Snakebite Emergency Cases and Identification

Snakebite Emergency Cases and Identification

Share

Photos from Snakebite Emergency Cases and Identification's post 04/06/2024

❗🐍 WHO မှ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတဲ့မြွေတွေ မျိုးစိတ် ခွဲနည်း🐍❗

မြွေကိုက်ခြင်းနှင့် ပတ်သတ်သည့်များကို မေးမြန်းလို သိရှိလိုပါက အထူးကုဆရာဝန်များ၏ အကူအညီဖြင့် Run နေသည့် Snakebite Emergency Cases and Identification (Myanmar) မှာ ဝင်ရောက် မေးမြန်းလို့ ရပါတယ်။

အုပ်စု ၁ ပိုစ့် Link - https://www.facebook.com/share/p/qMk7b3Bs681PrwZy/?mibextid=oFDknk

WHO (Cat - 1) - https://drive.google.com/file/d/1aiiw1NmFg2yBNcEOuv6k_y2mfAvCzSVM/view?usp=sharing

WHO (Cat - 2) - https://drive.google.com/file/d/1UqIIDZHWwxYt9EM2QlZ93UW4NdF8yLHs/view?usp=sharing

SEC Admin Team 🚑

26/12/2023

🚑 Dry bite (အဆိပ်မထည့်ပဲကိုက်ခြင်း) နှင့် လူခန္ဓာကိုယ်ထဲမှာ မြွေဆိပ်က ဘယ်လိုသွားလဲ 🐍💉

မြွေတွေက ကိုက်ရင် အဆိပ်ပမာဏကို ထိန်းချုပ်နိုင်တယ်လို့ ပညာရှင်တော်တော်များများက လက်ခံယုံကြည်ကြပါတယ်။ မြွေတွေကိုက်တဲ့အခါ သားကောင်သေးရင် အဆိပ်နည်းသလို သားကောင်ကြီးရင် အဆိပ်ထည့်တာများတဲ့ မှတ်တမ်းတွေရှိပြီး မြွေတွေက လူကို ခုခံတဲ့အချိန်မှာ Dry bite နဲ့ ကိုက်တတ်ကြပါတယ်။ Dry bite ဆိုတာ မြွေတွေက ကိုက်တဲ့အချိန် အဆိပ်မထည့်ပဲကိုက်ခြင်းကိုဆိုလိုပါတယ်။ မြွေတွေက အဆိပ်ကို သားကောင်လိုက်ရာမှာပဲ သုံးတဲ့အတွက် သူတို့က အတတ်နိုင်ဆုံး အဆိပ်မသုံးရအောင် ရှောင်ကြတဲ့အတွက် အဆိပ်ပြင်းမြွေကိုက်ခံထိပေမဲ့ အဆိပ်တက်တဲ့လက္ခဏာတွေ မပြဘူး ဘာမှမဖြစ်ဘူးဆိုတာ Dry bite နဲ့ မြွေက ကိုက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ 🐍

နောက်တချက်က သွေးမထွက်တိုင်း Dry bite ကိုက်လိုက်တယ်လို့ ယူဆလို့မရပါဘူး။ သွေးကြောထဲကို တိုက်ရိုက်မရောက်ပဲ မြွေဆိပ်က ခန္ဓာကိုယ်ထဲကို Lymphatic system ကနေဝင်တာများပါတယ်။

Lymphatic system ကို အကြမ်းဖျင်း အရင်ရှင်းပြပါမယ်။ လူတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီဆဲလ်တွေထဲမှာရှိတဲ့ အရည်တွေကို သွေးကြောထဲကို ပို့ဖို့အတွက် ဆဲလ်တွေက Lymphatic system ကို အသုံးချပါတယ်။ သူက ခြေ၊လက်၊ ခန္ဓာကိုယ်အနှံမှာရှိတဲ့ဆဲလ်တွေက အရည်တွေကို Lymphatic vessels (သွေးကြည်ရည်ပြန်ကြော) နဲ့ Lymph nodes တွေ့ကတဆင့် လူရဲ့ချိုင်းအနားမှာရှိတဲ့ သွေးပြန်ကြောကို ပို့ပေးပြီး အဲ့ဒီကနေ နှလုံးထဲကို ရောက်ပါတယ်။ နှလုံးထဲကနေမှတဆင့် ခန္ဓာကိုယ်ရဲ့ သွေးကြောတွေထဲကို ဝင်ပါတယ်။ မြွေဆိပ်က အဲ့ဒီနည်းနဲ့ Lymphatic system ကို အသုံးပြုပြီး လူရဲ့ ‌သွေးကြောတွေထဲကို ပြန့်ဝင်ခြင်း ဖြစ်ပါတယ်။

ဥပမာ - မြွေက ‌ခြေဖမိုးကို အဆိပ်ထည့်ပြီး ကိုက်လိုက်ပါတယ်။ ကိုက်တဲ့နေရာမှာရှိတဲ့ဆဲလ်တွေထဲကို အဆိပ်တွေပြန့်သွားပါတယ်။ (သွေးထွက်ဖို့မလိုပါဘူး။ မြွေဆိပ်တက်ဖို့အတွက် မြွေဆိပ်က သွေးကြောထဲကို တိုက်ရိုက်ဝင်ဖို့ မလိုတဲ့အပြင် ငန်းတော်ကျားလိုမြွေမျိုးကိုက်ရင် သွေးမထွက်တာများပါတယ်။) အဲ့ဒီမှာ မြွေဆိပ်က Lymphatic system ကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အပေါ်ကို Lymphatic vessels တွေကနေ စတက်ပါတယ်။ Lymph nodes တွေကနေတဆင့် ‌ခြေသလုံး၊ ‌ခြေသလုံးကနေပေါင်ကို ရောက်ပါတယ်။ (ဒီအကြောင်းကြောင့် မြွေကိုက်ရင် ကိုက်တဲ့လက်တို့ ‌ခြေထောက်တို့ကို တုတ်နဲ့ချည်ပြီး လှုပ်ရှားမှုကို ကန့်သတ်ရတာပါ။ လှုပ်ရှားမှုများရင် ကြွက်သားတွေက ‌မြွေဆိပ်ကို အပေါ်ကို တွန်းပို့သလိုဖြစ်ပြီး နှလုံးထဲကို အဆိပ်အမြန်ရောက်နိုင်လို့ပါ။) အဲ့လိုအပေါ်ကို တဆင့်ချင်း တက်သွားရင်းနဲ့ ချိုင်းရဲ့အပေါ်နားလောက်မှာရှိတဲ့ နှလုံးရဲ ‌သွေးပြန်ကြောကို ရောက်ပါတယ်။ အဲ့ဒီကနေမှ ‌မြွေဆိပ်က နှလုံးထဲဝင်ပြီး နှလုံးက မြွေဆိပ်ကို ခန္ဓာကိုယ်ရဲ သွေးကြောတွေထဲကို တွန်းပို့လိုက်ပြီး ပြန်ဖြန့်ပါတယ်။ ကိုက်တဲ့နေရာရဲ့ ဆဲလ်တွေကနေ မြွေဆိပ်က သွေး‌ကြောထဲကို စိမ့်သွားတာမဟုတ်ပါဘူး။ မြွေဆိပ်ရဲ့ particle အရွယ်အစားက ကြီးတဲ့အတွက် သွေးကြောရဲ့ နံရံတွေကို ဖြတ်ပြီး စိမ့်မဝင်နိုင်ပါဘူး။ နောက်ပြီးမြွေကိုက်လိုက်တိုင်း မြွေဆိပ်က သွေးကြောထဲတိုက်ရိုက်မဝင်တဲ့အတွက် သွေးမထွက်တိုင်း Dry bite ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။

မြွေဆိပ်ကို စုပ်ထုတ်လို့မရဘူး ဓါးနဲ့လှီးထုတ်လို့မရဘူးဆိုတာ ‌ခန္ဓာကိုယ်ထဲမှာ မြွေဆိပ်သွားလာတဲ့ပုံကို အခြေခံပြီးပြောခြင်း ဖြစ်ပါတယ်။ မြွေကိုက်တဲ့နေရာကို ဓားနဲ့ခွဲလည်း အဆိပ်က ဆဲလ်တွေကနေ Lymphatic system တဆင့်ကနေ နှလုံးဆီကို ‌သွားနေပါပြီ။ ဒါကြောင့် သွေးကြောနဲ့မဆိုင်ပါဘူး။ အဆိပ်က သွေးကြောထဲကို ရောက်သွားပြီဆိုရင်လည်း အဓိပ္ပါယ်က နှလုံးထဲကို ရောက်သွားပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်တခုလုံးကို ပြန့်သွားပါပြီ။ ဒါကြောင့် ကိုက်တဲ့နေရာကိုပဲ ‌ရွေးပြီး ဓားနဲ့ လှီးပြီး သွေးညှစ်ထုတ်နေလို့ ဘာမှမထူးပါဘူး။ မြွေကိုက်တဲ့နေရာကို ချက်ချင်းဓားနဲ့ လှီးလိုက်ပြီး‌ သွေးထွက်လာတာက အဆိပ်တွေမဟုတ်ပါဘူး။ သွေးကြောထဲက ရိုးရိုးသွေးတွေပါ။ နောက်ပြီး မြွေဆိပ်ကို သောင်းချီတဲ့ဆဲလ်တွေထဲကနေ စုပ်ထုတ်လို့မရပါဘူး။

ဒါကြောင့် မြွေကိုက်ရင် ဆေးရုံသွားဖို့ အရေးကြီးဆုံးပါ။ မြွေဆိပ်ကို ဆေးရုံမှာရှိတဲ့ မြွေဆိပ်ဖြေဆေးကပဲ ကုနိုင်ပါတယ်။ 💉

Snake id - မြွေပွေး (Eastern Russell's viper/Daboia siamensis)
Photo credit - Nobert Kaszycki

Snakebite Emergency Cases and Identification (Myanmar)
Wildlife of Myanmar
Admin Team 🚑🐍

16/12/2023

ရုတ်တရက် မြွေကို တွေ့တဲ့အခါ သံကုန်ဟစ်ပြီး ပြေးနေတုန်းလား⁉

✅ မပြေးသင့်ပါဘူး။ ရပ်ပြီး မြွေက အရင်ထွက်သွားတဲ့အချိန်ကို စောင့်သင့်ပါတယ်။

🐍မြွေတွေက တောရိုင်းတိရိစ္ဆာန်တွေထဲမှာ နို့တိုက်သတ္တဝါတွေလိုမျိုး ဉာဏ်မကောင်းကြတဲ့အတွက် သူတို့ကို ရန်ပြုမယ့်သူ ဟုတ်မဟုတ်ကို သေချာမခွဲနိုင်ကြပါဘူး။ သူတို့အနားမှာ လျှင်မြန်တဲ့လှုပ်ရှားမှုတခု လုပ်မိရင် သူတို့ကို အန္တရာယ်ပြုမယ်အထင်နဲ့ ဦးအောင် ကို.က်၊ပေါက် တာမျိုး လုပ်ကြပါတယ်။ အကယ်၍ မြွေတွေ့လို့ ရုတ်တရက် လန့်ပြေးခဲ့ရင် မြွေကပါ လန့်သွားပြီး လူကို ထ ကို.က်၊ပေါက်နိုင်ပါတယ်။ လူတွေ ဘယ်လောက် မြန်မြန် မြွေတွေရဲ့ လျှင်မြန်တဲ့လှုပ်ရှားမှုကို မမှီတဲ့အတွက် ကို.က်၊ပေါက် ခံရနိုင်ခြေပိုများပါတယ်။🐍

‼ ဒါကြောင့် မြွေတွေ့တဲ့အခါ -

၁။ လှုပ်ရှားမှုတွေ အကုန်ရပ်တန့်ရပါမယ်။
၂။ မြွေရဲ့ ဆန့်ကျင့်ဖက်နေရာကို ဖြေးဖြေးချင်းရွှေ့ပါ။
၃။ မြွေနဲ့ ၁၀ ပေ၊ ၁၅ ပေ အကွာလောက်ရောက်တဲ့အခါ ပုံမှန်လှုပ်ရှားမှုမျိုးနဲ့ လှည့်ထွက်သွားလို့ရပါတယ် (သို့) မြွေကို ဓာတ်ပုံရိုက်ပြီး Snakebite Emergency Cases and Identification (Myanmar) နှင့် Wildlife of Myanmar မှာ မေးလို့ရပါတယ်။🐍❤

မြွေ ID - အဆိပ်ပြင်း မြွေဟောက် (Naja kaouthia)
Photo credit - Maung Nanda (Wildlife of Myanmar)

SEC Team 🐍🚑

Photos from Snakebite Emergency Cases and Identification's post 02/06/2023

ဒီနေ့ SEC adminတွေနဲ့ WOM admin တွေပေါင်းပြီး
စိတ္တသုခကျောင်းတိုက်ရဲ့ မြွေတွေထားတဲ့ကန်ကို သွားပြီးပြင်ဆင်ပေးခဲ့ပါတယ်ရှင့်။
အစစအရာရာ ကူညီဖြည့်စွက်ပေးခဲ့တဲ့ အစ်မ Shwe Lei နဲ့ ကိုကြီး Kotoe Aungလည်းကျေးဇူးပါရှင့်။
တစ်ပုံချင်းစီထောက်ကြည့်ပေးကြပါဦးနော်🤍

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Address


Yangon