Seed Studio
💐🌿 SINCE 2020 💐🌿 ☑️Certificate of Online Sales Registration - တရားဝင် အွန်လိုင်းစျေးရောင်းချခွင့်ရရှိထားတဲ့ Page ဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါသည်။
🌸🌼(Flower/Vegetable Seeds & Botanical Crafts) 🥬🍅
🍅🥒🥕Local Farm ကထွက်ရှိတဲ့ စားပင်မျိုးစေ့လေးတွေပါ.. 🥬🌶️
21/05/2026
Vpnလိုင်းမကောင်းတာကြောင့် ပုံတွေမမြင်ရတာ စာတွေမရောက်တာဖြစ်နေရင် Tiktok ကနေလဲ လာပြောလို့ရပါတယ်ရှင် 🤗🤗
Seed Studio on TikTok .studio 3984 Followers, 0 Following, 31.6k Likes - Watch awesome short videos created by Seed Studio
Beetroot ကို 100% အဟာရ အပြည့်အဝရဖို့ Microgreen အနေနဲ့လဲ စားသုံးနိုင်ပါတယ်… 🪴🌿🔴
🌸ပင့်ကူနီ မျိုးစေ့~ အိမ်ခြံဝင်းလေးထဲမှာ ပန်းပွင့်လေးတွေမြိုင်မြိုင်ဆိုင်ဆိုင်လေး စိုက်ချင်ရင် ပင့်ကူနီမျိုးစေ့ရှိပါတယ် ✨
🌸 ရာသီမရွေးစိုက်လို့ရတဲ့အပြင် အကြမ်းခံတဲ့ ပန်းပင်အမျိုးအစားမို့ စိုက်ပျိုးသူတို့ရွေးချယ်လို့အကောင်းဆုံးပါပဲ..
🪴🌱 ပန်းမျိုးစေ့တစ်ထုပ် -3300 ks ပါ။
🪴🌱 ကြိုက်နှစ်သက်ရာမျိုးစေ့ အနည်းဆုံး (5 ထုပ်) ကစပြီးမှာယူပေးရပါတယ်ရှင်။ စားပင်မျိုးစေ့၊ ပန်းမျိုးစေ့ ရောယူလိူ့လဲရပါတယ်။
#ပင့်ကူနီ
15/05/2026
🌸 Snapdragon ကို ပန်းအလှစည်းမလား .. ဘုရားပန်းထိုး မလား ! Snapdragon ပန်းကိုရော မြန်မာလို ကျားပါးစပ်ပန်းလို့ .. ဘာလို့ခေါ်တာကြလဲ ? 🌸
ပန်းပွင့်ဖတ်လေးကို ညှစ်လိုက်ရင် ပါးစပ်ဟလာတတ်တဲ့ပုံစံလေးဖြစ်နေလို့ ကျားပါးစပ်ပန်းလို့ခေါ်ကြတယ်လို့ထင်ပါတယ်… ချစ်စရာ Snapdragon ပန်းလေးတွေကို ကိုယ့်အိမ်၊ခြံ မှာ အလွယ်တကူ စိုက်ပျိုးကြည့်ရအောင်🥰
🌱🌱 ပျိုးထောင်ခြင်း: မျိုးစေ့တွေကအရမ်းသေးလွန်းတာကြောင့်..မြေပွပွပေါ်တွင် မျိုးစေ့ကို ညီညာစွာ ဖြန့်ကြဲပါ။ (မျိုးစေ့ပေါ် မြေပြန်အုပ်ရန်မလိုပါ) အပင်ပေါက်ရန် အလင်းရောင်လိုသောကြောင့် ဖြစ်သည်။ ရေဖျန်းဘူးဖြင့် အသာအယာ ရေဖျန်းပေးပါ။
🪴 ရွှေ့ပြောင်းစိုက်ခြင်း: အရွက် ၄-၆ ရွက် (အမြင့် ၂ လက်မခွဲ) ရှိလာလျှင် အိုးကြီးထဲ ရွှေ့စိုက်ပါ။
☀️ ပြုစုနည်း: နေရောင်ခြည် အပြည့်အဝရသောနေရာတွင် ထားပါ။ အပေါ်ယံမြေခြောက်မှ ရေလောင်းပေးပါ…
🌿အပင်အမြင့် ၄ လက်မတွင် ထိပ်ဖျားကို ခေါင်နှိမ် (Pinching) ပေးပါက ဘေးကိုင်းများပြားပြီး ပန်းခိုင် ပိုဝေဆာစေပါသည်။
🌱🌿ခေါင်နှိမ်တယ်ဆိုတာ အပင်ထိပ်ဖျားကို ဖြတ်
ထုတ်တာကိုပြောတာပါနော်🤗 ( စိုက်ပျိုးရေးလောကမှာ အသုံးပြုနေကြစကားလေးမို့.. မသိသေးတဲ့သူတွေအတွက်ပြောပြပေးတာပါ)
⏳ ကြီးထွား/ပန်းပွင့်ချိန်: မျိုးစေ့စိုက်ပြီး ၂ လခွဲမှ ၃ လ (ရက်ပေါင်း ၇၅-၉၀) အတွင်း စတင်ပန်းပွင့်ပါသည်။
🪴🌟Seed Studio Tips🪴🌟
Snapdragonသည်် အေးမြသောရာသီကို ကြိုက်သဖြင့် မြေပြန့်ဒေသများတွင် မိုးနှောင်း/ဆောင်းဦး (အောက်တိုဘာ၊ နိုဝင်ဘာ) တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး၊ ကုန်းမြင့်ဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်…
💐✨ ကိုယ်တိုင်စိုက်တဲ့ Snapdragon ပန်းခိုင်လှလှလေးတွေ ခူးဆွတ်နိုင်ဖို့…အခုပဲ စိုက်ပျိုးကြည့်လိုက်
ရအောင်နော်… 😍
#ပန်းစိုက်ပျိုးနည်း
🌼 Calendula မျိုးစေ့ ပြန်ရောက်ပါပြီ 🌼
အိမ်ခြံဝင်းလေးကို အရောင်လှလှ ပန်းတွေဖြင့် အလှဆင်ချင်သူများအတွက် 💛 Calendula ပန်းဟာ စိုက်ရလွယ်ပြီး ပန်းပွင့်ရင်လဲကြာတဲ့အပြင် အလှဆင်ဖို့လည်း အရမ်းလှပါတယ် ✨
🪴Beginner တွေအတွက်တောင် စိုက်ရလွယ်တဲ့အမျိုးအစားပါ…အဝါ/လိမ္မော်ရောင် ပန်းပွင့်လှလှတွေကို Balcony, Garden တို့မှာ စိုက်ချင်တယ်ဆိုရင် နှစ်ခါမစဉ်းစားပဲ လာမှာလိုက်တော့နော် 🤗🤗
🪴🌱 ပန်းမျိုးစေ့တစ်ထုပ် -3300 ks ပါ။
🪴🌱 ကြိုက်နှစ်သက်ရာမျိုးစေ့ အနည်းဆုံး (5 ထုပ်) ကစပြီးမှာယူပေးရပါတယ်ရှင်။ စားပင်မျိုးစေ့၊ ပန်းမျိုးစေ့ ရောယူလိူ့လဲရပါတယ်။
#ရွှေတဆုပ်
14/05/2026
💐🪴☘️ ပန်းမျိုးစေ့ လက်ကား အမှာလေး 🪴 ယုံကြည်စွာ ငွေကြိုလွှဲပြီး ရက်စောင့်မှာယူပေးတဲ့ customer ကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။
💢လက်ကား အမှာများအတွက် instockမထားပါ။ငွေကြိုလွှဲ order confirmedမှ မှာယူတဲ့Order အရေအတွက်ဖြင့် Farm/ပျိုးခြံမှ ထုတ်ယူရသောကြောင့် order မှာပြီး 3-5 ရက်စောင့်ပေးရပါတယ်💢
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |