Intension Accountancy Service

Intension Accountancy Service

Share

29/06/2026

Intension Accountancy Service Limited
Our services
- External Audit
- Internal Audit
- Book-Keeping
- Tax Advisory
- DICA
- Business Valuation
- Corporate Training

08/06/2026

University of London
B.Sc (Hons) Professional Accountancy
Knowledge Sharing Part Six

၆) စာမေးပွဲစစ်ဆေးသည့်ပုံစံနှင့် အောင်မှတ်သတ်မှတ်ချက်
Coursework / Assignment (၃၀%): 16 Weeks သင်တန်းကာလ အလယ်လောက် (ဥပမာ - အပတ်စဉ် ၈ ဝန်းကျင်) မှာ VLE Poral ကနေ တင်ရမယ့် Individual Written Assignment (စာစီစာကုံး သို့မဟုတ် အစီရင်ခံစာ) ဖြစ်ပါတယ်။
ဘာတွေမေးနိုင်လဲ: လက်ရှိကမ္ဘာက ကုမ္ပဏီတစ်ခုခုရဲ့ ဘဏ္ဍာရေးအခြေအနေ သို့မဟုတ် Case Study တစ်ခုကို ပေးပြီး ဆန်းစစ်ခိုင်းတာမျိုး ဖြစ်ပါတယ်။ ဥပမာ - “အဆိုပါကုမ္ပဏီ၏ Capital Structure (အရင်းအနှီးဖွဲ့စည်းပုံ) နှင့် Dividend Policy (အမြတ်ဝေစုမူဝါဒ) တို့သည် ၎င်းတို့၏ ရှယ်ယာတန်ဖိုးအပေါ် မည်သို့သက်ရောက်မှုရှိသနည်း” ဆိုတာကို သီအိုရီတွေ၊ ရှာဖွေတွေ့ရှိချက်တွေနဲ့ ပညာရပ်ဆိုင်ရာ စာတမ်းပုံစံ ရေးခိုင်းတာပါ။ စာလုံးရေ: ပုံမှန်အားဖြင့် စာလုံးရေ ၂,၀၀၀ ဝန်းကျင် ရေးသားရလေ့ရှိပြီး စာအုပ်စာတမ်း ကိုးကားချက် (References) မဖြစ်မနေ ထည့်ရပါတယ်။
Final Online Examination (၇၀%): 16 Weeks သင်တန်းပြီးဆုံးတဲ့အခါမှာတော့ အဓိက စာမေးပွဲကြီးကို ဖြေဆိုရပါတယ်။ ဒီစာမေးပွဲဟာ ACCA လို စာစစ်ဌာန (Exam Centre) ကို သွားဖြေရတာ မဟုတ်ဘဲ အိမ်က နေကွန်ပျူတာနဲ့ ဖြေရတဲ့ Online Open-Book Exam (စာအုပ်ဖွင့်ကြည့်ခွင့်ရှိသည့် စာမေးပွဲ) စနစ် ဖြစ်ပါတယ်။ဖြေဆိုရမည့် ကြာချိန်ဟာ ပုံမှန်အားဖြင့် စာမေးပွဲမေးခွန်းစာရွက်ကို VLE ပေါ်မှာ ချပေးပြီးနောက် ၄ နာရီမှ ၂၄ နာရီအတွင်း (ကျောင်းက သတ်မှတ်တဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း) အဖြေကို Word File နဲ့ ပြန်လည်ရိုက်နှိပ်တင်ပြပေးရတဲ့စနစ် (Timed Online Assessment) ဖြစ်ပါတယ်။ မေးခွန်းပုံစံ (Question Style) ကတော့ စာအုပ်ဖွင့်ကြည့်ခွင့် ပေးထားတဲ့အတွက်ကြောင့် ACCA လို Formula ထဲ ကိန်းဂဏန်းတွေ အလွတ်သွင်းပြီး "အဖြေမှန်ထုတ်ခိုင်းတဲ့ ပုစ္ဆာတွက်သက်သက်" တွေ မမေးပါဘူး။ အလွတ်ကျက်ဖြေလို့မရ တဲ့ Scenario-based Written Questions ကိုပဲ မေးတာ ဖြစ်ပါတယ်။ ဥပမာ စာမေးပွဲမေးခွန်းပုံစံကတော့ ကုမ္ပဏီတစ်ခုက နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံမှု အကြီးစားတစ်ခုလုပ်တော့မယ့် အခြေအနေကို ပေးထားပြီး တွက်ချက်မှုအချို့ (ဥပမာ - NPV, IRR) အနည်းငယ် လုပ်ခိုင်းနိုင်သော်လည်း၊ အဓိက အမှတ်အများကြီးပေး မှာက "အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် ကြုံတွေ့ရမည့် နိုင်ငံခြားငွေလဲလှယ်နှုန်း အန္တရာယ် (Foreign Exchange Risk) ကို မည်သို့ စီမံခန့်ခွဲသင့်ကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာကို ဝေဖန်ဆန်းစစ် တင်ပြရန်" ဆိုတဲ့ Essay ပုံစံမျိုးကို ကီးဘုတ်နဲ့ ရိုက်ပြီး ဖြေဆိုရတာ ဖြစ်ပါတယ်ဗျာ။
အောင်မှတ်အတွက် အရေးကြီးဆုံးသောစည်းကမ်းချက်ကတော့
• Assignment (၃၀% တန်): ၁၀၀ မှတ်ဖိုး စစ်တဲ့အထဲမှာ အနည်းဆုံး ၅၀ မှတ် ရရပါမယ်။
• Final Exam (၇၀% တန်): ၁၀၀ မှတ်ဖိုး စစ်တဲ့အထဲမှာလည်း အနည်းဆုံး ၅၀ မှတ် သီးသန့် ရရပါမယ်။
အကယ်၍ Assignment or Final Exam တခုခုမှာ ရမှတ်က အစိတ်အပိုင်းတစ်ခုခုမှာ ၅၀ အောက် ရောက်သွားရင် ထိုဘာသာရပ်တစ်ခုလုံးကို Fail (ကျရှုံး) လို့ပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room (17), Building (2), Nar Nat Taw Road, (8) Block, Kamayut
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00