Electrical Knowledge Sharing AEEA
10/06/2025
RCBO( ELCB ) အကြောင်း (၁)
=======================
ကျွန်တော်ဓါတ်လိုက်ခံရခြင်း
==================
ပထမဆုံး RCBO အကြောင်း မပြောခင် ကျွန့်တော့ အတွေ့ အကြုံ ကို ပြောပါမယ်။
အဲ ဒါ က ဓါတ်လိုက်ခံ ရတဲ့ အတွေ့ အကြုံပါ။ တခါ က Emergency Diesel Generator ကို ဝင်စစ်ရင်းနဲ့ Pressure switch ရဲ့ Contact ကို လက်နဲ့ သွားထိလိုက်တယ် ။ အဲဒီ switch က 2 phase ၄၀၀ ဗို့ ဆိုတော့ တဖက်ကို 230 VAC ရှိတယ်။ နောက်လက်တဖက်ကလဲ သံဘော်ဒီ ထိနေတော့ တော်တော်လေး ကို ကျင် ခနဲ ခံစားသွားရပါတယ် ။
ဘယ်လိုခံစားမှုလဲ ဆိုတောတော့ မပြောတတ်အောင်ပါပဲ ။နောက်သွားကြည့်တော့ အဲဒီ တပ်ထားတဲ့ Main RCBO ( Schneider-Merlin Gerin ) ( အဲတုန်း ကတော့ ELCB ပေါ့ ) ကပြုတ် သွားတာတွေ့တယ် ။ အကယ်လို့ မ ပြုတ်ဖူး ဆိုရင် တခုခု ဖြစ်သွားမှာပေါ့။ ဒါနဲ့ RCBO ( ELCB ) အကြောင်းတွေ ကို သေသေ ချာချာ လေ့လာခဲ့ ပါတယ် ။ သူရဲ့ အလုပ်လုပ် ပုံတွေ ပေါ့ ။ Oil and Gas Electrical Engineering Training တုန်းက သင်ခဲ့ ရပေမဲ့ အဲလောက် သတိမထားခဲ့ မိပါဖူး။နောက်ပိုင်း လျပ်စစ် ကို ပေါ့ပေါ့ ဆဆ သုံးကျတယ် ။ Protection တွေ မတပ် ကျဖူး။ လူတွေ သေ ကျတယ် ။ အဆိုးဝါးဆုံးက ပျဉ်း မနားမှာ ဖြစ်သွားတဲ့ လူ ၅ ယောက် တပြိုင်နက် ထဲ လျပ်စစ်ကြောင့် သေသွားခဲ့တာပါပဲ ။
တော်တောလဲ တုန်လှုတ်စရာကောင်းပါတယ်။ အထူး သဖြင့် ယာယီလုပ် ကျတဲ့ ပွဲ လမ်း သဘင်တွေ မှာ မြေကြီးပေါ် ဆွဲ ပြီး အဲ ဒီ ယာယီ တပ်ဆင်ထားတဲ့ ဝါ ယာတွေ ကနေ တဆင့် ကြိုးတွေ ပေါက် လူကကိုင်မိ ဓါတ်လိုက်သေ ကျပါတယ်။အများဆုံး ကြားနေရတဲ့ သတင်းပါ။ မိတ်ဆွေတို့လဲ သတိပြုမိမယ်ထင်ပါတယ်။
ကျွန်တော်တို့ငယ်ငယ်တုန်း က ရန်ကင်းမှာ “မေ “ နဲ့စတဲ့ မော်ဒယ်သရုပ်ဆောင် မိန်းကလေး တယောက် ရေချိုးခန်းမှာ ဆံပင် အခြောက် ခံစက်သုံးရင်း ဓါတ်လိုက်သေသွားလို့ နာမည် ဟိုးလေး တကျော်ကျော် ဖြစ်သွားသေးတယ်။
အဲဒီ အချိန်တုန်းက ကျွန်တော် ELCB တပ်ဖို့ အကြောင်းတွေ Social Media မှာစရေးပါတယ်။ တကယ် ကျတော့ မသိတဲ့ သူတွေ အဖို့ ELCB ( RCBO ) ဆိုတာ တော်တော် အလှန်းဝေး ပါတယ်။ ရောင်းနေတဲ့ ဆိုင် ကသူတွေ တောင် သွားမေးရင် ဘာမှန်း မသိပါဖူး။
စာတွေ ရေးတော့ ကျွန်တော့် ကို RCBO တွေ မေးကျတယ်။ကျွန်တော် ဖြန့်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိတယ်။လူတိုင်း ကတော့ ဓါတ်လိုက်ခံ ရတိုင်း မသေပါဖူး။ ဒါပေမဲ့ အိမ်များမှာ တပ်ဆင်သော လျပ်စစ်ကာကွယ်ရေး ပစ္စည်း တွေ ကို တပ် ကိုတပ်သင့်ပါတယ်။
အိမ်တွေ မှာ တပ်သင့်တဲ့ RCBO ဆိုတာ ဘာလဲ
*******************************************
RCBO သည် Residual-current Circuit Breaker with Over current ကိုဆိုလိုပါသည်။
RCBO တစ်ခုသည်လုပ်ဆောင်ချက်နှစ်ခုပါသော circuit breaker အမျိုးအစားဖြစ်သည်။ဓါတ်လိုက်ခြင်းကြောင့် သေဆုံးရသော လူ့ များရဲ့ ဘဝ အသက်ကိုကာကွယ်ရန်ဆားကစ်တစ်ခုပေါ်ရှိ overload နှင့် short circuit ကာကွယ်ရန် တို့ ဖြစ်ပါတယ်။
RCBO သည်Circuit Breaker (MCB) နှင့် Residual Current Device (RCD) တို့ ပေါင်းစပ်ထား ခြင်း ဖြစ်သည်။ဒါ ကြောင့် RCBO ကိုတပ်ဆင်ထားပါက မည်သူကို မဆိုသေစေနိုင်သောဖြစ်နိုင်ချေရှိသော လျပ်စစ်ဓါတ်လိုက်မှု ကို တားဆီးနိုင် သကဲ့သို့တစ်ချိန်တည်းတွင် မီးလောင်နိုင်သော overload ကိုတားဆီးရန် ဖြစ်ပါတယ်။
ဆက်ရန်
ဖတ်ရှု တဲ့ အတွက် ကျေးဇူးတင်ပါတယ်
EI Engineering 🙏
14/03/2025
Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့
ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
23/02/2025
ဆောက်လုပ်ရေးလောကကို ပြောင်းလဲပစ်လိုက်တဲ့ သေးငယ်တဲ့တီထွင်မှုလေး
၁၉၅၈ ခုနှစ်မှာ ဂျာမန်တီထွင်သူ Artur Fischer က ဆောက်လုပ်ရေးလုပ်ငန်းကို အပြီးတိုင် ပြောင်းလဲသွားစေခဲ့တဲ့ သေးငယ်ပေမယ့် တော်လှန်ရေးဆန်တဲ့ Fischer plug ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီရိုးရှင်းတဲ့ ပလတ်စတစ်အတုံးလေးက ကွန်ကရစ်၊ အုတ်၊ သို့မဟုတ် ထုံးဂေါ်နဲ့ ပြုလုပ်ထားတဲ့ နံရံတွေမှာ ဝက်အူတွေကို လုံခြုံစွာ တပ်ဆင်နိုင်စေခဲ့ပြီး ဆောက်လုပ်ရေးနဲ့ အိမ်ပြုပြင်မွမ်းမံရေးမှာ ကြာရှည်စွာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။
ဒီပလပ်က ဝက်အူထည့်လိုက်တဲ့အခါ ပွလာပြီး နံရံထဲမှာ ခိုင်မာတဲ့ ဖိအားကို ဖန်တီးပေးပါတယ်။
ဒီပလပ်ကို မတီထွင်ခင်က စင်တွေ၊ တပ်ဆင်ပစ္စည်းတွေလို ပစ္စည်းတွေကို နံရံမှာ တပ်ဆင်တာဟာ ခက်ခဲပြီး စိတ်မချရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး အထူးကျွမ်းကျင်မှု သို့မဟုတ် နည်းပညာတွေ လိုအပ်လေ့ရှိပါတယ်။
Fischer plug ရဲ့ ရိုးရှင်းပြီး ထိရောက်မှုက ချက်ချင်းအောင်မြင်မှုရရှိစေခဲ့ပြီး ပညာရှင်တွေရော၊ DIY ဝါသနာရှင်တွေပါ စီမံကိန်းတွေကို လွယ်ကူစွာ အပြီးသတ်နိုင်စေခဲ့ပါတယ်။
ဈေးသက်သာပြီး အသုံးဝင်လွန်းတာကြောင့် ကမ္ဘာတဝှမ်းမှာ ဘီလီယံချီပြီး ရောင်းချခဲ့ရပြီး နေရာတိုင်းက ကိရိယာဘူးတွေမှာ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
Artur Fischer ရဲ့ တီထွင်မှုဟာ တပ်ဆင်ရေးနည်းပညာကိုသာ တော်လှန်ပြောင်းလဲစေခဲ့တာ မဟုတ်ဘဲ အဆင့်မြင့် ကျွမ်းကျင်မှုတွေ မလိုအပ်ဘဲ ဘယ်သူမဆို ပစ္စည်းတွေကို လုံခြုံစွာ တပ်ဆင်နိုင်အောင် ဆောက်လုပ်ရေးလုပ်ငန်းကို လူထုလက်ထဲ ရောက်ရှိစေခဲ့ပါတယ်။
ဆယ်စုနှစ်တွေ ကြာလာတဲ့အထိ Fischer plug ဟာ အရေးပါတဲ့ တီထွင်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး တီထွင်မှုသေးသေးလေးတွေဟာ စက်မှုလုပ်ငန်းတွေနဲ့ နေ့စဉ်ဘဝအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။
thuta_city
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 204 . 21ward, Myiek Road, South Dagon
Yangon