Light Craft

Light Craft

Share

Light is the best place to show your art & creation.

23/11/2023

မြန်မာနိုင်ငံရဲ့ မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက်တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။
တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
အခုလို နေ့ထူး နေ့မြတ် ဖြစ်တဲ့ "တန်ဆောင်တိုင် မီးထွန်းပွဲတော်" လေးမှာ မြန်မာပြည်သူ ပြည်သား အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း LIGHTCRAFTမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။

Photos from Light Craft's post 13/11/2023

Congratulations to all the startups that participated in ASEAN Korea Startup Week 2023. This year, 30 startups from 10 ASEAN Member States participated.
For Myanmar, three startups took part: Lightcraft Myanmar, Mi Lay San Food Manufacturing, and Nay pyi Taw Pone Yate Thit.

ASEAN-Korea Centre 한-아세안센터

06/10/2023

📢 Hello 📢
အားလုံးပဲမဂ်လာပါရှင့်
Light Craftနှင့်ဧမာနွေလတေလဂူနှစ်ခြင်းအသင်းတော်သင်းအုပ်ဓမ္မရိပ်သာကျောင်းတို့ပူပေါင်းဆောင်ရွက်ခဲ့တဲ့workshopလေးအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီရှင့်
✅Light Craftရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ကလေးလေးတွေနဲ့လက်မှုပညာကိုစိတ်ဝင်စားတဲ့အမျိုးသမီးလေးတွေအတွက်ကူညီပေးချင်တာဟာတစ်ခုအပါအဝင်ဖြစ်ပါတယ်
✅ဧမာနွေလ​လဂူနှစ်ခြင်းအသင်းတော်အသင်းအုပ်ဓမ္မရိပ်သာကျောင်းမှဖွင့်လှစ်သင်ကြားနေသောလူငယ်ပေါင်း(120)ကျော်မှလက်မှုပညာကိုစိတ်ဝင်စားသည့်လူငယ်များကို(28.8.2023)တွင် Paper Quilling Artကိုသင်ကြားပေးဖြစ်ခဲ့ပါတယ်ရှင်..
✅သင်ကြားပေးတဲ့ဆရာမလေးကLight Craftရဲ့Women Empowerment Program 1st batchမှာပါဝင်ခဲ့တဲ့ညီမလေး အိမ့်ယုယုနိုင်ဖြစ်ပြီး ညီမလေးကQuilling Artပညာကိုself studyလုပ်ရင်းလေ့လာခဲ့တာ၄နှစ်နီးပါးရှိပါပြီရှင်။
✅လက်မှုပညာကိုလေ့လာခြင်းအားဖြင့်လူငယ်များတွင်စိတ်ကူးဥာဏ်ကွန့်မြူးလာနိုင်ခြင်းအာရုံစူးစိုက်မှုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်ရှင်။ ဒီသင်တန်လေးမှာ ပါဝင်ခဲ့တဲ့ လူငယ်လေးတွေဆီက ဘယ်လိုတီထွင်မှုတွေ ထွက်ပေါ်လာမယ်ဆိုတာကိုလည်းစိတ်လှုပ်ရှားစွာ မျှော်လင့်နေမိပါပြီရှင်။
✅သင်တန်းဆရာမရဲ့အသေးစိတ်ဂရုစိုက်စိတ်ရှည်စွာသင်ကြားမှု သင်တန်း မှ ကလေးငယ်တွေရဲ့စိတ်ဝင်စားမှု ပျော်ရွှင်စွာကြိုးစားပြီးလုပ်ဆောင်မှု​
ကြောင့်ရရှိလာသော​သေသပ်လှပသည့်လက်ရာများကိုလည်းမှတ်တမ်းတင် ပြသလိုက်ပေးလိုက်ပါတယ်ရှင်......😍😍
✅Light Craftရဲ့Programလေးမှာဝင်ရောက်ကူညီပေးတဲ့ ညီမလေးအိမ့်ယုယနိုင်နဲ့ အသင်းတော်ကိုမိတ်ဆက်ပေးတဲ့အသင်းရဲ့ဆရာ/ဆရာမတို့ကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်😊😊

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room 01. 01, Building 4, GEMS Condominium, Thazin Street, Hlaing Township
Yangon
11052