Innovative Medical Approach

Innovative Medical Approach

Share

08/06/2023

🎥Available RECORDED Courses for FP2 🩺

Hello Junior Medical Learners✌️✌️✌️

👉InnoMed မှာ ကိုယ်ပိုင် pace နဲ့ အေးဆေးကြည့်လို့ရတဲ့ Recorded Course လေးတွေ ရှိကြောင်း ကြော်ငြာလေးဝင်ပါရစေ

👉Final Part-2 level အတွက် အဆင်ပြေမယ့် Integrated lecture တွေကို Recorded သီးသန့်နဲ့ purchase လုပ်ပြီး ကြည့်လို့ရနေပါပြီ

⭐Benefits of RECORDED COURSES⭐

1. Recorded ဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ပိုင် Pace နဲ့ ကြည့်နိုင်ရင် ကြည့်နိုင်သလောက် Course ပြတ်အောင် ကြည့်လိုက်လို့ရပါတယ်

2. မီးပျက်နေလို့ ကားပိတ်လို့ အလုပ်ချိန်နဲ့ တိုက်နေလို့ ဆိုပြီး Lecture လွတ်မှာလဲ စိုးရိမ်စရာမလိုတော့ပါဘူး

3. Course duration ကလဲ 1yr access တောင် ပေးမှာမို့ အချိန်မရလို့ အေးဆေးပဲ နားထောင်ဖြစ်တဲ့သူတွေ repeated ပြန်နားထောင်ချင်သူတွေအတွက်လဲ Extra charges မကုန်တာမို့ တွက်ခြေကိုက်ပါတယ်

4. Recorded ဆိုပေမယ့် Lecture သပ်သပ်ကြီးမဟုတ်ဘဲ Weekly Quiz Assignment တွေ MCQ Photo Scenario Quiz တွေပါ ပါအောင်ထည့်ပေးထားတဲ့ Course Structure မျိုးမို့ Videoပဲကြည့်ရင်း ပျင်းရတာမျိုးလဲ မဖြစ်တော့ပါဘူး

5. Course fees အနေနဲ့လဲ 1yr access ဖွင့်ပေးတဲ့ One lecture ကိုမှ 3000 kyat ပဲယူတာမို့ Budget burden လဲ မဖြစ်စေပါဘူး

6. System များများ‌ေလ့လာရတဲ့ Medicine Course အတွက်ဆိုလဲ System အလိုက် Purchase လုပ်ပြီး ကြည့်လြိ့ရတာမို့ အဆင်ပြေပါတယ် All system ကို Single Purchase လုပ်ရင်လဲ 10% discount ရနိုင်ဦးမှာပါ

7. Recorded ဆိုပေမယ့် စာမရှင်းတာ နားမလည်တာရှိလဲ Page cb ကနေ တိုက်ရိုက်လာဆွေးနွေးလို့ရပါတယ်

စိတ်ဝင်စားတဲ့ Course လေးတွေရှိရင် Page cb ကနေ detail လာစုံစမ်းလို့ရပါတယ် 🤗

ကျေးဇူးတင်ပါတယ် 🙏🙏🙏

🍀 Eindra Myat Maung
📖 University of Medicine-2 ( Yangon )

21/03/2023

🔴Behind the scenes of ANAEMIA in HYPOTHYROIDISM 🔴

Hello Junior Medical Learners✌️✌️✌️

🤓ဒီတခါမှာတော့ မဖတ်မနေ မသိမနေ Topics တစ်ခုဖြစ်တဲ့ Hypothyroidism နဲ့ ပတ်သတ်တဲ့ Facts လေး တစ်ခု လေ့လာကြည့်ကြရအောင်ပါ 🤓

💁Hypothyroid မှာ Anemia ရတယ်လို့ ပြောလိုက်ရင် အားလုံး လက်ခံကြတာချည်းပါပဲ MCQ ဆိုလဲ TRUE ✅ရွေးကြပါတယ်

💁ဒီ့ထက် level တစ်ဆင့် ထပ်မြှင့်ပေးရင်တော့ Hypothyroid သမားမှာ တွေ မှာ တွေ့ရတဲ့ Anemia ရဲ့ Morphological types ပေါ့
Hypochromic Microcytic လား 🤔
Macrocytic Megaloblastic လား🤔
ဒါမှ မဟုတ် Normocytic Normoblastic လား 🤔
အမျိုးအစား ကွဲကွဲပြားပြား သိဖို့လိုပါတယ် ✅✅✅

💁နောက်ဆုံးအနေနဲ့ကတော့ Hypothyroid မှာ Anemia ရရတဲ့ Mechanism ကို သိထားဖို့ပါပဲ 🤓

💁အပေါ်မှာ ပြောခဲ့တဲ့ Facts တွေထဲက Hypothyroid မှာ Anemia ရတတ်တာတော့ သိတယ် တွေ့ရတဲ့ Type နဲ့ ဘာလို့ရလဲဆိုတဲ့ အကြောင်းရင်းကို သေချာမလေ့လာဖြစ်သေးဘူးဆိုရင်တော့ ဒီ article လေးထဲမှာ လိုက်စဉ်းစားကြည့်ကြရအောင်ပါ 💭💭💭

📌အရင်ဆုံး စသိစေချင်တာတစ်ခုက Hypothyroid သမားမှာ Anemia ရစေနိုင်တဲ့ အကြောင်းရင်းက အတော်လေးများတယ်ဆိုတဲ့ ကိစ္စပါ ပြီးတော့ Morphological types ကလဲ အတော်လေးကို စုံလင်ပါတယ်

Morphological types တွေထဲကဆိုရင်
- Normoblastic normochromic
- Hypochromic Microcytic
- Megaloblastic Macrocytic
- Megaloblastic Normocytic အစရှိတဲ့ types တွေ တွေ့ရနိုင်ပါတယ်တဲ့

Type တစ်ခုချင်းစီကို ဖြစ်စေနိုင်တဲ့ Reasoning လေးပါ ထည့်မှတ်ကြည့်ရအောင်ပါ ( တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါ )

1. Normoblastic normochromic Anemia
➖➖➖➖➖➖➖➖➖➖➖➖➖➖

💁Thyroid Hormone ရဲ့ Normal function တစ်ခုကို အရင် သတိရစေချင်ပါတယ်

👉Normally ဆို Thyroid Hormone က RBC precursor တွေကိုလဲ တိုက်ရိုက် stimulate လုပ်သလို Erythropoietin production ကိုလဲ များစေပါတယ် အဲ့တော့ Net result က Erythropoiesis များစေပါတယ်

📌ခု Hypothyroid ဖြစ်တော့ အဲ့ action နည်းပြီး RBC production နည်းပါတယ် That's why RBC count တွေကျပါတယ်

📌RBC maturation steps တွေ ထိတာမျိုး ဘာမှ မရှိဘဲ RBC count ပဲတိုက်ရိုက်ကျတာမို့လို့ Maturation မရှိလို့ တွေ့ရတဲ့ features တွေ ဖြစ်တဲ့ Megaloblast တွေ cell size ကြီးတဲ့ Macrocyte တွေ ဘာမှ မတွေ့ရပါဘူး

Mature RBC တွေ‌ Normal cell size ပဲမို့ Normocytic
Blast cells လေးတွေလဲ Normal cell size ပဲမို့ Normoblastic
2ခုပေါင်းတော့ 🔴Normocytic Normoblastic🔴 ရယ်လို့ ဖြစ်လာပါတယ်

2. Hypochromic Microcytic Anemia
➖➖➖➖➖➖➖➖➖➖➖➖➖

💁HMA in Hypothyroidism ဆိုတာ မရှင်းခင်အရင်ဆုံး သတိရစေချင်တာလေး တစ်ခုကတော့ " Hypothyroid သမားတယောက်မှာ Bleeding ရနိုင်ဖို့ chance တွေများကြီး ရှိပါတယ် " ဆိုတဲ့ Fact ပါပဲ

အကြောင်းရင်းတွေ ထပ် breakdown လုပ်ကြည့်ရရင်တော့

(1) GI Loss

📌Hypothyroid မှာ bowel movement နည်းတာမို့ Constipation ရပါတယ် အဲ့တော့ straining လုပ်ရာကလဲ Fissure တွေရ piles တွေရပြီး blood loss ရတတ်ပါတယ်

Fissure / Piles ရယ် မရှိရင်တောင် constipation က occult blood loss ရစေနိုင်ပါတယ်

(2) Uterine loss

📌Hypothyroid မှာ Menorrhagia ရစေနိုင်ပါတယ်

အဲ့တော့ Female patient တွေမှာဆို Menorrhagia ကြောင့်လဲ Blood loss source က ရှိနေနိုင်ပါတယ်

(3) Hypothyroidism can lead to impaired coagulation & fibrinolysis

👉တချို့ study တွေအရ Raised Thyroid Hormone level ရှိရင် Fibrinogen, Factor 8 & vWF ( von-Willie-Brand factor ) အစရှိတဲ့ clotting factors တွေလဲ များလာတတ်တယ်ဆိုတာ တွဲတွေ့ရလေ့ရှိပါတယ်တဲ့

📌အဲ့တော့ ခု Thyroid Hormone နည်းတော့ အဲ့ clotting factors တွေရဲ့ level လဲ လိုက်နည်းပါမယ် clotting factors တွေနည်းတော့ bleeding risk ပိုများပြီပေါ့

တစ်ချိန်တည်းမှာ အပေါ်က ပြောခဲ့သလို reason တွေနဲ့ bleeding ဖြစ်နိုင်တဲ့ sources တွေကလဲ ရှိနေတော့ Hypothyroid သမားတယောက်မှာ Blood loss များပါတယ်ဆိုပြီး Conclusion ဆွဲချလိုက်လို့ရပါတယ်

💁2nd MB တည်းက သိခဲ့ဖူးတာလေး တစ်ခု ပြန် remind လုပ်ကြည့်ရအောင်ပါ 💭💭💭

📌Blood loss ရှိရင် IDA ( Iron Deficinecy Anemia )ရနိုင်ပါတယ်

IDA ရရင် တွေ့ရလေ့ရှိတဲ့ Blood film finding က Hypochromic Microcytic Anemia ပါ

👉( Iron မရှိရင် Hemoglobin synthesis လုပ်မရလို့ RBC တွေရှိသော်လည်း RBCတွေရှိသင့်တဲ့ Hb saturation မပြည့်ဝနိုင်ပါဘူး

Hb ရှိမှ RBC ဆိုတဲ့ကောင်က Red color ကို ပေးနိုင်တာပါ

ခု RBC တွေက Hb saturation မကောင်းတော့
- RBC က size သေးပြီး Microcytic
- Color ကလဲ ဖြူဖျော့ပြီး Hypochromic ရစေတာမို့
IDA မှာ Hypochromic Microcytic Anemia ရတယ်လို့ ကောက်ချက်ဆွဲပြောကြတာပါ )👈

📌Summarize ပြန်လုပ်ရကြေးဆို Hypothyroid သမားမှာ Blood loss များဖို့ Risk ရှိတယိ Blood loss များလို့ IDA ရတယ် IDA ကြောင့် Hypochromic Microcytic Anemia တွေ့ရနိုင်ပါတယ် ဒါပါပဲ

3. Macrocytic Anemia
➖➖➖➖➖➖➖➖

Macrocytic Anemia ကိုမှ သူက ၂မျိုးခွဲတွေ့ရနိုင်ပါသေးတယ်

1️⃣ ပထမတစ်ခုကတော့ အမြဲရင်းနှီးနေကျဖြစ်တဲ့ Megaloblastic Macrocytic Anemia ပါ

📌Hypothyroid ရဲ့ causes တွေထဲ Common Cause တစ်ခုက autoimmune condition တစ်ခုဖြစ်တဲ့ Hashimoto Thyroiditis ပါ

Autoimmune ( AI ) တွေရဲ့ သဘောက တစ်ခုရှိပီဆို နောက်တစ်ခု တွဲနေတတ်ပါတယ်

👉ဆိုလိုချင်တာက AI ကြောင့် ဖြစ်နေတဲ့ Hypothyroid သမားမှာ Other AI condition တွေ ဖြစ်တဲ့ Coeliac disease, Addison's disease, Pernicious anemia အစရှိတာတွေပါ တွဲရှိနေနိုင်ပါတယ်👈

ခုက Anemia အကြောင်း Focus ချင်တာဆိုတော့ Pernicious anemia တွဲရှိနေနိုင်တဲ့ အကြောင်းလေး လိုက်တွေးကြည့်ရအောင်ပါ 💭

👉Pernicious anemia ဆိုတာက stomach ထဲရှိတဲ့ Gastric parietal cells တွေကို Autoantibody ပေါ်တဲ့ အခြေအနေပါ

Ab က parietal cells တွေကို fight တော့ inflammation ရပါတယ် inflammation process က အချိန်ကြာလာတော့ fibrosis ဝင်ပြီး Gastric atrophy ရပါတယ် That's why Pernicious anemia is also called Atrophic Gastritis ပါ

Normal ဆို parietal cells ဆိုတဲ့ ကောင်တွေက Vit B12 absorption at jejunum အတွက် essential ဖြစ်တဲ့ Intrinsic factor ကို ထုတ်ပေးတဲ့ cells တွေပါ

💁ခု parietal cells တွေ တိုက်ခံပြီး ပျက်စီးတော့ Intrinsic factor မရှ်ိ

💁Intrinsic factor မရှိတော့ B12 absorption မကောင်း deficiency ရ

💁B12 deficiency ကြောင့် RBC maturation မကောင်းတဲ့ အတွက်ကြောင့်မို့ Immature RBC & precursor တွေ ‌ထွက်လာတာကြောင့်မို့ 🔴Megaloblastic Macrocytic Anemia 🔴ရစေပါတယ်

📌Conclusion ဆွဲရရင်တော့ Hypothyroidism မှာ Autoimmune association ကြောင့် Pernicious နဲ့ တွဲရင် Megaloblastic Macrocytic Anemia ရနိုင်ပါတယ်တဲ့

2️⃣ ဒုတိယ တစ်ခု‌ကတော့ Macrocytic Normoblastic Anemia ဆိုပြီး ရနိုင်တာပါ

"ပုံမှန်ဆို Macrocytic Anemia တွေက Megaloblastic နဲ့ပဲ တွဲနေကျပါ ခုကျမှ ဘာလို့ Normoblastic လဲပေါ့ ???" 🤔

💭တွေးစရာပါပဲ Mechanism လေးနဲ့ ရှင်းကြည့်ရအောင်ပါ 💭

👉Hypothyroid သမားမှာ LDL clearance တွေနည်းလို့ သွေးထဲ Triglycerides & Cholesterol တွေများပါတယ်

အဲ့မှာ ဇာတ်လမ်းကစပါတယ်

📌RBC ရဲ့ membrane က cell membrane တို့ရဲ့ ထုံးစံအတိုင်းမို့ structure အရဆို Phospholipid bilayer ပါ အဲ့တော့ lipid တွေပါပါတယ်

📌ခု Hypothyroid မှာ သွေးထဲ TG & Cholesterol တွေ များလွန်းရင် များနေတဲ့ lipids တွေက RBC ရဲ့ membrane structure ထဲ သွားပုံပြီး RBC size ကို ကြီးစေပါတယ်တဲ့

ဒါ့အတွက်ကြောင့်မို့ Macrocytosis ရစေနိုင်ပါတယ်

👉အပေါ်က B12 deficiency ကြောင့် ဖြစ်ရတဲ့ Macrocytosis ရဲ့ ကွာတဲ့ အချက်က ခု mechanism က Maturation ထိလို့ cell size ကြီးရတာ မဟုတ်ပါဘူး ဒါ့ကြောင့် Maturation ထိတဲ့အခါမှ တွေ့ရလေ့ရှိတဲ့ Precursor Blast Cells တွေရဲ့ Size ကြီးခြင်း ( Megaloblastosis ) နဲ့ တွဲနေစရာ မရှိပါဘူးတဲ့ 👈

📌That's why Macrocytosis ဖြစ်သော်ငြားလဲ Normoblastic ပဲ ဖြစ်နေပြီး🔴 Macrocytic Normoblastic Anemia 🔴ရယ်လို့ ဖြစ်လာရတာပါ

💁ကဲ ဒါဆိုရင်တော့ Hypothyroid သမား တစ်ယောက်မှာ တွေ့ရတဲ့ Different types of Anemia ရယ် ဘာလို့ ဒီ anemia တွေ တွေ့နေရနိုင်သလဲ ဆိုတဲ့ အကြောင်းရင်းရယ်ကို တွဲပြီး လေ့လာမိသွားလောက်မယ်ထင်ပါတယ်

😇တစ်ခုခုအကျိုးရှိသွားမယ်ဆို ကျေနပ်ပါပြီ 😇

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

📢 AMC Part-1 BEGINNER COURSE 📢

💁AMC Part-1 MCQ Examination ကို စတင်ပြင်ဆင်ကြမယ့် ဆရာဆရာမတွေအတွက် AMC part-1 မှာ အမေးများတဲ့ Topics လေးတွေကို System by system လိုက်ဖတ်ပေးနေတဲ့ Live Class လေးပါ

💁Old Question Bank ကို based လုပ်ပြီး သက်ဆိုင်ရာ Theory အပိုင်းတွေကိုပါ လိုက်ဖတ်ပေးတာမို့ AMC-1 ကို ဘယ်က စလေ့လာရလဲ မသိ ဖြစ်နေသူတွေအတွက် အဆင်ပြေစေမှာပါ 😌😌😌

🗓️Schedule
- Every Fri 7-9pm
- Every Sat & Sun 12-2pm

⭐Lecture Notes & Materials provided ⭐

⭐Recordings for each & every Lecture provided ( without any extra charges ) ⭐

⭐Fair & Affordable price range ⭐

😌Warmly welcome to be contacted via Page chat box if you're interested 😌

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

📌 ခုလို Integrated Medical articleလေးတွေ သဘောကျတယ်ဆိုရင် ဒီ link ကနေ အရင် တင်ထားပြီးသား articleလေးတွေကို ဝင်ပြီး လေ့လာနိုင်ပါတယ်

https://www.facebook.com/108046887245317/posts/424677625582240/

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🌟COURSES FOR FINAL PART-2🌟

AVAILABLE RECORDED CLASSES
➖➖➖➖➖➖➖➖➖➖➖➖
📌Final Part-2 Medicine
📌Final Part-2 Surgery
📌Final Part-2 Obstetrics & Gynecology
📌Final Part-2 Pediatric
📌Basic Radiology for FP2

️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

💁Class တွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားရင် Page Chat Box ကနေ အချိန်မရွေး စုံစမ်းနိုင်ပါတယ်

😇ကျေးဇူးတင်ပါတယ်😇

🍀Eindra Myat Maung
🍀M.B.B.S (Ygn )
🍀University of Medicine-2 (Yangon )

Photos from Innovative Medical Approach's post 21/02/2023

🫁DIFFERENT HISTOLOGICAL TYPES OF BRONCHOGENIC CARCINOMA🫁

Hello Medical Learners ✌️✌️✌️

( This post is intended to be helpful for AMC-1 Candidates🇦🇺 )

💁ဒီတစ်ခါမှာတော့ AMC-1 candidates တွေအနေနဲ့ MCQ exam မှာ မဖြစ်မနေ သိသားသင့်တဲ့ Different Histological Types of Bronchogenic Carcinoma နဲ့ ပတ်သတ်ပြီး လေ့လာကြည့်ကြရအောင်ပါ

💁Bronchogenic Carcinoma ဆိုတဲ့ Topics က Myanmar candidate တွေအနေနဲ မစိမ်းတဲ့ Topics ဆိုပေမယ့် ဒီ article ထဲမှာတော့ AMC MCQ exam မှာ focus လုပ်မေးတတ်တဲ့ points လေးတွေကို collection လေး ကြည့်ကြည်ရအောင်ပါ 👇👇👇

Patho မှာတည်းက လေ့လာခဲ့ကြပြီးသားပါပဲ AMC ကလဲ အရမ်းကြိုက် အရမ်းမေးပါတယ်

💁Histo types အားဖြင့် အဓိက 4 မျိုးရှိပါတယ်

👉Adenocarcinoma
👉Squamous cell carcinoma
👉Small cell carcinoma ( oat cell carcinoma )
👉Large cell carcinoma

💁နောက်တစ်မျိုးက Small cell lung cancer ( SCLC ) နဲ့ ကျန်တဲ့ ၃ကောင်လုံးကိုရောပြီး Non-small cell lung cancer ( NSCLC ) ရယ်လို့ ခွဲကြတာလဲရှိပါတယ်

အဲ့ထဲက Commonest type ကို သိထားရပါမယ် John Murtagh အရတော့ 🌟Comment cell type is Squamous cell carcinoma ပါ 🌟

📌Small cell က incidence အရ အနည်းဆုံးဆိုပေမယ့် Prognosis အဆိုးဆုံးကောင်ရယ်လို့ မှတ်လို့ရပါတယ်

ဘာလို့ဆို Metastasis အမြန်ဆုံးကောင်မို့ပါ ( 📚JM အရတော့ 80% of squamous cell carcinoma has already metastasized at the time of Dx လို့ဆိုထားပါတယ် )

ပြီးတော့ Hormone တွေလျှောက်ထုတ်ပြီး🌟 Paraneoplastic Syndrome အပေးဆုံးကလဲ ဒီ small cell type ပါပဲ

Small cell type Bronchogenic Carcinoma က အထုတ်အများဆုံး Hormone လေးတွေကိုလဲ တွဲမှတ်ထားဖို့လိုပါသေးတယ်

1️⃣ACTH

👉ACTH ထုတ်ရင်တော့ အားလုံးသိထားကြပြီးသားအတိုင်းပါပဲ သူ့ကြောင့် Aldosterone ပါထွက်ချလာပြီး Renal မှာ sodium ကိုစုပ် Potassium ကို ထုတ် ဖြစ်စေတာမို့ Salt & water retention နဲ့လဲ လာသလို Hypokalemia အနေနဲ့လဲ ပြသနာပေးတတ်ပါတယ် ( AMC Question တွေမှာတော့ Hypokalemia ပေးထားတတ်တာများပါတယ် )

👉ပြီးတော့ ACTH also has MSH-like action မို့ Melanin production ကို stimulate လုပ်တာမို့ skin darkening ကိုလဲ ဖြစ်စေတာကို တစ်ချက်သတိရပါ ( AMC Q တွေမှာ hints အပေးများတာမို့ပါ )

2️⃣Prolactin

👉Prolactin ထုတ်ရင်တော့ Galactorrhea နဲ့လာမယ် အမျိုးသမီးဆို Menstrual irregularity ဖြစ်နိုင်ပါတယ်

3️⃣ADH

👉ADH တွေထုတ်ရင်တော့ SIADH ဝင်ပြီး Renal tubuleမှာ ရေတွေချည်းဇွတ်ပြန်စုပ်တာမို့ Dilutional Hyponatremia ရနိုင်ပါတယ်

👉Dilutional Hyponatremia ရဲ့ presentation အနေနဲ့ကတော့ confusion / convulsions တွေပေးနိုင်ပါတယ်

ဒီ ၃ခုကတော့ Scenario တွေအရ အမေးတတ်ဆုံးပါပဲ

📌Paraneoplastic Syndrome မှာ Small cell type မှာ မတွေ့ရဘဲ Squamous cell type နဲ့ သွားတွဲတတ်တာ တစ်ခုပဲရှိပါတယ် အဲ့တာက PTH-realted Peptide ပါ

👉ကျန်တဲ့ Hormone production တွေအားလူံးက Small cell type နဲ့ တွဲပေမယ့် PTH-rP ကတော့ exception ပါ Squamous cell type နဲ့ သွားတွဲတာပါ

💁သူ့နာမည် PTH related ဆိုတဲ့ အတိုင်းပါပဲ ဒီ PTH-rP ဆိုတဲ့ကောင်က PTH like action ပေးနိုင်တာမို့ Hypercalcemia ရစေပြီး Hypercalcemic symptoms တွေနဲ့ present လုပ်တတ်ပါတယ် ( eg: constipation, bone pain, polyuria အစရှိတဲ့ hints တွေ ပေးလေ့ရှိပါတယ် )

💁Hypercalcemia features နဲ့ ချိတ်ဆက်တဲ့ Bronchogenic Carcinoma ရယ်လို့ ဆိုလာရင်တော့ Squamous cell type ကို Hint ပေးနေတာပါ

👉နောက် Small cell နဲ့ ပတ်သတ်တဲ့ ထူးခြားမှုကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ Metastasis အရမ်းမြန်လို့ Prognosis မကောင်းဘူးဆိုတဲ့ အချက်ပါပဲ ဒါ့ကြောင့် Small cell type ရဲ့ Mx အနေနဲ့ဆို Surgical resection ကိုက သိပ်အားကိုးလို့မရဘဲ Radio / Chemotherapy တွေကိုပဲ အဓိက အားထားရပါတော့တယ်တဲ့

📌Adenocarcinoma နဲ့ ပတ်သတ်ရင်တော့ AMC Q တေွမှာ အဓိက စိတ်ဝင်စားတာက Non-smoker တွေမှာ တွေ့ရ အများဆုံး cell type ဆိုတာပါပဲ

👉Smoker တွေမှာ တွေ့ရ အများဆုံးဆိုရင်တော့ Squamous ပါ

Large cell type နဲ့ ပတ်သတ်ပြီးရင်တော့ အမေးများတာ သိပ်မတွေ့ရပါဘူး

💁ကဲ ဒါဆိုရင်တော့ Histo types of Bronchogenic Carcinoma နဲ့ ပတ်သတ်ပြီး AMC Qတွေမှာ တွေ့ရတတ်တဲ့ Facts လေးတွေကို Cover ဖြစ်သွားလောက်မယ်ထင်ပါတယ်

💁နောက်ထပ်လဲ AMC MCQ Exam မှာ အမေးများတဲ့ Facts လေးတွေနဲ့ ပတ်သတ်ပြီး Knowledge-sharing Article လေးတွေ ထပ်ပြီး လက်လှမ်းမိသလောက် sharing လုပ်ပေးသွားပါဦးမယ် 🇦🇺🇦🇺🇦🇺

ကျေးဇူးတင်ပါတယ် 😊😊😊

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🇦🇺 BEGINNER COURSE FOR AMC-1 CANDIDATES 🇦🇺

AMC MCQ Exam ကို ပထမဆုံးစလေ့လာမယ့်သူတွေအတွက် Beginner Course လေး run လက်စ ရှ်ိပါတယ် 😊

📌Amedex/ Mplusx အစရှိတဲ့ Old Question Bank တွေကို Based လုပ်ပြီး AMC MCQ Exam မှာ အမေးများလေ့ရှိတဲ့ Topics တွေကို cover မိအောင် လိုက်လေ့လာပေးပါတယ်

📌Topics တွေစုံအောင် လိုက်ဖတ်ပေးရင်း AMC exam အတွက် Major Referenceဖြစ်တဲ့ John Murtagh reading ကိုလဲ တစ်ခါတည်း Used to ဖြစ်အောင် စီစဉ်ပေးထားပါတယ်

📌Beginner Course ဖြစ်လို့ AMC exam အတွက် ခုမှ စာစဖတ်ဖို့ လမ်းစပျောက်နေသူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်

📌Recorded lectures တွေပါ available ဖြစ်တာမို့ အချိန်မအားလပ်တဲ့ ဆရာဆရာမတို့ အတွက်လဲ အဆင်အပြေဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်

📌JANUARY တည်းက စနေတဲ့ အတန်းလေးဆိုပေမယ့် Systemအလိုက် ဖတ်ပေးသွားတာမို့ အဆင်ပြေတဲ့အချိတ် ဖြတ်ပြီး Join လို့ရပါတယ်

📌ဖတ်ခဲ့ကြပီးသား Systemတွေကို ပြန်လေ့လာချင်သူတွေအတွက်လဲ Recorded lectureတွေနဲ့ ပြန်လိုက်ကြည့်လို့ရပါတယ်

📌Live ရော Record အတွက်ရော Fair price ဖြစ်အောင်လဲ စီစဉ်ပေးထားပါတယ်

💁Course လေးကို စိတ်ဝင်စားတယ်ဆိုရင် Page Chat Box ကနေ ဆက်သွယ်စုံစမ်းလို့ရပါတယ် 😊😊😊

🍀Eindra Myat Maung 🍀
University of Medicine -2 ( Yangon )

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Yangon