ESTY Tyre Service
21/06/2026
ဒိုလေးရဲ့ အမိုက်စား Bugatti Centodieci
⚽ ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ကားစုဆောင်းမှုထဲမှာ အထူးခြားဆုံးနဲ့ တန်ဖိုးအကြီးဆုံး စူပါကားတစ်စီး ရှိပါတယ်ဗျာ။ အဲဒါကတော့ ကမ္ဘာပေါ်မှာ (၁၀) စီးပဲ ရှိတဲ့ Bugatti Centodieci ပါပဲ။
✨ ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ ထူးခြားပြီး အရေအတွက် အနည်းငယ်ပဲရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို စုဆောင်းရတာ ဝါသနာပါသူပါ။ Bugatti ကုမ္ပဏီက က ထုတ်တဲ့ ဒီကား (၁၀) စီးမှာ ရော်နယ်ဒိုကတော့ (၇)ယောက် မြောက် ပိုင်ရှင် ဖြစ်ပါတယ်။
⭐ သူ ဒီကားကို ၂၀၁၉ -၂၀၂၀ ဝန်းကျင် (ဂျုဗင်တပ်စ်အသင်းမှာ ကစားနေစဉ်) စီးရီးအေ ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် မိမိကိုယ်ကိုယ် ပေးခဲ့တဲ့ အောင်ပွဲခံလက်ဆောင် ဖြစ်ပါတယ်။
⭐ ကားရဲ့ ကနဦးတန်ဖိုးတင် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး ရှိပြီး လက်ရှိအချိန်မှာတော့ ပိုလို့တောင် စျေးတက်နေပြီ ဖြစ်ပါတယ်။
⭐ 0 ကနေ 100 km/h ကို ၂.၄ စက္ကန့် လေးနဲ့ အရှိန်တင်နိုင်ပြီး၊အမြင့်ဆုံးအရှိန်ကို တစ်နာရီ ၃၈၀ ကီလိုမီတာ (380 km/h) ထိ မောင်းနိုင်ပါတယ်။
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
Click here to claim your Sponsored Listing.
Category
Website
Address
No 11, Panchan Street, Myaynigoe Township
Yangon
11061