Burma Record
23/04/2026
အတိတ်ရဲ့ ရန်ကုန်....😎
20/03/2026
ပျူနဲ့ ဗမာ အမျိုးတော် လူမျိုး အတူတူလုပ်ချင်နေသူများ.. ဒီဟာတွေက ဗမာလူမျိုးတွေ အရုပ်လား.. 😁.. ။ သိပ်ပြီး သမိုင်းကြီး မလုပ်ချင်နဲ့ သမိုင်းဆိုတာ ကိုယ်ဖြစ်ချင်တာတွေ လုပ်ရေးလို့မရဘူး။ သမိုင်းဆိုတာ မကြီးမြတ်တာ ကြီးမြတ်တာ လုက်ယူမရ အရှိတရားကို လက်ခံရတာ။
နောင်လူတွေ မမှားဖို့.. ဒါကိုပင် ဆက်ကျင့်သုံးနေရင်.. ကျောင်းစာအထိ ဂျင်းတွေလုပ်ကြံ ထည့်သင်းနေရင်.. ဘယ်မှာလဲ့ မင်းတို့ သမိုင်းမှန်ကဆိုတာမျိုး ဖြစ်ကုန်လာမယ်။
01/12/2025
"ရိုးသားတဲ့စစ်သားကြီး"
ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတော်သမ္မတဒေါက်တာမောင်မောင်ထံမှ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက်တွင် အာဏာသိမ်းခဲ့သောတပ်မတော်ခေါင်းဆောင်ဖြစ်သည်။၁၉၈၈ မှ ၁၉၉၂ ခုနှစ်ဧပြီအထိနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်ဧပြီ ၂၃ တွင်ကျန်းမာရေးအကြောင်းပြချက်ဖြင့်ရုတ်တရက်အနားယူခဲ့ရသည်။
ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ၁၉၂၈ ခုနှစ်တွင်မန္တလေးမြို့၌ဗမာလူမျိုးဦးမောင်ကလေး၊ဒေါ်မှတ်မှမွေးဖွားခဲ့သည်။၁၉၅၂ ခုနှစ်တွင် OTS အပတ်စဉ် (၆) ဖြင့်ပြန်တမ်းဝင်အရာရှိဒုဗိုလ်ဖြစ်ခဲ့သည်။၁၉၇၅ - ၇၆ တွင်ထိုင်းနယ်စပ်ရှိကရင်လက်နက်ကိုင်များကိုတိုက်ခိုက်ခြေမှုန်းခဲ့သည်။၁၉၈၅ ခုနှစ်မှစတင်၍ဒု-ဗိုလ်ချုပ်ကြီးအဆင့်ဖြင့်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ တွင် နဝတ ဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။၁၉၉၀ ပြည့်နှစ်တွင်မြန်မာ့စစ်တပ်မှာပထမဦးဆုံးဗိုလ်ချုပ်မှူးကြီးအဆင့်တိုးမြှင့်ရယူခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးစောမောင် သည်နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းဆောင်ရွက်ခဲ့သည်။သူသည် ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူဖြစ်သောကြောင့်သူ့လက်ထက်ပြုလုပ်ခဲ့ရသောဗုဒ္ဓသာသနာတော်သန့်ရှင်းရေးလုပ်ငန်းအတွက်ကြီးစွာသောစိတ်သောကဝေဒနာခံစားခဲ့ရသည်ဟုဆိုသည်။
ဗိုလ်ချုပ်မှူးကြီးစောမောင်ကပါတီစုံရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် အနိုင်ရပါတီကိုအာဏာလွှဲအပ်မည်ဖြစ်ကြောင်းနှင့်အာဏာရပါတီကလွတ်တော်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြရမည်ဖြစ်ကြောင်းနှင့်အာဏာလွှဲအပ်ပြီးပါကစစ်တပ်ကသူ့နေရာမှန်စစ်တန်းလျားပြန်ကြမည်ဖြစ်ကြောင်းပြည်သူကိုကတိကဝတ်ပြုခဲ့ဖူးသည်။
၁၉၉၀ မေလတွင်ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင်ဦးစီး၍ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကိုအောင်မြင်စွာခြိမ့်ခြိမ့်သည်းကျင်းပနိုင်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သော်လည်းအာဏာလွှဲပြောင်းပေးရန်အခြားဗိုလ်ချုပ်များကသဘောမတူခဲ့ကြဟုသတင်းများကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(ခြေ/ဥ)မရှိပဲအာဏာလွှဲပေးရန်မဖြစ်နိုင်ဟုဗိုလ်ချုပ်များကအကြောင်းပြခဲ့ကြသည်။မှော်ဘီညောင်နှစ်ပင်မှာအငြင်းပွားစရာပုဒ်မများစွာနဲ့ခြေ/ဥကို ၁၈ နှစ်ကျော်အချိန်ယူရေးဆွဲခဲ့ကြသည်။ဆန္ဒမဲပေးခွင့်ရှိသူ ၉၂.၄ % ကျော်က ၂၀၀၈ ခြေ/ဥကိုတခဲနက်ထောက်ခံကြသည်ဟုစစ်အာဏာရှင်(စာဖတ်နေသူကြီး)ကကမ္ဘာကိုဝမ်းသာအားရကြေညာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးစောမောင်ဇနီးဒေါ်အေးရီတွင်သားနှစ်ယောက်သမီးတစ်ယောက်နှင့်မြေးသုံးယောက်ရှိသည်။ဂေါက်သီးရိုက်အလွန်ဝါသနာပါပြီးဗုဒ္ဓဘာသာကိုင်းရှိုင်းသူတစ်ဦးဖြစ်သည့်ဗိုလ်ချုပ်မှုးကြီးသည် ၁၉၉၇ ခုနှစ်ဇူလိုင်လ ၂၄ ရန်ကုန်မြို့နေအိမ်၌ကွယ်လွန်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင်ဗိုလ်ချုပ်မှူးကြီးစောမောင်အား နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဥက္ကဋ္ဌကပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သောအဂ္ဂမဟာသရေစည်သူဘွဲ့နှင့်သုဓမ္မသင်္ဂဟဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကိုချီးမြှင့်အပ်နှင်းခဲ့သည်။
Source: Wikipedia
လွင်ဦး(ရန်ကင်း)
Click here to claim your Sponsored Listing.
Category
Contact the museum
Telephone
Website
Address
Yangon