Baby K Online Shop

Baby K Online Shop

Share

15/06/2026

အထည်လေးတွေ မတင်ဖြစ်တော့တာ ချုပ်နေကျ အရမ်းအဆင်ပြေတဲ့ချုပ်ရုံ က နေရာပြောင်းသွားပြီ နောက်ထပ်ကလေးဝတ်ရုံရှာတာ လက်ရာ သေသပ်မှုရောက ဘယ်လိုမှစိတ်တိုင်းမကျသေးလို့ အရောင်းလေး ခဏနားထားပါရစေရှင်....
စဉ်ဆက်မပြတ်အားပေးကြတဲ့ ဈေးဝယ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်... နောက်ထပ် ကလေးအဝတ်ပဲဖြစ်ဖြစ် လူကြီးအဝတ်ပဲဖြစ်ဖြစ် ရောင်းရင်လဲ ထပ်ပြီး အားပေးပါဦးနော်... Pageမှာလဲ ဗဟုသုတ ရစရာလေးတွေကို sharingလုပ်ပေးသွားမှာပါရှင်🥰

06/03/2026

✅Orderအမှာနဲ့တင်ကုန်သွားတဲ့ baby summerလက်ပြတ်ဝမ်းဆက်လေး
✅ခန့်မှန်းအသက်၃နှစ်ခွဲမှ၄နှစ်ခွဲထိရပါမယ်...
✅၃ထည်ကို ၁၈၀၀၀ကျပ်

Photos from Baby K Online Shop's post 20/02/2026

နွေရာသီရဲ့ အပူဒဏ်ကို အေးအေးလူလူ ကျော်ဖြတ်နိုင်ဖို့ စပန့် လက်တို/ဘီတို ဝမ်းဆက် လှလှလေးတွေ ရောက်ရှိလို့လာပါပြီ။ ☀️🌿
​🌸 ပေါ့ပါးလန်းဆန်း စပန့်ဝမ်းဆက်များ 🌸
​အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်ခဏသွားရင်းပဲဖြစ်ဖြစ် ဝတ်လိုက်တာနဲ့ အေးမြပြီး နေလို့ကောင်းစေမယ့် Quality အကောင်းစား စပန့်ဝမ်းဆက်လေးတွေက လျှော်ဖွတ်ရလွယ်ကူပြီး အကြိမ်ကြိမ်လျှော်လည်း အရောင်မကျပါဘူး။
💥အနဲဆုံး၂ထည်ကစယူပေးပါရှင်...
📌S size 6500 Ks (ခန့်မှန်း ၃နှစ်မှ၄နှစ်)
ရင် ၁၃ လက်မ / ဘောင်းဘီစက ၁၄ လက်မ/ဂွအကျယ် ၉လက်မ/ခါးရှည် ၁၅လက်မ

📌M size 7000 Ks (ခန့်မှန်း ၄နှစ်မှ၅နှစ်)
ရင် ၁၄ လက်မ / ဘောင်းဘီစက ၁၅.၅ လက်မ/ဂွအကျယ် ၁၀လက်မ / ခါးရှည် ၁၆လက်မ

📌L size 7500 Ks (ခန့်မှန်း ၅/၆နှစ်)
ရင် ၁၅.၅လက်မ / ဘောင်းဘီအရှည် ၁၈ လက်မ/ဂွအကျယ် ၁၁လက်မ/ခါးရှည် ၁၈လက်မ

📌Xl size 8000 Ks (ခန့်မှန်း ၇/၈/၉နှစ်)
ရင် ၁၆.၅လက်မ / ဘောင်းဘီစက ၁၉.၅ လက်မ/ဂွအကျယ် ၁၂လက်မ/ခါးရှည် ၂၀.၅လက်မ

📌2Xl size 8500 Ks (ခန့်မှန်း ၁၀/၁၁နှစ်)
ရင် ၁၇ လက်မ / ဘောင်းဘီစက ၂၀.၅လက်မ/ဂွအကျယ် ၁၃လက်မ/ခါးရှည် ၂၂လက်မ
​​မှာယူရန်: Messenger (သို့မဟုတ်) ဖုန်း [၀၉-၈၉၇၉၉၄၂၄၄]
​နေပူပူမှာ စတိုင်လ်လည်းကျ၊ အေးလည်းအေးစေဖို့ စပန့်ဝမ်းဆက်လေးတွေကို အခုပဲ ရွေးချယ်လိုက်တော့နော်! 💃✨

10/02/2026

ဝန်ထမ်းလုပ်တုန်းကမှ လကုန်ရင် ပိုက်ဆံမြင်ရသေးတယ် ဈေးရောင်းလိုက်မှ ကို ပိုက်ဆံက
လကုန်လဲမမြင် လအစလဲမတွေ့နဲ့ စိုက်တာ စိုက်တာ ဆိုတာ ကောက်စိုက်သမတောင် ငါ့လောက်မစိုက်ရဘူး တောင်ကဝင်တာ မြောက်ကိုလွှဲ မြောက်ကဝင်တာ အရှေ့ကိုလွှဲ အရပ်၈မျက်နှာက ဝင်သမျှပြန်ရင်းရတာ တခါတလေများ တနေကုန်ရောင်းပြီး လက်ထဲငွေမရှိဘူး😮‍💨တနေ့တနေ့ လှည့်ရတာ အိမ်မှာပန်ကာမလိုဘူး ငါလည်နေတာနဲ့ကို 🫠

08/02/2026

#မိဘတိုင်း ရှောင်သင့်တဲ့ ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ

မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့ စိတ်ခံစားချက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဘဝအနာဂတ်ကို သက်ရောက်မှုရှိတဲ့ စကားလုံးတွေကို သေချာရွေးချယ်ဖို့ အရေးကြီးပါတယ်။ အချို့သော စကားများဟာ ကလေးရဲ့ စိတ်ကို နာကျင်စေပြီး ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိဘတိုင်း ရှောင်သင့်တဲ့ စကားများ (ကလေး စိတ်ထိခိုက်စေနိုင်သော စကားများ) ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ "မင်းက တခြားကလေးတွေလို မတော်ဘူး"
ဒီလိုပြောခြင်းက ကလေးရဲ့ ယုံကြည်မှုကို ချိုးဖျက်ပစ်သလို ဖြစ်စေပါတယ်။ သူတို့ကို "မင်းရဲ့ အစွမ်းအစကို ငါယုံကြည်တယ်" ဆိုတဲ့ အားပေးစကားမျိုး ပြောပါ။

၂။ "ငါ့အတွက် မင်းကို ပြုစုရတာ ပင်ပန်းတယ်"
ဒီစကားက ကလေးကို အပြစ်ရှိသလို ခံစားရစေပြီး မိဘနဲ့ ကလေးကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေနိုင်တယ်။ အဲဒီအစား "မင်းနဲ့အတူရှိနေရတာ ငါပျော်တယ်" လို့ ခံစားချက်ကို ဖော်ပြပါ။

၃။ "ငါပြောတဲ့အတိုင်း လုပ်ပါ၊ ပြန်မေးမနေနဲ့"
ဒီလိုပြောခြင်းက ကလေးရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဖိနှိပ်သလို ဖြစ်စေတယ်။ "ဘာကြောင့် ဒီလိုလုပ်သင့်တယ်ထင်လဲ?" ဆိုပြီး သူတို့ရဲ့ အမြင်ကို မေးပါ။

၄။ "အရမ်းညံ့တယ်၊ ဘာမှမလုပ်တတ်ဘူး"
ဒီစကားက ကလေးကို အားငယ်စိတ်ဝင်စေပြီး စိတ်ဓာတ်ကျစေတယ်။ "မင်းကြိုးစားတာကို ငါမြင်တယ်၊ နည်းနည်းချင်းတိုးတက်မယ်" ဆိုတဲ့ အားပေးစကားကို ရွေးချယ်ပါ။

၅။ "ကြီးလာရင် ဘာကြီးဖြစ်အောင် ကြိုးစား"
ဒီလိုစကားမျိုးက ကလေးကို စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ များစေတယ်။ "မင်းဘာဖြစ်ချင်လဲ? ငါကူညီအားပေးမယ်" လို့ မေးပါ။

ကလေးတစ်ယောက်ရဲ့ စိတ်ဟာ အလွန်နုနယ်ပါတယ်။ မိဘတွေရဲ့ စကားလုံးတစ်ခွန်းက သူတို့ရဲ့ အနာဂတ်ကို ပုံဖော်နိုင်ပါတယ်။

အားပေးစကားများ ပြောပါ။

သူတို့ရဲ့ ခံစားချက်ကို နားထောင်ပါ။

အပြစ်တင်တာထက် နားလည်ပေးပါ။

"ကလေးတစ်ယောက်ရဲ့ စိတ်ကို ပျိုးထောင်ခြင်းဟာ သစ်ပင်ကို ရေလောင်းသလိုပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုက အကောင်းဆုံး အသီးတွေကို သီးစေပါတယ်။"

မိဘတိုင်း ဒီစကားတွေကို ရှောင်ပြီး ကလေးတွေရဲ့ စိတ်ကို အားဖြည့်ပေးနိုင်ပါစေ

&Cing

03/02/2026

်အခုပြထားတဲ့အ‌ရောင်ထဲကရပါဦးမယ်ရှင်....
#ကြိုက်နှစ်သက်လို့မှာယူလိုပါကviber_no.09897994244နဲ့ ေလဲမှာယူနိုင်ပါတယ်နော်
#ကျေးဇူးတင်ပါတယ်ရှင်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


48qt Northdagon
Yangon
11421