UMA- IELTS Essay-Writing
အခုလက်ရှိ online google classroom မှာပို့ချနေတဲ့ New IAWT2 သင်တန်းပြီးရင် Level Up သင်တန်းဆက်ဖွင့်ဖို့ရှိပါတယ်...အခုလက်ရှိသင်နေတဲ့အတန်းမှန်မှန်တက် စာမှန်မှန်လုပ်မှ follow လိုက်နိုင်မှာဖြစ်ပါတယ်...လူရွေးလက်ခံမယ့်သဘောရှိနေပါတယ်...
New IAWT2 Class က Post 60 နဲ့ Assignment 30 ရောက်တော့မယ်နော်...ကြိုပြောထားတာ...ပြီးရင်ဖျက်ပစ်မှာ....စာတတ်စေချင်လို့...စာလုပ်စေချင်လို့..သင်နေရင်လည်းသင်ကြားမှုကို လိုအပ်ရာလိုအပ်ကြောင်းဖြည့်စွက်ဖို့....
Be the better teacher you can be.
Be the better learner you can be.
New IAWT2 last message
Google Classroom မှာ Pre-Test လည်းလုပ်ပြီးပြီ။ Module 1 ကနေလည်းစာတွေစသင်နေပါပြီ။ ပြီးခဲ့တဲ့ post မှာလည်းပြောပြီးပါပြီ အားလုံးကို gmail ကနေ invite လုပ်ပြီးပြီဆိုတာ။ နာမည်တွေ အကောင့်တွေ (ပို့ကတည်းက) မရှင်းမရှင်းတွေရှိတာကလွဲလို့ပေါ့။ class code နဲ့ invite လုပ်ပြီးပေမယ့် စာမလာ သတင်းမကြားတွေကတော့ သူ့သဘောသူဆောင်ကြမှာပါ။ ရေစက်ဆုံစရာအကြောင်းမရှိလို့ပဲပေါ့။ ဒီကလည်း ခွင့်လွှတ်ရင်းနဲ့ တာ့တာ ပဲ။
New IAWT2 Course ကိစ္စ: ငွေလွှဲပိတ်ချိန်
ဧပြီလ ၂ရက်နေ့ မြန်မာစံတော်ချိန် (ပြည်ပကနေလည်းစာရင်းတွေသွင်းနေကြလို့ပါ) ညနေ ၅နာရီတိတိမှာ အထက်ပါသင်တန်းအတွက်သင်တန်းသားလက်ခံစာရင်းပိတ်ပါမည်။
April 2, MST 5:00 pm မှာပိတ်ပါမည်။
ကျေးဇူးတင်ပါသည်။
စာရင်းလက်ခံထားသူများထံ mail အမြန်ဆုံးပို့ပါမည်။
မနေ့က New IAWT2 Course သင်တန်းသစ်အကြောင်း post တင်လိုက်ပါတယ်...ချက်ချင်းဆိုသလိုပဲ (၂ ဧပြီ မှ ငွေစလွှဲပါ။ ၄ ဧပြီ စာရင်းပိတ်ပါပြီ လို့ပြောထားတာ) ငွေလွှဲစာရင်းသွင်းကြတာတင် လူတော်တော်များသွားပါပြီ။
တင်ထားတဲ့ post ကိုလည်း အချို့သေချာမဖတ်ပဲလုပ်ကြတာ အမှားအယွင်းတွေဖြစ်၊ အချက်အလက်မပြည့်စုံ၊ သွင်းပြီးမှ Zoom နဲ့သင်မှာလား ဘယ်အချိန်တွေလဲ လို့မေးလိုမေး...
What's wrong with people? Don't they read? Don't they understand simple English? Then why teach? Why take the test?
ကျနော်တင်ထားတဲ့ Post မှာ ကျနော်တော်တော်လေးတိတိကျကျနဲ့ပြည့်ပြည့်စုံစုံလေးတင်ထားတယ်လို့တော့ကျနော်ထင်တာပဲ။ မှားတော့မှားတတ်ကြတာပဲလေ။
ပြောချင်တာက လူပြည့်တော့မှာဖြစ်ပါတယ်...မနိုင်မနင်းအလုပ်မျိုးတွေကျနော်မလုပ်ချင်ပါ...တော်ပြီ၊ များပြီ၊ ပိတ်ပြီဆိုပြီး ပိတ်ရင်ပိတ်လိုက်တော့မှာပါ...အချိန်သေးသေးလေးရှိပါသေးတယ်...
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon