Marvel English Language Center
Classes are taught by highly trained and experienced teachers who bring energy and expertise to every class.
21/02/2022
1 Minute English
(Day 39)
ခုရက်ပိုင်း တော်တော်များများ နေမကောင်းကြတော့ ကျန်းမာရေး ဂရုစိုက်ကြပါနော်။ အိမ်ကကျမကြောင်လေးလဲ နည်းနည်းနေမကောင်းဖြစ်ချင်လို့ (He's a bit under the weather.) ဆေးခန်းပြ အားဆေးထိုးလိုက်ရတယ်။ အဖျားမရှိလို့တော်သေးတာပေါ့။
* under the weather - slightly ill
Examples:
-You look a bit under the weather.
- I'm feeling a bit under the weather. I think I've caught a cold.
* နေမကောင်းတဲ့ သူတယောက်ယောက်ကို မြန်မြန်နေကောင်းပါစေ စသဖြင့်ပြောချင်ရင်တော့
- Get well soon.
- (I) hope you get well soon.
- (I) hope you feel better soon. စသဖြင့်ပြောလို့ရပါတယ်။
21.2.2022.
14/02/2022
1 Minute English
(Day 36)
တချို့အခြေနေတွေက ရေလိုက်ငါးလိုက် ဘာကိုမှ control မလုပ်နေပဲ အဆင်ပြေသလို (go along with whatever happens) နေလိုက်တာက စိတ်သက်သာရာရပါတယ်။
* go with the flow - to do what other people are doing or agree with the opinions of others
Examples:
- I don't mind, I'll just with the flow.
- When you're new in school, it's easiest to just go with flow for a while, and see what people are like.
- There's nothing I can do about the problem, so I might as well go with the flow.
14.2.2022.
1Minute English
( Day 35)
အဂ်လိပ်စာ လေ့လာရင်း ဘယ် TV shows လေးတွေ ကြည့်ဖြစ်လဲ ပြောခဲ့ကြအုံးနော်။
Benedict Cumberbatch ရဲ့ Sherlock က ကျမရဲ့ အကြိုက်ဆုံးထဲက တခုပါ။
* concerned (adj) - worried about something
concerned about/for
Examples:
-She's concerned about how little food I eat.
- I'm a bit concerned about/for your health.
- Police said they were very concerned about the boy's safety.
*As far as (somebody) is /am/are concerned ဆိုတဲ့အသုံးလေးလဲရှိပါတယ်။
As far as I'm concerned, I don't mind that you wear this mini-skirt.
(Cambridge Dictionary မှာ ထပ်ပီး လေ့လာကြည့်ပါနော်။)
11.2.2022
1 Minute English
(Day 34)
Peppa Pig ကြည့်ရင်း ကိုယ်တွေငယ်ငယ်ကသာ အဖေ အမြတ်တနိုးစိုက်ထားတဲ့ ဖရုံသီးကြီးကို စက်ဘီးနဲ့ ဝင်တိုက်မိရင် ဘယ်လောက်တောင် အဆူခံရမလဲ စဉ်းစားမိတယ်။ (ကျမတို့ မြန်မာမိဘတွေတော်တော်များများက ကလေးတွေကို အကျိုးအကြောင်း ပြောပြဆုံးမဖို့ထက် ဆူဖို့ပဲ အားသန်ကြတာများတယ်။😁)
ကလေးတွေအတွက်ကော ၊ Englishစာ လေ့လာတဲ့ လူကြီးတွေအတွက်ပါ ကောင်းတဲ့ cartoons လေးပါ။ Season 6 ခုရှိပါတယ်။
* Look out ! (syn) Watch out !
- used to warn someone that they are in danger.
Example
Look out ! There's a car coming.
* nerver mind ရဲ့ အဓိပ္ပာယ်တွေအများကြီးထဲကမှ
never mind something - used to tell someone that it's not important to do or consider something now, because something else is more important
Examples
- I want to get this for your kids, never mind the cost!
- Never mind the dishes- I will do them later.
- Never mind me - what about you?
9.2.2022.
08/02/2022
1 Minute English
( Day 33)
ကျမ တို့ အစား စားတဲ့အခါ ကိုယ်စားနိုင်တာထက် ပိုစားရင် အစာမကြေ နေလို့မကောင်းဖြစ်တတ်သလို ၊ ကိုယ်လိုပ်နိုင်တာထက် ပိုလုပ်တဲ့အခါ ( if we try to do something beyond our capibility ) ကိုယ့်အတွက် မနိုင်မနင်းဖြစ်ပြီး အခက်တွေ့တတ်ပါတယ်။ ( Don't bite off more than you can chew.)
bite ရဲ့ verb form တွေကတော့
bite - bit - bitten ပါ။
VOA Learning English က dialogue လေးကိုကြည့်ကြည့်ရအောင်နော်။
Anna : Jonathan, how was your European vacation?
Jonathan : Very tiring.😩
I don't think visiting 10 countries in 10 days was the best idea.
Anna : Sounds like you bit off more than you could chew.
Jonathan : Yeah, I would definitely not recommend it.
8.2.2022.
05/02/2022
ခုတလော မီးကလဲ ပျက်ရင် တော်တော်ကြာ။ အတန်းချိန်ဆက်တိုက်ရှိတဲ့ရှိတဲ့ရက်ဆို ရင်တုန်နေရတယ်။ ကလေးတွေကိုစာသင်ရင်း now and long ago အရင်တုန်းက အကြောင်းတွေ ပြောကြတော့ cooked on the coal stove ဆိုတော့ ခု ကိုယ်တွေဘဝ လဲ life long ago ကို ပြန်ရောက်နေပါပီလို့။
04/02/2022
1 Minute English
( Day 31)
ဘာရယ်မဟုတ် ဒီနေ့တော့ ငယ်ငယ်တုန်းကအကြောင်းလေးတွေ ပြန်စဉ်းစားမိတာနဲ့ အလုပ်ဝင်ခါစက stress တွေများလို့ ၊ တခုခု အဆင်မပြေဖြစ်ရင် ငိုတော့တာပဲ😁။ ကိုယ်တွေရဲ့ ဆရာမကြီးက 'It's not the end of the world. We can figure it out.' လို့ပြော့လေ့ရှိတယ်။ ပြသာနာတခုဖြစ်လာရင် ၊ အဆင်မပြေတာတွေဖြစ်လာရင် ကိုယ်ထင်သလောက်လဲ မဆိုးပါဘူး လို့ပြောချင်ရင်သုံးပါတယ်။ ကျမတို့ မဖြေရှင်းနိုင်တဲ့ ပြသာနာဆိုတာ မရှိပါဘူးနော်။
*it's not the end of the world - used to tell someone that a problem is not as bad as they think
Examples:
- Losing your job is hard, but it's not the end of the world.
- You can't always get it right, but it's not the end of the world if you don't.
- It's very upsetting, but it's not the end of the world.
4.2.2022.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
PyiTawAye Street, LayHtaukKan Qr, Thingangyun
Yangon