Beatrix

Beatrix

Share

We will bring happiness to your business by providing a smart and effective business solution.

06/03/2021

R2P (Responsibility to Protect) ဆိုတာ !!!

ဘာသိလို့R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက်

၁) Responsibility to Protect (R2P) ဆိုတာ ဘာလဲ
—————————————-

Responsibility to Protect (R2P) ဆိုတာ 2005 ကုလသမဂ္ဂ ကမ်ဘာထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး ချွင်းချက်မရှိထောက်ခံလက်မှတ် ရေးထိုးခဲ့တဲ့ ကမ်ဘာနိုင်ငံရေး ကတိကဝတ် တခု (a global political commitment) ဖြစ်ပါတယ်။

၂) R2P ထဲ ဘာတွေ အကျုံးဝင်လဲ
——————————————-
အောက်ပါ ရာဇဝတ်မှု ၄ မျိုးကို ဖြေရှင်းဖို့ပါဝင်ပါတယ်။ ရာဇဝတ်မှု ၄ မျိုးဟာ ရက်စက်ယုတ်မာသော ရာဇဝတ်မှု။ အစုအပြုံလိုက် ရက်စက်ယုတ်မာသော ရာဇဝတ်မှု (Atrocity crimes or mass atrocity crimes) အဖြစ်ကျူးလွန်ရပါမယ်။

က) လူမျိုးတုန်းသတ်ဖြတ်မှု (Genocides)

ခ) စစ်ရာဇဝတ်မှု (War Crimes)

ဂ) လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှု (Ethnic Cleansing)

ဃ) ပြည်သူတရပ်လုံးအား ဆန့်ကျင်သည့်အမှုကို ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်)

စနစ်တကျ မူဝါဒ ချမှတ်၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု

(Crimes against humanity: Acts that are purposely committed as part of a widespread or systematic policy, directed against civilians, in times of war or peace)

၃) R2P က ဘာလုပ်ပေးလဲ
———————————-
က) ညှိနှိုင်းဖျန်ဖြေပေးခြင်း

ခ) သတိပေးခြင်း

ဂ) စီးပွါးရေးပိတ်ဆို့ခြင်း

ဃ) UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်ခြင်း (ဒါကို နောက်ဆုံး မှလုပ်ရပါမယ်)

ဃ၁ ) ငြိမ်းချမ်းရေး ပျက်စီးရန် အန္တရာယ်ရှိလျင်၊

ဃ၂) ငြိမ်းချမ်းရေးကို ဖောက်ဖျက်လျင်၊

ဃ၃) ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်သော လုပ်ရပ် လုပ်လျင်

UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲ၍ စစ်ရေးအရ (သို့မဟုတ်) စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခွင့်ရှိပါတယ်။

R2P ထောက်တိုင် ၃ ခုက ဘာလဲ
———————————-
၁) ကိုယ်နိုင်ငံမှာ ဖော်ပြပါ ရာဇဝတ်မှု ၄ ခုမရှိအောင် နိုင်ငံတိုင်း ကာကွယ်ရမယ်

၂) သက်ဆိုင်ရာနိုင်ငံက ကိုယ်တိုင် ကာကွယ်လိုသော်လဲ ၊ မနိုင်လျင် အပြည်ပြည်ဆိုင်ဆိုင်ရာ အကူအညီကို လွှတ်ပေးရမယ်

၃) အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောက်ရွက်ရမယ်။

R2P ကို ဘယ်မှာ ဘယ်လိုသုံးခဲ့သလဲ
———————————-
၁) Kenya 2007/2008

ရွေးကောက်ပွဲ အငြင်းပွါးပြီး သမ္မတ တစ်ဦးတက်ပြီးခြင်း အုံကြွမှုဖြစ်ပွါးခဲ့တယ်။ လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှုအကျုံးဝင်ခဲ့တယ်။ လူ ၁၀၀၀ကျော်သေဆုံးပြီး ၅သိန်းကျော်တိမ်းရှောင်ရတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက UN လုံခြုံရေးကောင်စီတင်ပြပြီး ကုလကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။

၂) Ivory Coast 2011

ရွေးကောက်ပွဲအလွန် အုံကြွမှုဖြစ်ပြီး မဆင်းတဲ့ သမ္မတဟောင်းနဲ့ အဖွဲ့ကိုဖယ်ချဖို့ UN စစ်တပ် ၅ရက်အတွင်းဝင်ရောက်ခဲ့တယ်။ ၁၁ ရက်အတွင်း သမ္မတအသစ်က သမ္မတေဟာင်းကို ဖမ်းပြီး ICC ပို့ခဲ့တယ်။

၃) Libya 2011

UN တပ်ကို R2P အနေဖြင့်စသုံးခဲ့တယ်။ လုံခြုံရေး ကောင်စီ အပစ်အခပ်ရပ်စဲရေး အမိန့်ပေးပြီး NATO တပ်တွေဝင်လာခဲ့တယ်။ အာဏာရှင်ကတာဖီ ထွက်ပြေးပြီး လမ်းဘေးမှာ ဘယ်လို သေလဲဆိုတာတော့ အားလုံးသိပြီးဖြစ်လိမ့်မယ်။

တခြား case တွေလဲရှိပါသေးတယ်။

📛📛📛📛📛

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အခြေအနေနဲ့မရတော့ပါဘူး။ UN တပ်များ စစ်ရေးနဲ့ကာကွယ်ဖို့ Responsible to Protect (R2P) ကို တစ်ပြည်လုံး တညီတညာတည်း တောင်းဆိုကြရမယ့်အချိန် ရောက်ရှိလာပါပြီ။ သဘောတူရင် R2P Campaign ကို စကြပါစို့။ CRPH မှ R2P ကို ပြည်သူသန်း ၅၀ ကိုယ်စား တောင်းဆ်ိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ။ R2P ကိုသဘောတူညီရင် မျှဝေကြပါ။




ထပ်ဖြည့် ။ အခု Dr.SaSa ကတောင်းဆိုလိုက်ပြီဆိုတော့ အမြန်ဆုံးလက်ခံအရေးယူနိုင်ဖို့ ဆုတောင်းကြရအောင်ပါ !!!!! 🙏🏼🙏🏼🙏🏼
Credit : original

Photos from Civil Disobedience Movement's post 20/02/2021
20/02/2021

"သေသွားပါပြီ" ဆိုတဲ့ စကား အစား
"အသတ်ခံလိုက်ရပါတယ်" လို့သုံးပါ
ဒီပွဲမှာ ပြည်သူတွေဘက်က လူ့အသက်တွေ ရင်းနှီးထားပြီး တိုက်နေကြရပါတယ်
ကျည်တစ်တောင့် အသက်တစ်ချောင်းနှုန်းနီးပါး
ပစ်သတ်ခံနေရပါတယ်


Crd

Photos from AREA 21's post 13/02/2021
Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon