြားရောဂါများကို တားဆီးပေးပါတယ်။

Vitamin C ပါ၀င်မှု အလွန်မြင့်မားသဖြင့် နေကြောင့် အသားအရေ မညီတာတွေကို ညှိပေးခြင်း၊ မှဲ့ခြောက်‌နဲ့ အညိုအမဲကွက်များ လျော့နည်းသွားစေမယ့်အပြင် အသားအရေလည်း သိသိသာသာကြည်လင်လာစေပါတယ်။

၎င်းအပြင် Vitamin C ကြောင့် ခန္ဓာကိုယ်တွင်း Collagen ကော်လဂျင် ထုတ်လုပ်မှုကိုအားပေးတဲ့တွက် အသက်အရွယ်အရ အသားအရေလျော့ခြင်းကို သိသိသာသာကာကွယ်ပေးပါတယ်။

ရှောက်အင်ဇိုင်းဟာ ဆံပင်ကျွတ်ခြင်း၊ ဖြူခြင်းများ ကိုကာကွယ်ပေးတဲ့သလို၊ ဦးရေပြားကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

Deep Healing with Kaffir Lime Enzyme ရှောက်သီးအင်ဇိုင်းဖြင့် စိတ်နဲ့ ခန္ဓာကိုယ်‌အား အနက်ရှိင်းဆုံး ပြန်လည်အားဖြည့်ကုစားခြင်း 🍀🍀🍀
**************************************************

ရှောက်သီးအင်ဇိုင်းကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့်

👍 အစာကြေ၊ ၀မ်းမှန်စေခြင်း၊ လေချုပ်ခြင်းကင်းဝေးစေခြင်း၊
👍 စိတ်ဖိစီးမှု‌လျော့ကျပြီး၊ ခေါင်းကြည်၍၊ အာရုံစူးစိုက်မှုကောင်းခြင်း၊
👍 လူရောစိတ်ပါ တစ်နေ့လုံးလန်းဆန်းစွာဖြင့် အလုပ်လုပ်နိုင်ခြင်း၊
👍 ကိုယ်ခံအား Immunity ကောင်းပြီး၊ ဖျားနာချောင်းဆိုးပျောက်ကင်းစေခြင်း၊
👍 သွေးတွင်း၊ အသည်းနှင့် ကျောက်ကပ်
အဆိပ်အတောက်နည်းခြင်း၊
👍အသားအ‌ရေကြည်ခြင်းနှင့် ဆံပင်ကောင်းခြင်း၊
👍 ခန္ဓာကိုယ် Alkalinity ကိုမြင့်‌စေပြီး PH ထိန်းညှိပေးခြင်းဖြင့် ပြင်ပရောဂါ၀င်ရောက်မှုနှင့် ဆဲလ်နှင့်ကလပ်ဆီးများ ဖောက်ပြန်သည့်‌ရောဂါများကို၊ ထိရောက်စွာ တားဆီးပေးပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အသေးဆုံး ဆဲလ်အဆင့်မှစတင်စ၍ မြှင့်တင်ပေးခြင်း၊
👍 Antioxidant ကြောင့် ကိုယ်တွင်းကလီစာနှင့် ခန္ဓာကိုယ်ရောင်ကိုင်းမှုများ‌ လျော့ကျခြင်း၊

- စသည့် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်ပြီး သင့်ခန္ဓာကိုယ် အတွင်းအပြင်နှစ်ခုလုံး တစ်စတစ်စ သန့်ရှင်းကျန်းမာလာစေမှာဖြစ်ပါတယ်။

❤️❤️❤️ CELL မှ ကျန်းမာရေးထောက်ခံချက်ရ သဘာ၀အသီးအင်ဇိုင်း‌ဖျော်ရည်လေးများကို မိဘပြည်သူများ သုံးဆောင်နိုင်‌‌ရန်အတွက်၊ သဘာ၀အသီးခြံများမှ စနစ်တကျစိုက်ပျိုးထားသော အရည်အသွေးမြင့် အသီးများကို မှာယူတင်သွင်း၍၊ သဘာဝကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပြီး၊ သန့်ရှင်းလတ်ဆတ်ပြီး အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတဲ့အတွက် လူမျိုးမရွေး ဘာသာမရွေး၊ ဖိုးဖိုးဖွားဖွားတို့ပါ စိတ်ချစွာ‌သောက် သုံးနိုင်တဲ့အပြင်၊ သက်သက်လွတ်သမားများပါ မှာယူသောက်သုံးနိုင်ပါသည်။
(❌❌❌ ဓါတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနည်ထိုင်ဆေး၊ တား‌ဆေးနှင့် တာရှည်ခံဆေးများ လုံး၀လုံး၀ မပါ၀င်ပါ။)

အသေးစိတ်သိရှိလိုသည်များနှင့် မှာယူလိုသည်များကို

Contact - 09421176617 (Phone, Viber, WhatsApp) သို့မဟုတ် (Facebook) Chat Box မှတဆင့် ဆက်သွယ်မှာယူနိုင်ပါသည်။

ရန်ကုန်မြို့အတွင်း - Kpay/ Wave/ ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အိမ်တိုင်ရာရောက်မှာယူသောက်သုံးနိုင်ပါပြီ။ ရပ်ဝေးမှ မိတ်ဆွေများအတွက်လဲ ကားဂိတ်တင်ပေးနေပါပြီ။

မိတ်ဟောင်းမိတ်သစ်များအားလုံးကို အထူးကျေးဇူးတင်လျှက် 🙏🙏🙏

(CELL Management Team)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


11-1116, A4, Star City, Thanlyn Twsp.
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00