Zin-Legal Notes
ပုဒ်မ၃၇၇
*********
ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှု
*************************
ယောကျာ်းနှင့်ဖြစ်စေ၊မိန်းမနှင့်ဖြစ်စေ၊တိရစ္ဆာန်နှင့်ဖြစ်စေမည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို ထောင်ဒဏ် နှစ် နှစ်ဆယ် ဖြစ်စေ၊ဆယ်နှစ်ထိေထာင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ၃၇၆ မှာအမျိုးသားက အမျိုးသမီးကို အလိုမတူဘဲ အမျိုးသမီး၏ အင်္ဂါဇာတ်အတွင်းသို့ ကာမစက်ယှက်ခြင်းဖြစ်ပြီး ပုဒ်မ၃၇၇မှာ အမျိုးသားနှင့် အမျိုးသမီး၊အမျိုးသားအချင်းချင်း၊အမျိုးသမီးအချင်းချင်းသော်လည်းကောင်း၊အမျိုးသား(သို့)အမျိုးသမီးကတိရစ္ဆာန်နှင့်သော်လည်းကောင်း၊ဓမ္မတာအတိုင်းမဟုတ်ဘဲ ကာမစပ်ယှက်မှုမျိုးအတွက် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ဆယ်နှစ်ထိေထာင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဠာန်းထားသည်။
ဤပုဒ်မ၃၇၇ ပါ ဓမ္မာတာနှင့် ဆန့်ကျင်သောပြစ်မှုတွင် မုဒိန်းမှုမှာကဲ့သို့ " အပြုခံရသူက အလိုမတူဘဲ" ဆိုသည့်စကားရပ်မျိုးမပါသဖြင့်အပြုခံရသူက သဘောတူလျှင်လည်း ထိုသူပါ ပြစ်မှုမြောက်နိုင်သည်။
ပုဒ်မ၃၇၇မှာ ရဲအရေးပိုင်သည်။ဦးစွာဝရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်သည်။အာမခံမပေးနိုင်။ကျေအေးခွင့်မရှိ။ခရိုင်တရားရုံးကဖြစ်စေ၊ပထမတန်းအာဏာရတရားသူကြီး(သို့)ဒုတိယတန်းအာဏာရတရားသူကြီးကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။(ရာဇဝတ်ကျင့်ထုံးဇယား-၂)
အဓိပ္ပာယ်သတ်မှတ်ချက်များ
**********************************
တရားမမှု(Suit of Civil Nature)=မူလရုံးတွင် စတင်စွဲဆိုသောအမှု။
အယူခံမှု(Civil Appeal) = စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်ရန် လျှောက်ထားမှု။
ပြင်ဆင်မှု(Civil Revision) = စီရင်ချက်၊အမိန့်(ထုံးပုံကျ)ပြန်လည်ပြင်ဆင်ပြောင်းလဲရန်လျှောက်ထားမှု။
အထွေထွေမှု =တရားမကြီးမှ ပေါ်ပေါက်လာသောကိစ္စ၊(Civil Miscellaneous) ကျင့်ထုံးအရ စွဲဆိုသော အမှုများ။
တရားလို(plaintiff)
အယူခံတရားလို (Appellant)
တရားပြိုင်(Defendant)
အယူခံတရားပြိုင် (Respondent)
ဆိုလွှာ(plaint)
ချေလွှာ(Written Statement)
အယူခံလွှာ (Memorandum of Appeal)
ပြင်ဆင်မှုလျှောက်လွှာ (Application)
လျှောက်ထားသူ(Applicant)
လျှောက်ထားခံရသူ(Respondent)
ပြန်လည်သုံးသပ်မှု(Review)
စီရင်ချက် (Judgment)
ဒီကရီ (Decree)
အမိန့် (Order)
တရားနိုင် (Decree-Holder)
တရားရှုံး (Judgment-Deptor)
တရားဝင်ကိုယ်စားလှယ်(legal Representative)
အခွင့်ရကိုယ်စားလှယ်(Agent)
ဥပဒေ(Code)(Includes Rules)
Substantive Law - ပင်ရင်းဥပဒေ(သီးခြားသက်သာခွင့်အက်ဥပဒေ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ဓလေ့ထုံးတမ်းဥပဒေ.....အစရှိသည်)
Adjective Law - ကိရိယာဥပဒေ(ကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon