Future Home Realty

Future Home Realty

Share

Photos from Future Home Realty's post 14/11/2022

ဆော်ဒီအာရေးဗီးယားတွင် ကမ္ဘာ့အကြီးဆုံးရွက်လှေကို "Pangios" ဟု အမည်ပေးထားပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။

လိပ်ပုံသဏ္ဍာန်ရှိသော ရွက်လှေသည် လူပေါင်း 60,000 ဆံ့ရန် မျှော်မှန်းထားပြီး ကမ်းခြေကလပ်များ၊ အိမ်ကြီးများ၊ ကုန်တိုက်များနှင့် လျှပ်စစ်မော်တာ ကိုးလုံးတပ်ဆင်ထား၍ရေပေါ်မြို့တစ်မြို့ကဲ့သို့ဖြစ်မည်။
Credit
#𝕄𝕠𝕙𝕒𝕞𝕞𝕒𝕕𝔸𝕣𝕚𝕗𝕗

Photos from Future Home Realty's post 29/06/2022

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေလွတ်‌မြေရိုင်း ပြန်လည်သိမ်းယူမည်

နိုင်ငံတစ်ဝန်းရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်မှ ပြန်လည် သိမ်းယူနိုင်ရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ဇွန်လ (၂၇) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များလည်း တိုင်းဒေ သကြီး ပြည်နယ်အသီးသီး၌ ပေါ်ထွန်းလာမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက် အ ကူ ပြုနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူ လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေများအား ပြန်လည်သိမ်းဆည်းနိုင်ရေးကို မိမိတို့ ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး ပြည်နယ်ကော်မတီ အဆင့်ဆင့်တို့က စိစစ် ဆောင်ရွက်လျက်ရှိပါတယ်" ဟု ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

ထို့အပြင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာအသုံးချမှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် မိမိတို့၏ ရေမြေသဘာဝကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေး ထုတ်ကုန်များ၊ တိရ စ္ဆာန်မွေးမြူ‌ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ တင်ပြမှုများအပေါ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုး ရေးလုပ်ငန်းအတွက် မြေဧက (၆၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက (၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေဧက (၄၀၀)ခန့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက (၃၀၀၀) ကျော်၊ စုစုပေါင်း မြေဧရိယာ ဧက (၁၁၀၀၀)ကျော်တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက (၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့ရာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် ပြန်လည်သိမ်းဆည်းခဲ့ရသည့် ဧက (၂၄၀၀၀)ကျော် အပါအဝင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာစုစုပေါင်းမှာ ဧက (၁၅)သိန်းကျော် ရှိပြီဖြစ်ကြောင်းလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန စာရင်းဇယားများအရ သိရသည်။

ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက် ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းခြင်းမပြုဘဲ ပျက်ကွက်နေမှုများကို စိစစ်ပြီး မြေခွန်များ အပြည့်အဝကောက်ခံရရှိရေး ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။
Credit

Photos from Future Home Realty's post 28/05/2022

Q
အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မေးသူများ

Ans မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင်
အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။

အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်းပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားကသင့်သလိုဈေးခေါ်
သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက်အပိုင်ရမှာဆိုတာရယ်...
မြေယာဥပဒေတွေကို မသိနားမလည်းတဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။

ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။

တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို
တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။

ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။
စာချုပ်ထဲမှာ
အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ
လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။
အဲ့ဒီလို လုပ်ကြတာပါ။

အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက်စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ဝယ်သူတွေကြတော့လည်း
ဘာမှနားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။

မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...

ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
စာများများဖတ်ကြ...

Crd > # မူရင်းရေးသားသူ

#အိမ်ခြံမြေအကြောင်း

Photos from Future Home Realty's post 12/05/2022

🗣မြိုလယ်ခေါင်မှကြိုက်တဲ့လူကြီးမင်းတို့အတွက် ထပ်ခိုးပါမီနီကွန်ဒိုအခန်းကျယ်လေးရောင်းပါမည်...

✅Location
ဗိုလ်တထောင်မြိုနယ်, ၄၈ လမ်း(အလယ်ဘလောက်)

✅8th floor

✅1800sqft (40×45)

✅ 3 bedrooms ,Living ,Dining, Kitchen ,Balcony

✅ Lift and 24 hours security

🚘ကားပါကင်သီးသန့်မပါပေမဲ့ လမ်းကျယ်ဖြစ်တဲ့အတွက်ကြောင့် ကားရပ်နားရန်အဆင်ပြေခြင်း။

📌ဈေးနီး၊ ဘဏ်နီး၊ ကျောင်းနီး ၊ စားသောက်ဆိုင်တွေရဲ့အနီးနားမှာရှိတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အဆင်ပြေခြင်း။

💰Price > 2400Lakhs

🎯မြို့လယ်ခေါင်ဖြစ်ပြီး နေရောကောင်းဈေးတန်တဲ့အခန်းလေးမို့ အောက်ပါဖုန်းနံပါတ်တွေကိုခေါ်ဆိုပြီးလာရောက်လေ့လာကြည့်နိုင်ပါတယ်ခင်ဗျာ...😍

Phone ~ 09780071797

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyae Road
Yangon