Boom ChoLay

Boom ChoLay

Share

06/06/2024

ချစ်သူ ဘဝထဲက
ဆဲတတ်တဲ့ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဆဲပါလိမ့်မယ် ။

ချစ်သူ ဘဝထဲက
အရက်သောက်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ မိသားစုရှေ့ဆက်သောက် နေမှာပါပဲ ။

ချစ်သူ ဘဝထဲက
လောင်းကစား တပ်မက်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့ အခါ
မိသားစု စီးပွားရေး ထိခိုက်တဲ့အထိ ပြုလုပ်နေမှာပါပဲ ။

ချစ်သူ ဘဝထဲက
မူးယစ်ဆေး သုံးစွဲတတ်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့အခါ ဆက်ပြီး သုံးစွဲနေမှာပါပဲ ။

ချစ်သူဘဝထဲက
ဖောက်ပြန်တတ်တဲ့ ယောက်ျားဟာ
အိမ်ထောင်ကျတဲ့အခါ ဖောက်ပြန်မှုကို
သိအောင် တမျိုး မသိအောင်တမျိုး ကျူးလွန်နေမှာပါပဲ ။

ငါ့ကိုချစ်ရင်
သူပြုပြင်မှာပါလို့ မတွေးပါနဲ့။

မင်းကိုရရင်
ငါပြုပြင်ပါ့မယ်ဆိုလည်း မယုံပါနဲ့။

ပြောင်းလဲပြတယ်ဆိုလည်း ခဏပါပဲ။
ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို
တချိန်ချိန် ပင်ကိုယ် ဗီဇပြလာပါလိမ့်မယ်။

ယောက်ျားတစ်ယောက်ကို
ချစ်လို့ ရပါတယ်။

အချစ်တွေဖုံးပြီး အပြစ်တွေ မမြင်သူ
မဖြစ်ကြဖို့သာ လိုပါတယ်။

ဘဝအတွက်
လက်တွဲဖော် ရွေးချယ်မှုမှားရင်
ဒူးနဲ့မျက်ရည်သုတ်နေကြရမှာ မိန်းကလေးတွေပါပဲ ။

အိမ်ထောင်တစ်ခု တည်ထောင်တယ်ဆိုတာ
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နဲကြပါတယ်။

အချစ်ကိုပဲ ဦးစားမပေးဘဲ မှန်ကန်တဲ့ အသိဉာဏ်နဲ့
ဆုံးဖြတ်တတ်မှသာ ရေရှည် အောင်မြင်တဲ့
အိမ်ထောင်ရေးတစ်ခု ဖြစ်မှာပါ ။
တစ်ဦးတစ်ဖက်တည်း ကောင်းနေရုံနဲ့ မရပါဘူး ။

လင်ဆိုးမယား တဖားဖား ဆိုသလို
ဒုက္ခမျိုးစုံကို ဒူးနဲ့မျက်ရည်သုတ် ခံစားတတ်ကြရသလို
မိသားစုကြား ပတ်ဝန်းကျင်ကြားမှာ မျက်နှာငယ်စွာ
ရပ်တည်တတ်ကြရပါတယ် ။

သားဆိုးအေမ တေပေပ ဆိုသလို
လင်နဲ့ ကွဲသွားပေမဲ့ ဗီဇညံ့တဲ့
ယောက်ျားနဲ့ ရတဲ့ရင်သွေးဟာ
ထိုသူရဲ့ အကျင့်စရိုက် အများအနည်း
ပါနေတတ်ကြလို့ ဒါကို ပြုပြင် ပေးရင်း
စိတ်မောလူမော ဖြစ်တတ်ကြပါတယ်
ဒါဟာ အမွေဆိုးတစ်ခုပါပဲ ။

ဒါကြောင့် အိမ်ထောင်ရေးကို
ကိုရီးယားဇာတ်လမ်းတွဲတွေလို
မြန်မာကားတွေလို သီချင်းတွေလို
စိတ်ကူးယဉ်လို့ မရပါဘူး။

လက်တွေ့ဘဝမှာ မသေမချင်း
လျှောက်ကြရမှာပါ ။

လိမ်နေတဲ့ အရာတိုင်းက
လှနေတတ်တယ်။

လူတစ်ယောက်ရဲ့ ဗီဇစိတ်ဆိုတာ
အပင်တစ်ပင် အမြစ်တွယ်ရှင်သန် နေသလိုပါပဲ
သေမှ ပျောက်ကြတာပါ ။

ဘယ်သူမပြု မိမိမှု့ ဆိုသလို
ကံကိုယုံပြီး ဆူးပုံချနင်းမယ် ဆိုရင်တော့
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ်ကိုယ်ခံ ဆိုသလို
မသေမချင်း ဘဝကို အမောတွေနဲ့သာ
ဖြတ်ကျော်ရမယ်ဆိုတာ.....သိကြဖို့ ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


လိုင်သာယာ
Yangon