Knowledge Sharing

Knowledge Sharing

Share

14/04/2022

☘☘စ. ဓ. ဗ. ဝ ( စမ) ကြီး ၄ လုံးအကြောင်း..☘☘

စက္ခုမာစရ မာစိဏ္ဏော
🙏🙏🙏🙏🙏
ကာရော ကကုသန် ဗုဒ္ဓေါ တေဇော ဓါတု စ။
ကကုသန်မြတ်စွာဘုရား၏
တေဇောဓာတ် (၄ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်၏ ဦးထိပ်၌ တည်တော်မူပါဘုရား။
အလင်းရောင်ဓာတ်သည် လင်းဘိသကဲ့သို့ အသိဉာဏ်အလင်းရောင်ဓာတ်သည် ပွင့်လင်းရပါလို၏
ရှင်တော် ကကုသန်မြတ်စွာဘုရား။

ဓမ္မညု ဓမ္မသာမိကော
🙏🙏🙏🙏🙏
ကာရော ကောဏဂမနော ဗုဒ္ဓေါ ဝါယော ဓါတု ဓ။
ကောဏဂုံမြတ်စွာဘုရား၏
ဝါယောဓာတ် (၆)ပါးနှင့်တကွ တန်ခိုးတော်တို့သည်
တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။
လေဓာတ်သည်လျင်မြန်သကဲ့သို့ တပည့်တော်၏ ကောင်းမြတ်သောအကြံအစည်အလုပ်အကိုင်တို့သည်လည်း လျှင်မြန်စွာအောင်မြင်ရပါလို၏
ရှင်တော် ကောဏဂုံမြတ်စွာဘုရား။

ဗလူပေတော ဗလဓရော
🙏🙏🙏🙏🙏
ကာရော ကဿပ ဗုဒ္ဓေါ အာပေါ ဓါတု ဗ။
ကဿပ မြတ်စွာဘုရား၏
အာပေါဓာတ် (၁၂ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည်
တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။
ရေဓာတ်သည် အေးမြ
သလို တပည့်တော်တို့၏
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းရပါလို၏
ရှင်တော် ကဿပမြတ်စွာဘုရား။

ဝရဒေါ ဒေတုမေ ဝရံ
🙏🙏🙏🙏🙏
ကာရော ဂေါတမ ဗုဒ္ဓေါ ပထဝီ ဓါတု ဝ။
ဂေါတမ ဘုရား၏
ပထဝီဓါတ် (၂၀ ) နှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။
မြေဓာတ်သည် ခိုင်ခံ့ဘိသကဲ့သို့ တပည့်တော်တို့၏
ကုသိုလ်များသည်လည်းခိုင်ခံ့ရပါလို၏
ရှင်တော် ဂေါတမမြတ်စွာဘုရား။ ။

🙏 စ ဓ ဗ ဝ - ရည်ညွန်း အဓိပ္ပါယ် 🙏

စ - ကကုဿန် မြတ်စွာဘုရားရှင် အင်္ဂါနေ့၌ ဘုရား
ဖြစ်သည်ကို ဖော်ပြသည်။

ဓ - ကောဏဂုံ မြတ်စွာဘုရားရှင် စနေနေ့၌ ဘုရား
ဖြစ်သည်ကိုဖော်ပြသည်။

ဗ - ကဿဖ မြတ်စွာဘုရားရှင် ကြာသာပတေးနေ့၌ ဘုရားဖြစ်သည် ကိုဖော်ပြသည်။

ဝ - ဂေါတမ မြတ်စွာ ဘုးရားရှင် ဗုဒ္ဓဟူး နေ့၌ ဘုရား
ဖြစ်သည်ကို ဖော်ပြသည်။

အကျယ်သိလို၍ မေးလာသူများအဖို့ ရည်ရွယ်ပါတယ် ခမျ 😊 မိတ်​ဆွေတို့၏ ကောင်းကျိုးချမ်းသာကို အစဥ်လိုလားသော
#သတိုးစော ( လပွတ္တာ)

23/06/2020

၁. ဇင်နွယ်မြင့်က ကြက်ဥ မကြိုက်ပါဘူး ။
အဆောင်ကကြက်ဥဟင်းကျွေးတိုင်း
နန်းယုဝေ ကို ပေးပစ်တယ် ။

အစပိုင်းတော့ နန်းယုဝေကကျေးဇူးတင်တယ် ။
နောက်ကြာလာတော့ အကျင့်ဖြစ်သွားရော
အကျင့်ဖြစ်သွားတော့ ကြက်ဥဟင်းချက်တိုင်း

နန်းယုဝေကို ပေးစားဖို့တာဝန်လိုဖြစ်သွားတယ် ။

တစ်နေ့ ကြက်ဥ ကြော်ဟင်းရတော့ ဇင်နွယ်မြင့်က
ချမ်းမြေ့ကိုကျွေးပစ်လိုက်တယ်။
နန်းယုဝေကစိတ်တိုတယ် ။ သူမေ့နေတာ က
ကြက်ဥကဇင်နွယ်မြင့်ရဲ့ကြက်ဥ
သူဘယ်သူ့ကိုပေးပေး... ပေးပိုင်ခွင့်ရှိတယ် ။

ဒါပေမယ့် နန်းယုဝေက
ဇင်နွယ်မြင့်ကိုစိတ်ကောက်ပြီးရန်ဖြစ်ကြတယ် ။
ပြီးတော့မခေါ်ကြတော့ဘူး ။



၂. တစ်နေ့ရာသီဥတုကအရမ်းပူတယ် ။
ဒါနဲ့သူငယ်ချင်းတစ်စု လမ်းလျှောက်ရင်း
အလည်ထွက်ကြတယ် ။ဒီလိုနဲ့ချောင်းစပ်ကို
ရောက်သွားကြတယ် ။
ချောင်းဘေးမှာထိုင်ပြီး ရေထဲကို
ခြေထောက်တွေစိမ်ကြတယ်.. ။
အဲ့အချိန်မှာ နန်းယုဝေရဲ့ဖိနပ်က ကျွတ်ပြီး
ရေစီးနဲ့မျောပါသွားတယ် လိုက်ဆယ်လဲမမှီတော့ဘူး...။
အပြန်ကြတော့ ချစ်ချစ်တောက်ပူနေတဲ့
ကတ္တရာလမ်းပေါ်မှာ နန်းယုဝေကခြေဗလာနဲ့
လျှောက်ရတယ် ။ ပြန်ရောက်ဖို့က
အဝေးကြီးလိုသေးတယ် ။ ဒါကြောင့်နန်းယုဝေက
သူငယ်ချင်းတွေကိုဖိနပ် ပေးစီးဖို့ငှါးတယ် ...
ဒါပေမယ့် လူတိုင်းကကိုယ်စီ တရံစီပဲ
ပါလာကြတော့ငှါးပေးလို့မရဘူး ။

အဲ့တော့နန်းယုဝေက စိတ်တိုတယ် ။
ခါတိုင်းဆိုသူကအမြဲအနိုင်ယူနေကျ နည်းနည်းလေး
စိတ်ကောက်ပြလိုက်တာနဲ့
သူငယ်ချင်းတွေကသူ့ဆန္ဒကို လိုက်လျောပေးနေကျ
ဖြည့်ဆည်းပေးနေကျ ။
ဒါပေမဲ့ဒီတစ်ကြိမ်ကျတော့အဲ့လိုမဖြစ်လာဘူး..
ဒါကြောင့်သူ ပိုဒေါသထွက်လာတယ် ။

နင်တို့တွေက ငါ့ကိုဒီလောက်လေးတောင်
မလုပ်ပေးချင်ကြဘူး ။ နင့်တို့တွေတစ်ယောက်မှ
ငါ့အပေါ်မကောင်းကြဘူးလို့ပြောတယ် ။
အဲ့အချိန်မှာပဲဇင်နွယ်မြင့်ကသူ့ရဲ့ဖိနပ်ကိုချွတ်ပြီးတော့
ပေးစီးတယ် သူကတော့ခြေဗလာနဲ့ ဖိနပ်မပါပဲ
ဆက်လျှောက်လာတယ် ။နန်းယုဝေက
ကျေးဇူးတင်ပါတယ်လို့ပြောတယ် ။
ဇင်နွယ်ကပြောတာ” မလိုပါဘူး နင်မှတ်ထားဖို့က
သူငယ်ချင်းတိုင်းကနင့်ရဲ့ ပြသနာအားလုံးကို
လိုက်ဖြေရှင်းပေးနေဖို့ဘယ်သူ့မှာမှ
တာဝန်မရှိဘူး အခုကူညီတာက
သူငယ်ချင်းမို့လို့ကူညီတာ ငါတို့မကူညီလဲ
ငါတို့မမှားဘူး”

နန်းယုဝေ ကအဲ့စကားကို မှတ်သားထားလိုက်တယ်
်နောက်နောင်သူများကို စိတ်ရင်းအမှန်နဲ့
ပြန်ကူညီတတ်လာပြီး ကိုယ်ချင်းစာ
စိတ်ထားတတ်လာတယ် ။
...

ကြိမ်ဖန်များစွာမှာ ကျွန်တော်တို့တွေဟာ တစ်ပါးသူက
ကိုယ့်ကိုကူညီပေးဖို့ပဲ မျှော်လင့်နေခဲ့ကြတယ်
အစပိုင်းတော့ ကျေးဇူးတင်တယ် ။
ဒါပေမဲ့အချိန်ကြာလာတော့ အကျင့်လိုဖြစ်လာတယ်။

ကိုယ့်အပေါ်သူများကောင်တာကိုခံယူဖို့
အကျင့်ပါလာတယ် သူတို့ကကိုယ့်အပေါ်အမြဲတမ်း
ကောင်းနေပေးဖို့တာဝန်ဝတ္တရားရှိနေသလို
အကျင့်ဖြစ်လာတယ် တစ်နေ့နေ့တစ်ချိန်ချိန်
ကိုယ့်အပေါ်မကောင်းတာနဲ့
ကိုယ်ကသူတို့အပေါ်စိတ်ဆိုးတယ်ဒေါသဖြစ်တယ်။

တကယ်တမ်းတော့ သူတစ်ပါးက
ကိုယ့်အပေါ်မကောင်းတော့တာ မဟုတ်ပါဘူး
ကိုယ်ကသာ အလိုပိုကြီးလာတာမို့ပါ ။
သူတစ်ပါးက ကိုယ့်အပေါ်အမြဲတမ်းကောင်းမွန် စွာနဲ့
ဆက်ဆံဖို့ ရယူဖို့ ပဲ သိတတ်တဲ့ အကျင့်ပါသွားတာမို့
ကျေးဇူးတရားတွေကိုမေ့သွားကြတာပါ ။



၃. ဆိတ်တစ်ကောင် ကိုမြေခွေးတစ်ကောင်က
စားမလို့ ကြံပါတယ် ဆိတ်လည်းအစားမခံရ
အောင်မြေခွေးကို သူ့ချိုနဲ့ပြန်တိုက်ခိုက်ရင်း
သူ့သူငယ်ချင်းတွေကို အကူအညီတောင်းပါတယ် ။
နွား ကလှမ်းကြည့်လိုက်ပြီးမြေခွေးကိုမြင်တော့
အမြီးထောင်ပြီးပြေးပါတော့တယ် ။

မြင်းကလည်းအသံကြားလို့လှမ်းကြည့်ပြီး
မြေခွေးကိုမြင်တာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတော့တယ်

လား ကလည်း မြေခွေးကိုမြင်တာနဲ့ အသာလေး
ရှောင်ပြေးသွားပါတော့တယ်

ဝက် ပေါက်ချလာပြီးမြေခွေးကိုမြင်တော့
ပြန်ပျောက်သွားပြန်ပါတယ် ။

ယုန်ကလေး လည်းတစ်ချက်လာကြည်ု့ပြီး
မြေခွေးကိုမြင်တာနဲ့ တစ်ခြားအကောင်တွေကို
ကျော်ပြီးတန်းနေအောင်ပြေးပါရော ...

အဲ့အချိန်မှာပဲ ခွေးက ဆိတ်အော်သံကြားလို့
ပြေးဝင်လာပြီး မြေခွေးကိုတိုက်ခိုက်ပါတယ်
မြေခွေးလည်း ခွေးနဲ့ဆိတ်ကိုမနိုင်တာနဲ့
ထွက်ပြေးသွားတယ် ဆိတ်ဟာသေဘေးကနေ
လွတ်လာပြီးအိမ်ကိုပြန် လာခဲ့ပါတယ် ။

အိမ်ရောက်တော့သူ့သူငယ်ချင်းတွေအားလုံး
စုံစုံညီညီရောက်လာကြပြီးသတင်းလာမေးကြပါတယ်
..နွားကပြောတာ မင်းကငါ့ကိုမှမပြောတာ
ငါတစ်ခါတည်း အဲ့မြေခွေးကိုဗိုက်ပေါက်ပြီး
အူပွင့်သွားအောင်ပြေးခွေ့ပစ်လိုက်မှာပေါ့ ..

မြင်းကလည်းပြောတာ မင်းသာငါ့ကိုလှမ်း
ပြောရင်ငါ ပြေးပြီးနောက်ပြန်ကန်ထည့်လိုက်ရင်
အဲ့မြေခွေးလွင့်ထွက်သွားမှာ တဲ့ ..

လားကလည်း ပြောတာ မင်းငါ့ကိုမှမပြောတာ
ငါ အဲ့မြေခွေးလန့်ပြီးသေ သွားအောင်
အော်ထည့်ပစ်လိုက်မှာပေါ့တဲ့

ဝက်ကလည်း ငါ့ကိုသာပြောရင်ငါအစွယ်နဲ့
ပြေးထိုးလိုက်မှာတဲ့

ယုန်ကလည်း ငါသာသိလို့ကတော့ငါအပြေးသန်တဲ့
အတွက်လစ်ခနဲပြေးပြီးတစ်ခြားသူတွေကို
အကူအညီခေါ်ပေးမှာပေါ့တဲ့။

အဲ့လိုအားပါးတရပြောနေကြတဲ့ထဲမှာ
တစ်ကောင်ပဲကျန်နေတယ် အဲ့တာကခွေးပါပဲ ။
...

စစ်မှန်တဲ့မိတ်ဆွေကောင်းဆိုတာ ချိုသာတဲ့
အပြောလေးတွေနဲ့ နှစ်သိမ့်ပြောဆိုတတ်တဲ့သူမှ
မဟုတ်ပါဘူး အကြပ်အတည်းအခက်အခဲကြုံချိန်မှာ
ကမ်းပေးလာတဲ့ လက်တစ်စုံသာဖြစ်ပါတယ် ။

သင့်ဘေးမှာဝန်းရံနေတဲ့ သူတွေဟာသင့်ကို
စ်ိတ်ချမ်းသာစေမှာဖြစ်ပေ မယ့် မိတ်ဆွေကောင်း
ဟုတ်ချင်မှ ဟုတ်မှာပါ ။

ဒါပေမဲ့ သင်နဲ့ ကွာဝေးလှတယ်လို့ထင်ရတဲ့
သင့်ကိုဂရုတစိုက်ရှိနေတဲ့သူကတော့
သင်ပျော်ရွှင်နေချိန်မှာ အတူရှိပေးချင်မှရှိပေးမှာပါ။
သင်အခက်အခဲကုံအကူအညီကြုံလာတဲ့အခါမှ
သင့်အပေါ်ဂရုတစိုက် စိုးရိမ်ပေးရင်း
တိတ်တဆိတ်သင့်အတွက်
ဖြည့်ဆည်းဆောင်ရွက်ပေးပါလိမ့်မယ် ။

အဲ့တာမှတစ်ကယ်လက်မလွတ်သင့်တဲ့ မိတ်ဆွေစစ် မိတ်ဆွေကောင်းပဲဖြစ်ပါတော့တယ် ။

Credit -Thein Oo
via Zaw Min

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon