Impact for Management

Impact for Management

Share

10/08/2020

"သင်လုပ်နေတဲ့ အရာအပေါ် တတ်သိနားလည်မှုမရှိခြင်းဟာ အန္တရာယ် ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတစ်ခုပါ။ "
- Warren Buffett

ကြိုးစားတယ် အရာမထင်ဘူး ဆိုတာတွေမှာ ကိုယ်လုပ်နေတဲ့ အရာအပေါ် ကိုယ်ကောင်းကောင်းနားလည်သဘောပေါက်ရဲ့လား ပြန်ဆန်းစစ်ဖို့လိုနေပါပြီ။
ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်မည်ဆိုလျှင်၊ အလုပ်သစ်တစ်ခုစတင်မည်ဆိုလျှင် ကိုယ်ကျွမ်းကျင်မှုရှိတဲ့ အရာပေါ်မှာပြုလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အလုပ်တစ်ခုအောင်မြင်နေတယ်၊ နောက်တစ်ခု ခြေလှမ်းလှမ်းတော့မယ်ဆိုလျှင် ကိုယ့်ကျွမ်းကျင်ရာ နယ်ပယ်က လွတ်ထွက်မသွားဖို့ သတိပြုပါ။
မကျွမ်းကျင်သေးဘူးဆိုလျှင်လည်း အဲ့အလုပ်ကို သေချာစွာလေ့လာပြီးမှ ခြေလှမ်းစပါ။
မသိသေးတဲ့ အန္တရာယ်တွေကို မဖိတ်ခေါ်ပါနဲ့။
တစ်စုံတစ်ယောက်ကိုယ့်ဆီ ငွေကြေးအကူအညီတောင်းခံပြီး အလုပ်တစ်ခုလုပ်ဖို့ ပြောလာခဲ့လျှင်တောင် ထိုသူက သူလုပ်မယ့် အလုပ်အပေါ် ဘယ်လောက်နားလည်မှုရှိသလဲ၊ တတ်သိနားလည်သူတွေ အဖွဲ့ထဲမှာ ပါရဲ့လား ဆန်းစစ်ပြီးမှ ရင်းနှီးဖို့ကိုစဉ်းစားဖို့ အကြံပြုလိုပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pazundaung
Yangon
11171